cobraOctober 7, 20101min1072
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မိကျောင်းအိုင် ရွာရှိ ကျောင်းသားစုံ ညီပွဲသို့ သွားသည့် စက်လှေတစီး ယနေ့ နံနက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူအသေ အပျောက် ရှိခဲ့ကြောင်း သတင်းရရှိသည်။ လပွတ္တာမြို့နယ် ပြင်စလူကုန်း၊ ပိတောက်ကုန်း၊ ဖလူဆိပ်နှင့် ပတဲကောရွာများရှိ အလယ်တန်းကျောင်းများမှ ဆရာ၊ ဆရာမနှင့် ကျောင်းသားများ အပါအဝင် လူ ၈ဝ ဝန်းကျင်ကို တင်ဆောင်လာသည့် စက်လှေသည် ပတဲကောရွာမှ မိကျောင်းအိုင်ရွာသို့ အထွက်တွင် တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။ “ဒီမှာ လေတွေကလည်း ပြင်းနေတာ၊ ပတဲကောရွာကအထွက်မှာ လူးပြီး မှောက်သွားတာ၊ မနက် ရ နာရီလောက်က၊ အခု လောလောဆယ် ဆယ်ထားမိတာ ၃၆ ယောက်ရှိပြီ၊ ဆရာမ […]