moesatrainMay 27, 20101min891
လူ ၃၀၀၀ဝ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ပျမ်းမျှအားဖြင့် ဗြိတိသျအမျိုးသားများသည် တစ်နေ့လျှင် မုသားစကားသုံးခွန်း ပြောကြားလေ့ရှိပြီး တစ်နှစ်လျှင် စုစုပေါင်းမုသားစကား ၁၀၈၂ ခွန်းအထိ ပြောကြားကြကြောင်း စစ်တမ်းက ဖော်ပြသည်။အမျိုးသမီးများမှာမူ ယေဘုယျအားဖြင့်တစ်နေ့လျှင် မုသားစကား နှစ်ခွန်းပြောကြားလေ့ရှိပြီး တစ်နှစ်လျှင်ပျမ်းမျ ၇၂၈ ခွန်း ပြောကြားလေ့ရှိကြောင်း သိရသည်။ မိမိ၏ကြင်ဖက်ကို လိမ်လည်မှု၌ အမျိုးသားများက အမျိုးသမီးတို့ကို အများဆုံးလိမ်လည်သည့်ကိစ္စမှာ အရက်သောက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ”ငါအများကြီးမသောက်ခဲ့ပါဘူး”ဟူသော စကားမှာ အသုံးအများဆုံးမုသားဖြစ်သည်ဟု ဆိုသည်။ အမျိုးသမီးများက အမျိုးသားများကို အများဆုံးလိမ်လည်သည့် ကိစ္စမှာ မိမိတို့၏ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားလိုသောကြောင့် ”ဘာမှမဖြစ်ပါဘူး။ရပါတယ်”ဟူသည့် စကားဖြစ်သည်။ အမျိုးသားများရော၊အမျိုးသမီးများပါ အများဆုံးပြောသည့် မုသားများထဲတွင် နံပါတ် ၁ဝ ချိတ်သည့်စကားမှာ ”အမြဲလိုချင်ခဲ့တာ အဲဒါပဲလေ”ဆိုသည့် စကားဖြစ်သည်ဟု သိရသည်။တစ်ယောက်က တစ်ယောက်ကို လက်ဆောင်ဝယ်ပေးသည့် […]