အနာဂတ်တစ်ခုမှာ… ကျွန်တော့်အကြောင်းမှတ်တမ်းတစ်ပုဒ်များရေးခြစ်မိမယ်ဆိုရင်….။ ဖြတ်နင်းခဲ့တဲ့လည်ပင်းတွေထက် အိမ်ဆောက်လုပ်ပေးခဲ့တဲ့လက်တွေ အကြောင်းပါပါစေ။ ဘဝတစ်လျှောက်လုံးလောင်းသွင်းခဲ့တဲ့ အရက်တွေထက်… ငါ ဖြူစင်စွာ လှူဒါန်းခဲ့ဖူးတဲ့ ပုံရိပ်များပါပါစေ။ လက်ထဲမှာပွင့်ချပ်တွေဆုပ်ပြဲသွားတဲ့ ဖူးငုံပွင့်ပန်းတွေထက် ငါစိုက် ခဲ့တဲ့ သစ်ပင်တွေရင့်မှည့်နေပုံအကြောင်းပါပါစေ။ သားသမီးဝတ်အင် ငါးဖြာကို အရွယ်လွန်ချိန်အထိ အလွတ်မရသေးတာထက်…. အဖေ့ခြေထောက်ကို တစ်ခါနင်းနိုပ်ပေးခဲ့ဖူးတာပါပါစေ..။ KTV မှာ ညလုံးပေါက် သီဆိုစားသုံးခဲ့တာထက် ဘုရားအရိပ်အောက်မှာ ဝတ်ပြုခဲ့ဖူးတဲ့ အကြိမ်အရေအတွက်တို့ပါပါစေ။ ဟစ်တလာ၊ မူဆိုလီနင်၊ ဝံပုလွေ လာဆင်၊ နတ်ရှင်နောင် တို့ရဲ့တစ်စိတ်တစ်ဒေသတွေကို အားကျဖူးတာတွေထက် လင်ကွန်း၊ မာသာထရီဇာ၊ပေါ်လီယာနာ၊ မာတင်လူသာကင်း တို့အကြောင်းအိပ်မက်မက်ခဲ့ဖူးတာပါပါစေ။ နိဂုံးပိုင်းမှာ…နောင်တ..ဆိုတဲ့ စာသားလေးဆွဲထားတဲ့ငါ့ဓာတ်ပုံ ရယ်။ မီးရှို့ခံခဲ့ရတဲ့ ငါ့ယူနီဖောင်းရယ်။…..နောက် ဒီကဗျာကိုရေးလို့အပြီးမှာ ငါ့ကိုယ် ငါသတ်သေသွားကြောင်းပါပါစေ။ (ဘာရယ်တော့ မဟုတ်ဘူး အရင်တုန်းက စိတ်အချဉ်ပေါက်ပေါက်နဲ့ ရေးထားတာလေး ပြန်တွေ့လို့…)