Shwe Zin USeptember 12, 20101min1731
ကျနော် သိပ်နေမကောင်းတာ ဒီနေ့နဲ့ ဆိုရင် ၃ရက်လောက် ရှိပြီဗျ..၊ ဒါပေမဲ့ ကျနော်က အားနာ တတ်တော့ ဘယ်သူ့မှ မပြောဘူး..၊ တော်ကြာ ကျနော် နေမကောင်းတဲ့ သတင်း ပေါက်ကြားသွားရင် ဆရာဝန်က လိမ္မော်ရည်လေး၊ စပြစ်ရည် လေးသောက်ပါ..၊ အဲဒါလေး နဲ့ တည့်ပါတယ် လို့များ ပြောလိုက်ရင် ကျနော့် ကို ချစ်သူများက လိမ္မော်တခြံ နဲ့  စပြစ်တခင်း များ လက်ဆောင် လာပေးနေရင် အခက်ဘဲ ဆိုပြီး အသာငြိမ် နေရတယ်..။ ကျနော့် တို့ စီမှာက သိပ်ချစ်တတ် သိပ်သိတတ် ကြတာကိုးဗျ..၊ မင်္ဂလာ လေးတခါ ဆောင်လိုက် ပါတယ်..၊ တိုက်တွေ၊ကားတွေ၊ စိန်တွေ ၁ဝသက်စာလောက် ဖူလုံသွားတဲ့ ရာဇဝင် တွေက […]


Shwe Zin USeptember 11, 20101min2022
ကျနော် ဒီပို့စ် မှာ ကျနော် ငယ်ငယ်က စားခဲ့တဲ့ အညာစာ လေးတွေ အကြောင်း နဲနဲ ရေးချင်ပါတယ်..၊ အညာ စာ ဖြစ်တဲ့ အပြင် တကယ့် အညာ ရွာက အညာသူ-အညာသား တွေ သိပ်ကြိုက်တဲ့.. ထမင်း သိပ် မြိန်တဲ့ ဟင်းလေး ပါဘဲ..။ ကျနော် ငယ်ငယ် က အကြောင်းတွေ ရေးတဲ့ အခါမှာ ကျနော် တို့ အိမ်က စာတော်ဖတ် မမ တွေအကြောင်း ရေးပြ ပြီးပါပြီ…၊ အဲဒီ စာတော်ဖတ် မမ တွေဟာ ကျနော် တို့ အိမ်မှာ သိပ်ပျော်ပါတယ်..၊ မေမေ ကလည်း သဘောကောင်းတော့ အိမ်မှာ နေရတာ အဆင်ပြေတော့ အားလုံး […]


Shwe Zin USeptember 10, 20101min1290
ကျနော်တို့ ပတ်ဝန်းကျင်မှာ ဘယ်လို လူမျိုးတွေ အများဆုံးရှိနေပါသလည်း၊ လူတွေကို အမျိုးအစားခွဲတဲ့ နေရာမှာ တချို့က ဒီလို ခွဲခြားကြပါတယ်တဲ့၊ နံပါတ်     (၁) အမျိုးအစားက ဉာဏ်ကောင်းပြီး တက်ကြွတဲ့သူတွေ၊ intelligent and eager ပေါ့၊ သူက အကောင်းဆုံး၊ နံပါတ်     (၂) အမျိုးအစားကတော့ ဉာဏ်ကောင်းပြီး ပျင်းတဲ့သူတွေပေါ့၊ intelligent and lazy၊ သူကလည်း ဘာပြသာနာမှ မရှိဘူး၊ နံပါတ် (၁) လောက်တော့မကောင်းဘူးပေါ့။ နံပါတ်     (၃) အမျိုးအစားကတော့ ဉာဏ်လည်း မကောင်းဘူး ပျင်းလည်းပျင်းတယ်၊dull and lazy (ဉာဏ် မကောင်းဘူး ဆိုတဲ့နေရာမှာ ရိုးရိုးဉာဏ်မကောင်း ရုံမဟုတ်ဘူး၊ ဉာဏ်မရှိတဲ့ သဘောပိုသက် ရောက်တယ်)၊ […]


bolayAugust 24, 20101min1701
စာရေးခုံပေါ်မှာ ဖရိုဖရဲတင်ထားခဲ့သော ခိုပြာရောင် ဆွယ်တာအကျီင်္က တော်မီကလေး၏ ကစဉ့်ကလျား ထင်ဟပ်နေသည်။ ခုလေးတင်ပင် သူက သူငယ်ချင်းတွေနောက်မှာ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ ခဏကြာလျှင် သူ့မိဘတွေ ကျွန်မ၏ စာသင်ခန်းသို့ ရောက်လာကြတော့မည်။ တော်မီ စာမလိုက်နိုင်တာ စည်းကမ်းပျက်တာတွေအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်၊သူတို့လင်မယားက အတူတကွ မဟုတ်ကြ။ များမကြာမီက စ၍ တစ်ယောက်နှင့် တစ်ယောက် ကင်းကွာ နေခဲ့ကြသည်။ ယခု နှစ်ယောက်လုံးကိုပင် တစ်ပြိုင်နက် ဖိတ်ထားကြောင်း သူတို့မသိကြ။ တော်မီက တစ်ဦးတည်းသောသားဖြစ်သည်။ ဟိုတုန်းက သူအလွန်ပျော်ခဲ့သည်။ အတန်းထဲမှာ စာသိပ်တော်သည်။ ဆရာ့စကားလည်း နားထောင်သည်။ ယခု တော်မီ စာညံ့လာသည် မိမိချစ်မြတ်နိုးသော မိဘနှစ်ပါး တကွဲတပြားဖြစ်ကာ၊ မကြာမီ ကွာရှင်းပြတ်စဲတော့မည့် အနေအထားရောက်နေခြင်းအတွက် ရင်ကွဲပက်လက်ဖြစ်ရရှာသော ကလေးတစ်ယောက်၏ တုံ့ပြန်ချက်တစ်ရပ်သာဖြစ်ကြောင်း […]


Mg OggaJuly 3, 20101min1913
လောကမှာ လူမိုက်ရှိသလို လူုလိမ္မာ ပညာရှိဆိုတာလဲ ရှိပါတယ်။ လူမိုက်ဆိုတာ ကောင်း၏ ဆိုး၏ကိုမသိ ကောင်းတာမလုပ် ဆိုးတာလုပ်တဲ့သူ ပညာရှိဆိုတာ ကောင်း၏ ဆိုး၏ သိပြီးကောင်းတာ လုပ်တဲ့ သူလို့ ဓမ္မအသုံးအရ ကျွန်တော်တို့ နားလည်ထားကြပါတယ်။ ဒါပေမယ့် တခါတလေတော့ လောကသဘော လက်ခံထားကြတာရယ် ဓမ္မသဘောရယ် ကွဲလွဲနေသလားလို့ကြာတော့ ခံစားမိတယ်။ ဒီလိုခံစား ဖြစ်သွားအောင် လက်တွေ့ လူမှုဘဝကြီးက ပြောနေသလိုပဲ ဒီပုံပြင်လေးက အသိဉာဏ်ပေးလို့ ဝေမျှ ဖောက်သည်ချလိုက်သဗျ။ ဟိုးတိုတိုတုန်းက ဘာပြည်ကြီးက ညာသူဌေးကြီးတစ်ဦးဆီမှာ အလုပ်လုပ်တဲ့ အခိုင်းအစေ သူဆင်းရဲ အလုပ်သမားလေး တစ်ယောက်ရှိသတဲ့ အဲဒီ သူဆင်းရဲလေးဟာ ညာသူဌေးကြီးပိုင်တဲ့ ခြံဝိုင်းထဲမှာ ရွှံ့နဲ့ ဆောက်ထားတဲ့ သက်ကယ်မိုး တဲလေးမှာနေထိုင်ရပြီး အလွန်ဆင်းရဲလှသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲဒီအလုပ်သမားရဲ့တဲအနားကို ပညာရှိဆိုသူတစ်ဦး […]


manawphyulayMay 20, 20101min1110
သင့်ရဲ့လုပ်ရပ်တွေရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့ ကိုယ့်ရဲ့အပြုအမူ အနည်းငယ်နဲ့ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပစ်နိုက်ပါတယ်။ပိုကောင်းဖို့ဖြစ်စေ၊ ပိုဆိုးဖို့ဖြစ်စေပေါ့။ကျွန်မတို့အားလုံးရဲ့ဘဝတွေဟာ တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိနေကြပါတယ်။သူငယ်ချင်းတွေက နတ်တမန်တော်တွေပါပဲ။ကျွန်မတို့ရဲ့ အတောင်ပံတွေက ဘယ်လိုပျံသန်းရမယ်ဆိုတာကို မေ့လျော့သွားချိန်မှာ သူတို့က ကျွန်မတို့ကို အထက်ကို မြင့်တက်သွားနိုင်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ဒီမှာ အဆုံးအစတွေရယ်လို့ ရှိမှာ မဟုတ်ပါဘူးသူငယ်ချင်ကောင်းဆိုတာ ကိုယ့်ဘဝအတွက် အမြဲတမ်း အဖော်မွန်ပါ။ ကောက်းတူဆိုးဖက် ဝေမျှခံစားတတ်ကြပါတယ်။မနေ့ဆိုတာက သမိုင်းတစ်ခု ဖြစ်သွားခဲ့ပါပြီ။မနက်ဖြန်ဆိုတာက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေပါတယ်။ဒီနေ့ကသာ အကောင်းဆုံး လက်ဆောင်တစ်ခုလို့ ကျွန်မ ယူဆမိပါတယ်။


manawphyulayMay 11, 20101min2163
၁. ၅. ၂၀၁ဝ ရက်နေ့ မေဒေးနေ့ အလုပ်ပိတ်ရက်ဖြစ်ပေမယ့် အပြင်ထွက်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ဘယ်ကိုသွားလဲဆိုတော့ မနက်ပိုင်း အိမ်တက်ဖိတ်တဲ့ဆီကို အရင်ဝင်ပြီးနောက် အင်ဂျင်နီယာဖိုရမ်ရဲ့ ၂ နှစ်ပြည့် ကုသိုလ်လုပ်မယ်လို့ ဖုန်းဆက်လာတဲ့အတွက် ဘယ်မှာလှူမှာလဲ မေးတော့ နာရေးကူညီမှုအသင်းမှာ လူမှာဖြစ်တဲ့အတွက် မြောက်ဥက္ကလာအဝိုင်းထိပ်က မဟာနွေမှာ လူစုမယ် အရောက်လာခဲ့ပါလို့ အသင်းက မောင်ပုရှ်လေးက ပြောတဲ့အတွက် သွားရောက်ခဲ့ပါတယ်။ အချိန်က ၁၁ နာရီဆိုလို့ အမှီသွားတော့ လူစုံနေတာနဲ့ ခဏနေတော့ နာရေးကူညီမှုအသင်းတည်ရှိရာနေရာကို ရောက်ရှိခဲ့ပါတယ်။ အဲ နောက် အလှူငွေကို လက်ခံမယ့် ဦးကျော်သူက စာရေးပြီး လက်မှတ်ကိုလည်း တစ်ခါထဲလက်ခံပါတယ်။ နောက် နာရေးကူညီမှုအပြင် သုခကုသိုလ်ဆိုတဲ့ ဆေးခန်းလည်း ဖွင့်လှစ်ထားရှိတာကို တွေ့ရှိခဲ့ပါတယ်။ နောက် ဆေးခန်းတွေ လိုက်လံပြသပေးပါတယ်။ နောက် […]


manawphyulayMay 11, 20101min30813
ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။ အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Technical Level မှာ Programmer/Software Developer Systems Analyst/Analyst Programmer Web Developer/Multimedia Specialist Database Administrator Network Technician/Network Administrator Systems Technician/System Administrator […]


manawphyulayMay 11, 20101min2003
လူဆိုတာ ကိုယ့်ကိုယ်ပိုင် သီးသန့်ကိုယ်ရည်ကိုယ်သွေးများကို ငါကွလို့ ပြလိုက်ရရင် အလွန်ပျော်တတ်တာပါပဲ။ တခြားနာမည်ကြီးတွေကို လိုက်လုပ်တာမျိုးမှ မဟုတ်တာကိုး။ ဒီလိုပါပဲ ယောက်ျားဆိုရင် မာမာထန်ထန်ဖြစ်ရမယ်။ မိန်းမကတော့ ပျော့နဲ့နဲ့လို့ အဲလို ဘောင်ခတ်ထားဖို့လည်း မလိုပါဘူး။ ဥပမာ မြင်ယောင်ကြည့်လိုက်။ အသုဘလိုက်ပို့ဖူးတယ်မဟုတ်လား။ မိန်းမတွေ ငိုနေ၊ ယောက်ျားတွေကတော့ မာတင်းတင်းမျက်နှာပေးတွေနဲ့လေ။ ယောက်ျားပဲကွာ ခံစားမှုကို ဘယ်ထုတ်ဖော်လို့ကောင်းမလဲ။ မိန်းမက ခံစားရသမျှ ဖော်ပြရတာချည်းပဲ။ အဲသလို သဘာဝလောကက သမားရိုးကျ မျှော်လင့်ထားကြတဲ့အတိုင်း နေကြရတာပဲ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက လူတိုင်း လူတိုင်း မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီနိုင်တာပါပဲ။ အော်ငိုချင်ပေမယ့် ကိုယ့်ကို်ယ်ကိုယ် အတင်းချုပ်ထားရတဲ့ ယောက်ျားဟာ တကယ်တော့ မာလှသူမှမဟုတ်တာ။ သူက အများ မျှော်လင့်ချက်နဲ့ကိုယ်အောင် ဟန်ဆောင်ထားသူပဲ။ အဲ မိန်းမတွေလည်း ဒီအတိုင်းပဲပေါ့။ […]


naymoneMarch 27, 20101min1350
ညနက်ပိုင်းရဲ့ လဟာအိုကြီးအိုမရဲ့ပါးရေလိုတိမ်တွေကြားမှာ မျက်နှာသေလေးနဲ့သိမ်ငယ်နေရှာတယ်။တိမ်တွေဟာဘယ်လောက်တောင်မဲမှောင်ရှူံ့တွနေသလဲဆိုတော့ ဆန်းဒေရဲ့တိမ်ပြာပြာတွေကသူတို့မဖြစ်ခဲ့ဖူးသလိုပဲ။ လ ကမျက်နှာငယ်ညိုမှိုင်းနေ သလို ကျွန်တော်ကလည်းချစ်သူကိုလွမ်းတယ်။ဘယ်ကချစ်သူကိုလွမ်းတယ်ဆိုတာထက်လွမ်း တယ် ချစ်သူကိုလွမ်းတယ်ဗျာ။ဘယ်သူမှမယုံကြည်ချင်နေပါစေ။ကျွန်တော်ယုံ တယ်ဗျာ။နှစ်ချို့အရက်တွေကြောင့်ဒီအက္ခရာတွေထွက်ကျလာတယ်ဆိုရင်ကျွန်တော်ကိုကျွန် တော်သစ္စာဖေါက်ခြင်းပေါ့။ကျွန်တော်သေချာပါတယ် ချစ်သူကိုလွမ်းတယ်။ကျွန်တော်မမှိလိုက် တဲ့ မိုးဝေမဂဇ္ဇင်းကိုလည်းလွမ်းတယ်။ လာမဲ့မနက်ခင်းကိုလည်းလွမ်းတယ်။ ပင်ပင်ပန်းပန်းနဲ့လွမ်းတဲ့အလွမ်းကလည်း ကိုယ်ကိုကိုယ်သာဆွဲချသွားတယ်။ ပျော်အောင်တော့သိပ်မသွားခဲ့ဘူးဗျာ။ ဒုက္ခကိုဆေးဆိုးရအောင်ဒုက္ခဆိုတာအရောင်ဖြူတွေနဲ့လာတက်ပါသလား။ ကျွန်တော်ရဲ့ဒုက္ခများသည်မည်သည့်အရောင်တွေနှင့်လာမှန်းမသိသောကြောင့် မျက်စေ့မှိတ်ပြီးသာနေလိုက်တော့သည်။ ဘာမှန်ကိုသေသေချာချာရေရေရာရာမသိလိုက် ကျွန်တော်တွင်မျှဝေခံစားစေချင်သောဆန္ဒအမှန်ပင်မရှိခဲ့ပါ။သိရုံသာသိစေချင်သည်။ ကျွန်တော်ခါးစောင်းတင်ထားလို့ကမ္ဘာကြီးစောင်းနေသလား။ဝင်ရိုးပေါ်မှာစောင်းနေသလားဆိုတာ လူတိုင်းသိတယ်။ ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည်ကိုလူတိုင်းအပြည့်သုံးနိုင်ပါသလား။ ကျွန်တော်မဖြေနိုင် ပါ။ ထိုသို့ ကျွန်တော်မဖြေနိုင်သောမေးခွန်းများ၊ အနှောင့်အသွားမလွတ်သောမေးခွန်များစွာ ရှိသည်။စိတ်ထဲတွင်ဖြေရင်းစိတ်တိုင်းမကျလို့ဘယ်သူမှအသိမပေးပဲထားလိုက်တော့တယ်။ သိလိုရှိသလား ရှိလို့သိသလားဆိုတာတွေကို ဘယ်တော့မှ ကိုယ့်ကိုလည်းမမေးခဲ့ပါ။ မဖြစ်မနေမေးလို့မဖြစ်မနေဖြေရမယ်ဆိုရင်တော့ ရှိလိုသိလို့ရှိတယ် သိလို့ရှိလို့သိတယ်ပေါဗျာ အမှန်တိုင်းပြောတာပဲလေ။အသုံးမဝင်ရှင်းမရတဲ့ပြဿနာတွေနဲ့အမှောင်ခေတ်မှာအချိန်ကုန် ချင်လို့လားဗျာ ထားလိုက်ပါ။ ခင်ဗျာအတွက်နာမဝိသေသနတစ်ခုရှာပေးထားတယ် လူနှင့်တူသော နေမုန်း