naywoon niAugust 2, 20121min25711
ခိုအိမ်လို ရှည်မျောမျောထဲကနေ လောကကြီးကိုချောင်းကြည့်ရင်း ပွဲတော်ရက်တွေရောက်ခါမှ အဝတ်သစ် အစားသစ်တွေနဲ့ လမ်းသလားနေကြတဲ့ ဆရာအောင်ချိမ့်ရဲ့ရပ်ကွက်ထဲက ခိုကလေးတွေရေ………….. မင်းတို့လေးတွေ ဒီနေ့လွတ်လပ်ကြတယ်ပေါ့….။ ဟုတ်လား….. တစ်နေ့ တစ်ထောင်စားခိုကလေးတွေ တစ်နေ့တစ်ထောင့်ငါးရာစားခိုလေးတွေ တစ်နေ့နှစ်ထောင်စားခိုလေးတွေ တစ်နေကုန်လို့မှ တစ်ပြားမှ မစားရတဲ့ အလုပ်လက်မဲ့ခိုလေးတွေ … ရေ………… မနက်ဖြန်ရောက်ရင် မင်းတို့လေးတွေ ခိုလိုညည်း ခိုဘဝပြန်ရောက်ရဦးမယ်… နောက်ထပ် ပွဲတော် မရောက်ခင်ထိပေါ့….။ ဒီကနေတော့ ပန်းခူးသွားမလား ဓါတ်ရှင်ကြည့်မလား လမ်းမပေါ်မှာပဲ လမ်းသလားနေကြမလား လွတ်လွတ်လပ်လပ်ပေါ့ကွယ်….။ နေဝန်းနီ


naywoon niJuly 22, 20121min28911
ကြိုးတန်းပေါ် လမ်းလျှောက်တဲ့သူတွေကိုကြည့်ပြီး ငါတို့ မှာ ထိတ်လန့် အံ့ဩ ငေးမော………………။ လက်တွေ့ ……… ကံကြမ္မာ ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့ ငါတို့ကိုယ်တိုင်တော့ ဘယ်သူတစ်ယောက်ကမှ ကိုယ့်ကိုကိုယ် မထိတ်လန့် …… မ, အံ့ဩ ……….. မ,ငေးမောကြပေဘူးပဲ…..။ နေဝန်းနီ