အာဂJune 17, 20131min1705
ဘဝဆိုတာ စိတ်ကူးနဲ့ရေးလို့မရတဲ့ ပန်းချီကားတစ်ချပ်လိုပဲ….။ ကံဆရာ ဇာတ်ညွှန်းမှာ ဘယ်သူမှန်းမသိတဲ့ ဒါရိုက်တာအောက် အသက်ဝင်အောင် သရုပ်ဆောင်ရမယ့် …မင်းသား။ ငိုခန်းတွေ ပါမယ် ရယ်ခန်းတွေ ပါမယ် ချမ်းသာမှု၊ ပြည်စုံမှုတွေပါမယ်။ ဆင်းရဲမှု၊ လိုအပ်မှုတွေပါမယ်။ အခုသေချာတာက ဘဝဆိုတာ ငယ်ငယ်ကလို ကျောက်သင်ပုန်းပေါ်မှာ ဆရာမ ချရေးပြသလို ဘကုန်းနဲ့ ဝ ဟာ သိပ်မရိုးရှင်းတော့တာကတော့ သေချာတယ်။ သမိုင်းအဆက်ဆက် ငါ့တို့ ဆိုငြီးတဲ့ တေးသွားက ဘဝ ကလာတယ်။


အာဂJune 15, 20131min2257
အသက် ၅ဝ ကျော် အထိ အဖေကတော့ ဘဝ အကြောင်းပြောလို့ကောင်းတုန်း ကျွန်တော် က၂၄ နှစ် ဘဝ အကြောင်း ဘယ်အထိပြောရဦးမလဲ..။ ပန်းကလေးတွေ ဖူး…ပွင့်….ဝေ…ကြွေ သွားတာဘဝလား…။ ကျွန်ုပ်တို့ရဲ့ ရည်မှန်းရာဘဝများက ဘာပါလဲ..။ အကောင်းစားကားနဲ့ အကောင်း စားဖုန်း တစ်လုံး ဟာ လူသားတစ်ဦးရဲ့ ဘဝလား..။ ဆန့်ကျင်ဘက် လိင် တစ်ယောက်ရဲ့ ချစ်ခြင်းဟာလည်း ဘဝ လား..။ ကလေးတစ်ယောက်ရဲ့ လိုချင်မှု ငိုငြီးသံက ဘဝလား..။ အာဏာပင်ထက် အသီးအပွင့် ဝေစေနိုင်တာကရော ဘဝများလား..။ ငါလိုချင်တဲ့ ဘဝကရော ဘယ်လိုဘဝ မျိုးလဲ သေချာတာကတော့……….။


အာဂJanuary 30, 20131min1735
ကမ္ဘာ အသေးအမွားများနဲ့ ရက်လုပ်ထားခြင်းအရာ။ နူးကလီးယား ဗုံးတစ်လုံး တိုက်ချင်းပစ်ဒုံးပျံ တစ်စင်း ဖန်းဆင်းမှုတွေထက် ရေနစ်သူကို ဝါးကူထိုးပေးတဲ့လက်များအကြောင်း ဘယ်သူ့ရဲ့ဘောပင်က မင်အကုန်ခံပြီးရေးမလဲ…။ ၁၉၁၄ ခုနှစ်မှ မူပိုင်ခွင့်တင်တဲ့ ဘရာစီယာ၊ဖောက်တံမလိုတဲ့ ဘီယာဘူး၊ အိပ်ဆောင် ဂဏာန်းပေါင်းစက်၊အကြွေးဝယ် ကတ်ပြား သန္ဓေတာဆေး၊ဆံပင်ဖြောင့်ဆေး၊ ၁၉၃ဝခုနှစ်မှ လူလုံးထုတ်ပြတဲ့ တီရှုပ်အကျင်္ ီ။ ၁၈၉၃ ခုနှစ် ချီကာကို အင်ဂျင်နီယာရဲ့ ဇစ်တွေက ကြယ်သီးတွေကို လွှမ်းမိုးသွားပုံအကြောင်း ဘယ်ခံတွင်းက ရေးကြီးခွင်ကျယ် ချီမွမ်းမလဲ၊ ဘီယာဘူးတွေကို ဖောက်တံမလိုပဲ အသင့်သောက်လို့ရနေတဲ့လူအဖို့ မူးယစ်ခြင်းတစ်ဝက်နဲ့နှုတ်ခမ်းပေါ်မှာ အဆီတွေဝေ့နေပါလိမ့်မယ်။ သူများ ဖောက်ပေးမှ ဖွင့်ခွင့်ရမယ့် လူများအဖို့ကတော့ ဖောက်တံဆိုတဲ့ ကံကြမ္မာဟာအနည်ထိုင်ကောင်းထိုင်နေပါလိမ့်မယ်။ ဘဝဟာ လိုချင်မှုတွေ ကို ဇစ်နဲ့ အထပ်ထပ်ပိတ်ထားရသလို အသိတစ်ယောက်ဖောက်ပေးမယ့် မဲတစ် မဲလိုအပ်နေတာလည်းအမှန်ပဲ။ အာဂ


အာဂNovember 10, 20121min32813
ဒုက္ခကို ခါးထစ်ခွင် ချီပိုး ဟိုနား….။ ဒီနား…..။ ရောက် နိုးနိုး နှင့်……..။ နွယ်လို ပတ်တဲ့ “သောက” ခင်ဗျား အမြန်ပြန်စမ်းလို့ ပြောမရသေးခင်….။ လောကဓံ က အုံလိုက် ကျင်းလိုက် ရိုက်နှက် ကျသတဲ့..။ ဘဝများ…..ပြောပါတယ်။ တစ်ချက်တည်း ကျင်းဝင်သလို… ဘယ်တော့ များမှ သတင်းစာထဲပါမလဲ…။ အာဂ


အာဂAugust 1, 20121min104641
ကဒ်(၁) နှလုံးသား ခြေတစ်လှမ်းအတိုးမှာ လှုပ်မရအောင် ရစ်ပတ်ထားတာ….နွယ်ပင် ကဒ်(၂) လူတိုင်း တစ်နေရာရာ တစ်ချိန်ချိန် တစ်စုံတစ်ယောက်ကြောင့် အရစ်ပတ်ခံခဲ့ရမှာပဲ။ မိဘက သားသမီးကို သံယောဇဉ်နဲ့ တစိမ်းတစ်ယောက်က တစိမ်းတစ်ယောက်ကို သံယောဇဉ်နဲ့ နေ့စဉ်နဲ အမျှ ကမ္ဘာပေါ်ကရစ်ပတ်မှုများ။ ကဒ်(၃) ကျွန်တော်က သူမ ကို သူမက ကျွန်တော်ကို ချစ်ခြင်းများဖြင့်……။ ကဒ်(၄) မွေးကတည်းကနေ မသိခဲ့တဲ့ လက်နှစ်ချောင်း ၁ဝ စုနှစ်တစ်ခုကျော်မှ ဆုပ်ကိုင်မိချိန် နွယ်ပင် ကဒ်(၅) ချစ်ခြင်းရဲ့ အကြီးအကျယ်အမြစ်တွယ်ခြင်းမှ စလို့ နှစ်ယောက်သား ရစ်ပတ်လိုက်ကြ ကိုယ့်အတွက်…. ပင်ပင်ပန်းပန်း ချက်ထားတဲ့ သူမ ကိုယ်သင်းနံ့လေးက အိပ်ယာဝင် ပုံပြင်တိုင်းမွှေးလို့ အို……………… သည်း..။ မောင်…။ ဖေကြီး…။ မေကြီး…။ အဘိုး..။ အဘွား…။ […]


အာဂJune 19, 20121min60321
ကျွန်တော်က စိတ်ကူူးက တောင်ပေါ် လက်တွေ့က မြေပြန့်နဲ့ အဓိပ္ပာယ်မရှိတဲ့ ကောင် ဖြစ်နိုင်ရင် ချစ်သူလောင်းရိပ်အောက်မှာပဲ ရှင်သန်နေချင်သူ မီးဆိုတာ ဒီလိုမြန်မြန်လောင်မယ်လို့ မထင်ပေမဲ့ ကျွမ်းလောင်မှန်းသိရတဲ့အခါ ရလာတာက ပြာ တွေပဲလေ..။ ကျွန်တော်ပိုင်ဆိုင်တာက နာကျင်တယ်ဆိုတဲ့ ခံစားမှုတစ်ခုပဲ..။ ကျွန်တော်အဝေးက ကြယ်တွေ ကြွေတုန်းက ဟားတိုက်ရယ်နိုင်ပေမဲ့ အခု ကျွန်တော် နှလုံးသား ကြွေတဲ့အခါ ဘယ်သူများ ရယ်ကြမလဲလို့ စိုးထိတ်


အာဂJune 18, 20121min87234
မနက်…. မျက်နှာကို သစ် စိတ်ကတော့ အသစ်မဖြစ်နိုင် ပြဿနာတွေနဲ့….။ အဖေကရေးတဲ့ ပုစာ္ဆ မိသားစု အတိဒုက္ခတွေကြား အဖြေမှား….ပြဿနာတွေနဲ့…။ အမေ..မေတ္တာစုပ်ချက်တွေကြား သူရေးတဲ့ မိသားစု ပန်းချီကား လှမှလှပမလား ဗျာပါက ဆေးရောင်စုံကြား ပြဿနာတွေနဲ့….။ အချစ်ဆိုတဲ့ တံခါးကိုခေါက်ဖို့ လှေကားထစ် တွေလိုတယ်။ လှေကားထစ် တွေမဆောက်နိုင်တဲ့..ဘဝ ပြဿနာတွေ နဲ့…။ ည မိုးချူပ် ခြေထောက်ကိုဆေး သန့်ရှင်းစွာ အိပ်စက်ခဲ့ပေမဲ့…။ အိပ်မက်တွေထဲ… ပြဿနာတွေနဲ့ ခင်ဗျား တို့ရော… မမေးတော့ ပါဘူး ကျွန်တော် ပဲ ဖြေလိုက်မယ်.. ပြဿနာတွေနဲ့……..။


အာဂApril 28, 20121min49020
ဝေလေလေ ခေါင်းလောင်း အသံထွက်မြည်အောင် ရိုက်နှက်ဖို့…. တူ မရှိသေးဘူး။ အလုပ်လက်မဲ့ဆိုတာ တစ်နေ့စာ ထမင်းတစ်နပ် ကျပျောက်သွားသလိုပဲ ကျပျောက်တဲ့နေ့တွေ ထပ်တလဲလဲ ဆိုရင်တော့ တန်းဖိုးက ငရဲပဲ။ ဘေးနားမှာ အိပ်ပျော်နေသူအတွက် အိပ်မက်လှလှ ရှိချင်ရှိနိုင်တယ်။ မနက်ဖြန်ဆိုတာကို တွေးကြောက်ရွံသူအဖို့ ညတွေကို သတ်ပစ်နေသူလို မအိပ်ဘဲ နေတာပိုကောင်းမယ်။ ဖြေသိမ့်စရာတစ်ခုက သူတောင်းစားမှာတောင် တောင်းတဲ့အလုပ်တစ်ခုရှိနေသေးတာပဲ။ အာဂ


အာဂJanuary 15, 20121min1532
မေးခွန်း ၁ ။ ခင်များရေလောင်းထားတဲ့ ပန်းတွေပွင့်ပြီဆို….. မေးခွန်း ၂ ။ ခင်များတိုင်းတာတဲ့ပေတံထက် ခင်များက ပိုမြင့်နေသလား ….. မေးခွန်း ၃ ။ အခုလို လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့အခါ ခင်များခံစားချက်က ….. မေးခွန်း ၄ ။ ခင်များမျက်ရည်မကျဘူးဆိုတော့ သူမမျက်ရည် တစ်စက်ကျရင် ဘယ်လောက်တန်ကြေးရှိလဲ …. မေးခွန်း ၅ ။ ဟားဟားလို့ ခင်များရယ်ပြလိုက်ရင် ရယ်နေတဲ့လူတွေကြားထဲ ငိုရီနေတဲ့ လူတွေအပေါ် ခင်များ ဘယ်လိုခံစားပါသလဲ ….. မေးခွန်း ၆ ။ ခင်များက ဟစ်တလာမဟုတ်ဘူး ဟစ်တလာက ခင်များလို့ပြောရင် ဘာကြောင့်ရယ်နေတာလဲ ….. မေးခွန်း ရ ။ ခင်များလက်ညှိုးညွှန်ရာ ရွှေဖြစ်တယ်လို့ လူတွေက ပြောကြတယ် […]


အာဂAugust 18, 20111min1946
အတောင်ပံတပ်ထားတဲ့ နတ်ဆိုးက ငါ့…အခန်းဝရှေ့ ဘာကြောင့် ခဏခဏ လာရပ်ပြသလဲ။ စကားလုံးတွေ၊ ငွေတွေ…. ဂေါ်လီလို လိမ့်လိမ့်ဆင်းသွားကြ ။ ခေတ်ကာလ မျက်ရည်တွေထဲ ငါ့ မျက်ရည်စက်များ အောက်ကျနောက်ကျ နိုင်လွန်းလှပ။ ငွေကြေးနဲ့ထွန်ယက်လို့မရနိုင်ဘူးထင်သမျှ ငွေကြေးနဲ့ပဲဝယ်ယူ ထွန်ယက် စိုက်ပျိုးသူတွေက စိုက်ပျိုးကြ..။ ခေတ်သစ်ဈေးဗန်းထဲ အရောင်းအဝယ်မဖြစ်တာ စာရိတ္တ ပဲလို့ ကဗျာဆရာက ရေးရင် အရူးလို့ပဲထင်ချင်ကြ…။ ငါ့မှာက… တောအုပ်ထဲညဖက် မြင်းထွက်ထွက်စီးနေသလို ဘဝနဲ့ ခဏခဏ ခလုတ်တိုက်တဲ့နေ့တွေများလှ။ လ ကုန်တိုင်း မက်မိတဲ့ အိပ်မက် ငါ့…အိတ်ကပ်လေးက ဆာလောင်လွန်းလို့ငိုနေရောတဲ့..။ ဘာမှမရှိတာထက် စာရင် ငါ့မှာ လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ် လွင့်လွင့် ထွက်သွားမှာစိုးလို့….။ စုပ်ကိုင်ထားရတာ မောလှတယ်။


အာဂAugust 12, 20111min46216
ကျွန်တော်က… ဘဝကို ကင်းမြီးကောက်ထောင်ပြရင် ခင်ဗျားတို့ ရယ်မှာလား..။ ဘဝက အစင်းစင်းသောဓါးတွေ ကျွန်တော့် ပါးစပ်ထဲ သွင်းပြရင် ခင်ဗျားတို့ အံဩကြပြမှာလား။ လောကဓံ ကြိုးတန်းပေါ် ကျွန်တော်က လျောက်နေဆဲ..။ “ဟက်ချလောင်း” ဆိုတာနဲ့ စိန်..ရွှေ..ငွေ..ဂုဏ် တွေ ဖန်ဆင်းနိုင်သူတွေထဲ.. ကျွန်တော်က အမည်းရောင်ပုဝါကြားက ရိုး သား မှု ကိုထုတ်ပြရမလား..။ လက်ခုတ်ဩဘာတီးပါ။ ခင်ဗျားတို့ လိုချင်တာ ဒါမဟုတ်လောက်ဘူး။ ဇာတ်ခုံပေါ် ကျွန်တော့် ခန္ဓာတင် အဖြူရောင် ဓါးတစ်စင်းနဲ့ ငါ့ ရင်ဝ တိတိ ထိုးစိုက်ချလိုက် ပန်းထွက်လာတဲ့ အမှန်တရား ခင်ဗျားတို့ မျက်နှာ မပေစွန်းခင် အမြန်သုတ်ချ..။


အာဂJune 4, 20111min32615
မယုံမရှိနဲ့ တကယ်ရှိ ကမ္ဘာက နေကို ပတ်နေတဲ့အကြောင်း ပြောခဲ့တဲ့ ဂယ်လီလီယို (၉) နှစ်ကြာထောင်နန်းစံ အမှန်တရားအတွက်အသက်ပေးသွားခဲ့ … မယုံ မရှိနဲ့ ကိုယ့်လူ ဒါတကယ်…။ အဆိပ်သောက်ပြီး သေးဆုံးခဲ့တဲ့ ဆော့စ်ကရေးတီး မင်းလဲ ကြားဖူးမှာပါ…. သူ့က အမှန်တရားရဲ့ ကျောက်ဆောင်ပဲ..။ ဆိုကျပါစို့ မင်းရင်ထဲ ရေးတဲ့ သီချင်း မင်း အပြင်မှာ လွတ်လပ်လပ်ဆိုခွင့် မရှိဘူး။ မင်းရေး တဲ့ ကဗျာ မင်း ရွတ်ခွင့်မရှိဘူး..။ မင်းပြောမယ့် စကား ပြောခွင့် မရှိဘူးဆိုရင်.. မင်းဟာ ကျွန်စနစ် ပြီးတဲ့နောက်ခေတ်မှာ မင်းဟာလွတ်လပ်သူလို့ဆိုနိုင်ပါ့မလား။ မင်းက ဖယောင်းတိုင် မင်း အလင်းတွေ လူမမြင်အောင် ဖုံးအုပ်ထားခြင်းခံရရင် မင်းက ဖယောင်းတိုင် ပီသပါ့မလား…. မင်းစဉ်းစား………………. မယုံမရှိနဲ့ […]


အာဂJune 4, 20111min1241
ဘာတွေများ မျှော်လင့် ချည်းကပ်ချင်သလဲ လူရယ်လို့ စတင် စီးဆင်းချိန်မှာပဲတို့ဟာ စိုက်ပျိုးသူလား၊ အစိုက်ပျိုုးခံသစ်ပင်လား ဝေတေ..ဝါးတား..ပဲ..။ ကိုယ်ပိုင်အချိန်တစ်ချို့တစ်ပါးသူလက်ထဲ ထိုးရောင်းနေခြင်းက ကိုယ်စိတ် ဝိညာဉ် ကို ကိုယ့်ဓားနဲကိုထိုးလို့ အများသူ ငါ အကောင်းပြောဖို့တစ်စက်စက်ကျနေတဲ့ ဆန္ဒရင်းစွဲတွေစတေးခဲ့ရတာ မျှော်လင့်ချက်အတွက်လား…။ ၂၁ရာစုရဲ့ မျှော်လင့်ချက်အလုံးစုံနီးပါကို ငွေကြေးက သိမ်းပိုက်ထားတာကြာလှပြီ….. …..ပညာကို အကြောင်းပြပြီး ငွေရှာတယ်.။ …..ဝါသနာကို ဆိုင်းဘုတ်တင်ပြီး ငွေရှာတယ်။ …..ထွက်ဆိုချက်ကောင်းကောင်းနဲ့ “အချစ်” လို့ဗန်းပြပြီး ခန္ဓာချမ်းသာမှုကို ရှာတယ်။ ……ရည်ရွယ်ချက် …….တာဝန်. ……သနိ္နဌာန်.. .စသဖြင့်….ခေါင်းစဉ်လှလှတွေ ပြပြီး ဒင်္ဂါးပြားတွေက မျှော်လင့်ချက်ပုံတွေ နဲ့ချည်းပြည့်လို့…. ကိုယ့်ကိုယ့်ကိုယ် မေးငေါမေးမိတယ်. .မင်း မျှော်လင့်ချက်ကရော…ငွေနဲ့ကင်းရဲ့လား အဖြေတချို့ကတော့….အခုထိ ဝေဝါးမှုန်ရီ..နေဆဲ…။