Ko chogyiMarch 19, 20151min37012
မနေ့ညနေက ကားပေါ်မှာ အသက် ၈ဝ အရွယ်အဘွားတစ်ယောက်နဲ့ စကားပြောဖြစ်တယ် သူကစပြီးလာပြောတာပါ – သားရယ် ပြောရဦးမယ် ဟိုလက်ပံတန်းကိစ္စလေ သားသိလား သူတို့ကတော့ ရန်ကုန်လာချင်တာပေါ့နော် ဒါပေမယ့် သူတို့လာပြီးလမ်းပေါ်ထွက်ရင် နဂိုက ရန်ကုန်မှာလမ်းကြပ်နေတာနဲ့ အဘွားတို့ လက်လုပ်လက်စားတွေ ဘယ်လိုလုပ်ကိုင်စားရမလဲ ဒုက္ခရောက်မှာ – အဘွားရယ်သူတို့ ပညာရေးစနစ်တိုးတက်ကောင်းမွန်အောင်လုပ်နေတာလေ – သားရယ် တောင်းဆိုတာပဲ ရန်ကုန်လာမှမဟုတ်ပါဘူး လက်ပံတန်းကနေတောင်းလဲ လိုချင်တာရဖို့ပဲလေ သူတို့တောင်းတဲ့ လူကြီးတွေက ရန်ကုန်မှာနေတာလဲမဟုတ် လက်ပံတန်းမှာလဲမဟုတ်ဘူးလေ ဘာလို့ရန်ကုန်လာချင်တာလဲ – အဘွားရယ် အဘွားက နိုင်ငံရေးသိလို့လား – သိတာပေါ့သားရယ် မြန်မာနိုင်ငံက နိုင်ငံရေးဆိုတာ ရွှေမန်းတင်မောင်ဇာတ်ကသလိုပဲ – ရှင်းပြပါဦးအဘွားရယ် – ဆင်းရဲသားခန်းက ထွက်လာတော့လည်း ဒီမင်းသားပဲ စစ်သူကြီးထွက်လာတော့လည်း ဒီမင်းသားပဲ ဝန်ကြီးခန်းကြပြန်တော့လည်း သူပဲဖြစ်နေပြန် […]


Ko chogyiAugust 16, 20141min79426
အချိန်ကာလက လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ခန့် မြန်မာနိုင်ငံ ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေး မဆင်နွှဲမှီ ၂ နှစ်အလို (၁၉၈၆ ခုနှစ်လို့ ရေးရင်ရသားနဲ့) ကျွန်တော့်မွေးဇာတိမြို့လေးရဲ့ အထက(၂) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ဆဌမတန်းပညာသင်ကြားနေချိန်ပေါ့ မြို့နယ်လဝက ကနေ ကျောင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်တွေလာလုပ်ပေးပါတယ် ကျွန်တော်တို့ ကျောင်းသားတွေ စာမသင်ရဘဲ ရုတ်ရုတ်သဲသဲနဲ့ဆိုတော့ ပျော်တာပေါ့ ကျွန်တော်အလှည့်ရောက်တော့ ဖြည့်လိုက်ရတဲ့ပုံစံတွေ ဆွေစဉ် ရ ဆက်အမှန်ဖြည့်ရတာလက်ကို ညောင်းရော ကျွန်တော်က မိဘတွေနဲ့ခွဲပြီး ညီအစ်ကိုနှစ်ယောက်တည်း နေခဲ့တာဆိုတော့ အချက်အလက်တွေ မှတ်ထားသလောက် ကြိုးစားဖြည့်ရတာပေါ့ အဖေရဲ့အမေ ကျွန်တော့်အဖွားက အဖေညီကျွန်တော်ဦးလေးနဲ့ ကျုံပျော်ဆိုတဲ့မြို့လေးမှာလိုက်နေတာ အဲဒီအချိန်မှာလည်း ကွယ်လွန် သွားပြီ ဒါကြောင့်မို့ အဖွားမှတ်ပုံတင်အမှတ်မသိလို့ ကွယ်လွန်ဆိုပြီးတော့ပဲ ဖြည့်လိုက်တယ် အဲဒါကို လဝက ဦးဦးကြီးက မင်းအဖွားဆုံးတဲ့နှစ်က မှတ်ပုံတင်တွေလုပ်ပေးပြီးတဲ့ နှစ်မှာဆုံးတာ မှတ်ပုံတင်မရှိလို့မရဘူးတဲ့ အဲဒီနံပါတ်မရရင်မင်းလည်း မှတ်ပုံတင်မရဘူးတဲ့ အဲဒါနဲ့ကျုံပျော်ကို ဖုန်းမရမကခေါ် ဦးလေးရုံးကတစ်ဆင့် ဦးလေးကိုမေးပြီး ဖြည့်ခဲ့ရတယ် အဲဒီအချိန်က တယ်လီဖုန်း ခေါ်တာမလွယ်လှဘူး ကျောင်းကနေ […]


ムラカミApril 22, 20141min74034
  စာမရေးတာကြာလို့လားမသိဘူး .. စာရေးချင်မိငဲ့ …. ရေးကားရေးချင်ငဲ့ … ဘာရေးရမှန်းကိုမသိ …. အဲ … ဂလိုဆိုတော့ …. ဟဲ့မယ်ဂိ …ညည်းရေးဇာမစိ ဝူးလား လို့.. ခေါင်းမော့ မေးငေါ့ လတ္တံ့သော .. ဖေ့စဘုတ်တော် ပေါ်မှ .. မှတ်မှတ်ထင်ထင် များ ဖြစ်သည့် ရွာ့ဇဗျစ်သီး တဖြစ်လဲ.. သင်္ဘောနှစ် မှ အခြစ် ထင်သည့် ပုလင်းဖင် မှန်ဝိုင်းတပ် သင်္ဘောသီး ကတော် အားလည်းကောင်း ကျော့်ကို ပြူးအောင် ရိုက်ပေးပါ ဆိုတတ်သည့် … ထွာဘယ်မိတ်ကာ ကိုကိုစော အားလည်းကောင်း.. ကြာဇံမွေး ဆံထုံးချည် ..ပြုံးရီသည့်အခါ ပြီတီတီ ဖြစ်နေတတ်သည့် ထိုင်နေအကောင်းဟ ..ထသွားမှ ဝ-မှန်းသိသည့် .. […]


Ko chogyiJuly 21, 20131min50117
ရင်ထဲမှာ အပြင်းပြဆုံးဆန္ဒ၊ မျှော်လင့်ချက်နဲ့ စောင့်စားနေခဲ့ရပြီး၊ ၆ လ ကြာအောင်စောင့်နေရတဲ့၊ တစ်နှစ်မှာ နှစ်ကြိမ်သာဆုံခွင့်ရတဲ့ ဂဇက်ရွာ စာပေချစ်သူများ ဆုံစည်းပွဲနှင့် ဆုပေးပွဲကို တက်ရောက်ဆင်နွှဲမယ်လို့ အားခဲထားခဲ့တာပါ။ ဒီရောဂါစတင်ခဲ့တာကလည်း ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက် ပထမအကြိမ် မန္တလေးဂဇက် အဖွဲ့ဝင်များ ဆုံစည်းပွဲမှာ နောက်တစ်ကြိမ်ကို နောက် ၆ လအကြာ မှာပြုလုပ်ပြီး ထပ်မံတွေ့ဆုံကြမယ်လို့ ပြောကြား ခဲ့ပြီး ကတည်းကပါ။ အစ်မပဒုမ္မာက Facebook မှာရော ရွာထဲမှာပါ ဖိတ်စာဝေနေပြီဆိုပြီး တင်လာချိန်မှာ ရွာသူားတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဆုံတွေ့ကြရတော့မယ် ဆိုပြီး ဝမ်းမြောက်ခဲ့မိပါတယ်။ သားငယ်လေးက သူလည်းလိုက်ချင်တယ်ဆိုလို့ ကိုချိုကြီး+၁ ဆိုပြီး စာရင်းတင်ခဲ့တာပေါ့။ ကိုကြီးပေါက်က သူ့ရဲ့ဓာတ်ပုံတွေပို့လိုက်မယ်၊ ဝေပေးပါဆိုတော့လည်းဝမ်းမြောက်ဝမ်းသာနဲ့ပေါ.။ ဆယ်အိမ်ခေါင်းမိတိုက်ကို ညီလေး ဘာလိုသေးလဲ၊ […]


Ko chogyiJuly 21, 20131min81234
မန်းဂဇက်ရဲ့ စာပေချစ်သူများ ဆုံစည်းပွဲနဲ့ ဆုပေးပွဲလုပ်မယ့်ရက်ကလည်း နီးလာပြီ။ အဲဒီပွဲမှာ ဘယ်လိုဝါးတီးဖွင့်ရမလဲ (အဲလေမှားလို့) ဘယ်လို လက်ဆောင်ပေးရင်ကောင်းမလဲ စဉ်းစားလို့မရနိုင်သေး။ အလိုက်မသိတဲ့ချွေးမ အလုံမှာမနေတဲ့ မွန်မွန်ကလည်း မြှောက်ထိုးပင့်ကော် လုပ်ပြီး တွေ့ဆုံပွဲမှာ ဂဇက်လိုဂိုပါ တဲ့ ဘောပင်တွေလက်ဆောင်ပေးတယ်ဆိုပြီး၊ ခပ်တည်တည်နဲ့ ကဗျာပြခန်း(၄)မှာ ရေးချလိုက်တော့ လက်ဆောင် မပေးဘဲ၊ မသိချင်ယောင်ဆောင်နေဖို့ကလည်းခက်ပြီ။ “ ငါ့ဘဝရဲ့ မီးအိမ်ရှင်မ၊ ငါ့ဘဝရဲ့ပဲ့ကိုင်ရှင်လေးပါ၊ ငါ့ဘဝရဲ့တန်းခိုးရှင်ပါ” ကားမှောက်တဲ့အဆိုတော် ကောင်လေး သီချင်းထဆိုတာ မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့ လက်ကိုင်ဖုန်းက ဖုန်းမြည်သံလေးပါ။ ဟယ်လို အမိန့် ရှိပါ။ ကိုချိုကြီး ကိုပေါက်ပါ။ ဟုတ်ကဲ့အစ်ကိုပြောပါခင်ဗျ။ နေကောင်းလား။ ကောင်းပါတယ်ကိုချို၊ ကျွန်တော်ဓာတ်ပုံလက်ဆောင်ပေးမလို့။ ဗျာအစ်ကို ဘာပြောတာလဲ။ တွေ့ဆုံပွဲမှာလေ ဓာတ်ပုံတွေလက်ဆောင်ပေးမလို့၊ ကျွန်တော်က ပွဲမတက်နိုင်ဘူး အဲဒါကြောင့် ကားကြုံနဲ့ထည့် […]


ရွှေ ကြည်April 6, 20131min94838
ရွာသူားများ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ မကြာခင်မှာလည်းနှစ်သစ်ကူးတော့မယ်မို့ စိတ်ရောလူပါ ရွှင်လန်းစွာနဲ့ နှစ်သစ်ကူးပွဲတော်ကိုနွှဲပျော်နိုင်ကြပါစေ။ ကျန်းမာ လန်းဖြာ ကြပါစေ။ ဘေးအန္တရာယ်တွေလည်း ကင်းရှင်းလို့ စိတ်သွားတိုင်းကိုယ်ပါ ကောင်းမှုတွေပါပွားများနိုင်ကြပါစေ။ ရွာလူကြီးသူမများကိုလည်း ဦးတင်ကန်တော့လိုက်ပါတယ် (မုန့်ဖိုးပေးကြပါ ) မိရွှေကြည်မှားမိတာများရှိရင်လည်းတောင်းပန်ပါတယ် ရှင့်..။ ရွှေကြည် အကြောင်းအမျိုးမျိုးကြောင့် ရွာကိုမရောက်ဖြစ်တာကြာပေါ့..။ အခုတော့လွမ်းလို့ရွာလည်လိုက်တဲ့အခါ မျက်စိပါလည်ပါလေရောရှင်..။ နာမည်တွေ နာမည်တွေ အဲဒါတွေဘူတွေလည်းဟင် စိတ်ထဲမှာ ရွာသူားအသစ်တွေထင်လိုက်တာ မန့်တွေကြည့်လိုက်တော့ ထောင်ကျော်တွေ့တော့မှ လူဟောင်းတွေမှန်းသိတော့တယ် 😆 အဲဒါဘူတွေတုန်းဟင်င်င် င် ?????????  :harr: (ရွာရောက်တုန်း ပို့စ်တင်ချင်တာ ဘာရေးရမှန်းကလည်းမသိ အဲဒိတော့ ရေးချင်တာရေးမိပါသည် ခွင့်လွှတ်ကြပါ ရွာသူားတို့ရှင့်)   ကျေးဇူးအထူးတင်ပါတယ်ရှင့်။


Ko chogyiMarch 25, 20131min43011
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများဖြစ်တဲ့ ဂျိမ်းဖောလူမျိုးများ နေထိုင်ရာ ကချင်ပြည်နယ်ကို ၁၉၉၁ ခုနှစ် စက်တင်ဘာလ လောက်မှာ ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ မြန်မာပြည်မြောက်ဖက်ပိုင်း နှင်းဖုံးတဲ့ တောင်တန်းများရှိရာ ကချင်ပြည်နယ်မှာ ဂျိမ်းဖော၊ လီဆူး၊ ရဝမ် အစရှိတဲ့ တိုင်းရင်းသားလူမျိုးများနဲ့ လူဦးရေ    တစ်ဆယ့်လေးသိန်းခန့် နေထိုင်ကြပါတယ်။ ကျွန်တော့်အမေဟာ မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက်ဗန်းမော် မြို့မှာရှိတဲ့ ခရိုင်ပြည်သူ့ဆောက်လုပ်ရေးရုံးကို ပြောင်းရွှေတာဝန်ထမ်းဆောင်ဖို့ အမိန့်ထွက်လာခဲ့တဲ့နောက် ကျွန်တော်အစ်ကိုဖြစ်သူနဲ့ အတူ မတ်လလောက်မှာ ဗန်းမော်ကို ပြောင်းသွားခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆောက်လက်စအိမ်အပြီးသတ်ဖို့  ကျန်နေသေးတာကြောင့်  အိမ်စောင့်အဖြစ်နဲ့  ပုဂံမြို့မှာ ကျန်နေခဲ့ပါတယ်။ စက်တင်ဘာလရောက်တော့ မိုးလည်းကျလာပြီ လုပ်ငန်းတွေလည်းမကျန်တော့တာကြောင့် ဗန်းမော်ကိုလိုက် သွားဖို့ စိတ်ကူးမိပါတယ်။ ဒီလိုနဲ့ ပုဂံမြို့ကနေ မန်းရွှေမြို့တော်ကြီးကို ကားနဲ့သွားခဲ့ပါတယ်။ အဲဒီအချိန်က အဝေးပြေးကားတွေက အခုလို Express […]


Ko chogyiFebruary 11, 20132min52218
နေ့ပူလို့ ညချမ်းတာ ပုဂံဒေသရဲ့ ဆောင်းတွင်းကာလပဲဖြစ်ပါတယ်။ နံနက်ခင်း စောစောအေးအေးချမ်းချမ်းနဲ့ အိပ်ရတာ ဇိမ်အရှိဆုံးပေါ့။ ဒါပေမဲ့ နှပ်မနေအားပါဘူး စက်ဘီးလေးဆွဲပြီး ဘုရားဖူး ထွက်ခဲ့ပြန်ပါတယ်။ နံနက်စောစော စက်ဘီးစီးရတာ ကိုယ်လက်လှုပ်ရှားမှုရှိလို့ မချမ်းဘူး၊ စီးရတာအရသာရှိတယ်။ ဆိုင်ကယ်နဲ့ဆို လေတိုး တာခံရပြီး အအေးပတ် လေဖြတ်သွားနိုင်တယ်။ ဒီနေ့ရည်မှန်းချက်ကတော့ တူရွင်းတောင်ကိုပါ။ တူရွင်းတောင်ပေါ်မှာ အနော်ရထာ မင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တော်လေးဆူမှာ အပါအဝင်ဖြစ်တဲ့ တုန့်ဝပ်တောင် စေတီရှိပါတယ်။ ဘာလို့ ဒီလိုအမည်တပ်ရလဲဆိုတော့ ရာဇဝင်အပြောအရပေါ့နော် အနော်ရထာမင်းကြီးက စွယ်တော်မြတ်ကို စေတီဌာပနာထား ကိုးကွယ်ဖို့အတွက် မြေနေရာရှာတဲ့အခါ။ စွယ်တော်မြတ်ကို ဆင်တော်ပေါ်တင်ပြီး လှည့်လည်စေရာမှာ ခေတ္တ တုန့်ဝပ်ခဲ့တဲ့အတွက် အထိမ်းအမှတ်အဖြစ် စွယ်တော်ပွားပြီး စေတီတည်ထားကိုး ကွယ်ခဲ့တဲ့လို့သိရပါတယ်။ စက်ဘီးကလေးနဲ့ တစ်ဖြည်းဖြည်းနင်းခဲ့ရာကနေ တူရွင်းတောင်ခြေ ရောက်ပြီပဲဆို ကြပါတော့။ စက်ဘီးကိုတောင်ခြေမှာ […]


+++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++   ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။ အပင်ထက်ဆီကို မော့ကြည့်မိတော့ ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊ ထွက်ကာစ ရွက်နုလေးတို့ရယ်၊ ပြီးတော့ ရိုးတံညှာတွေရယ် …….။ ပင်အောက်မှာလည်း ရော်ရွက်ဝါတွေက အစီအရီ …။ ဒီမြင်ကွင်းက …..   လွမ်းတတ်သူ တစ်ယောက်အတွက် အလွမ်းတေးတစ်ပုဒ်လို …. ကဗျာဆရာ တစ်ယောက်အတွက် ကဗျာတစ်ပုဒ်လို … သန့်ရှင်းရေးသမား တစ်ယောက် အတွက် စိတ်ပျက်ဖွယ်ရာလို …. ရဟန်း တစ်ပါး အတွက် တရား ရစရာလို …… လို ….. လို ….. လို …. လို ………   ဘာပဲဖြစ်ဖြစ်ပါ ……. အသစ်တွေ လာဖို့အတွက် အဟောင်းတွေ […]


Ko chogyiFebruary 8, 20131min31012
    နံနက်စောစော အိပ်ယာကထလို့ ဘယ်အရပ်ကို ခြေဦးလှည့်ရမလဲတွေးရင်း နံနက် ခင်းပြုဖွယ်တွေ အမြန်ပြီးအောင် ဆောင်ရွက်လိုက်ပါတယ်။ ပြီးတော့ မော်တာဆိုင်ကယ် လေးကို စီးပြီး နံနက်စောစောစာစားဖို့ ပုဂံကဖီးကို ရှေးရူလိုက်ပါတယ်။ ပုဂံကဖီးဆိုင်ရှင် ကိုအောင်ပုက စိတ်ရှည်ပြီးအရမ်းသဘောကောင်းတာ။ သူတို့ဆိုင်မှာ ကျွန်တော် အကြိုက်ဆုံးက သူ့သမီးသျှားရွက် ဆိုရင်မှားပါလိမ့်မယ်။ ကြွပ်ကြွပ်ရွရွကြော်ထားတဲ့ ပဲပလာတာပါ။ သူတို့က ပဲပလာတာကို ပဲထည့်ပြီးမကြော်ဘဲ ပလာတာအပြန့်ကို ကြွပ် အောင်ကြော်ပြီး ပဲပြုတ်ဆီဆမ်းနဲ့စားရတာ အရမ်းကောင်းပါတယ်။ ပုဂံကဖီးရှေ့မှာတော့ ပုဂံမြို့ရဲ့မြို့လယ်စေတီရှိပါတယ်။ ရှေးဟောင်းစေတီကို ပုဂံ မြို့သစ်တည်ချိန် ပြန်ပူဇော်ထားတာပါ။ မုခ်ဦး ၈ ခုနဲ့ ၈ မျက်နှာဘုရားရယ်လို့ အမည် တွင်ပါတယ်။ မြို့အလယ်ခေါင်မှာရှိလို့ မြို့လယ်စေတီလို့ သုံးလိုက်တာပါ မြို့ဦးစေတီ မဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်က ထွက်တော့ […]


Ko chogyiFebruary 7, 20131min3268
ဗေးကလုံရဲ့အမိန့်အရ အိမ်မှာ MG ဖတ်နေရာကနေ နောက်ထပ်ဘုရားဖူးထွက်ဖို့ စီးတော်ဘီးကိုဆွဲလို့(ဒီနားဟိုနားမို့ စက်ဘီးလေးနဲ့ပဲ) သီရိပစ်စရာရွာဘက်ကို လှမ်း ခဲ့ပါတော့တယ်။ ငယ်ငယ်က မြို့ဟောင်းမှာနေစဉ်  အဲဒီရွာကလေးကိုဖြတ်ပြီး ဘုရား ဖူးသွားရင် တောရွာဓလေ့နဲ့ ကြည့်ကောင်းတဲ့ရွာကလေးပေါ့။ အခုတော့ ပေါက်ကံ ရွှေပြည် ပုဂံမြို့သစ်ကြီးက သူ့ရွာဘေးမှာနေရာယူလိုက်တော့ ရွာကလေးက နည်းနည်း ငုပ်သွားတယ်။ အရင်က ဒေါ်ဇီးကွက်စိန် နေခဲ့တဲ့ရွာကလေးပေါ့။ သိတယ်မဟုတ်လား အုပ်အုပ်လိုအရပ်မျိုးလေ။ ပုဂံ-ချောက်ကားလမ်းပေါ်ကနေ မြေနီလမ်းကလေးကို ချိုးကွေ့လိုက်တာနဲ့ ရခိုင် ပြည်နယ်၊ မြောက်ဦးကသျှစ်သောင်းပုထိုးတော်နဲ့ ပုံစံခြင်းခပ်ဆင်ဆင်တူတဲ့ အရှေ့ ဖက်လိပ်နဲ့၊ အနောက်ဖက်လိပ်ဘုရားနှစ်ဆူကို ဖူးမျှော်လိုက်ရပါတယ်။ ဘုရားရှေ့မှာ ခုံလေးခင်းပြီး မကျည်းလိပ်တွေ၊ သနပ်ခါးတုံးတွေနဲ့ ပုန်းရည်ကြီးတွေရောင်းနေတာ တွေ့ရပါတယ်။ ဆိုင်နံမည်ကို ဗီနိုင်းနဲ့ အကျအနလုပ်ထားတာ “ ရွာသူမစစ်တစစ် ဂျူလိုင်မ”တဲ့။ အရှေ့ဖက်လိပ်ဘုရားမှာတော့ အိုးပုတ်ဂျိုးရုပ်တွေရှိ […]


Ko chogyiFebruary 6, 20131min43718
အသစ်အဦး ပုရစ်ဖူးကလေးတွေ ဝေစီနေတဲ့ ဆောင်းအကုန်နွေအကူးမှာ ဥဩငှက် ကလေးတွေလဲ သီဆိုကျူးကြတဲ့ အချိန်ပေါ့။ ကျွန်တော် ရာဇာချိုကြီးတစ်ယောက် နံနက်ခင်း အိပ်ယာအထမှာ ဘယ်ကိုများ  ခြေစင်္ကြာဖြန့်ရင်ကောင်းမလဲတွေးရင်း နေ့သစ်ကို နှုတ်ဆက်လိုက်ပါတယ်။ (စောစောထ၊ အိပ်ယာသိမ်း…….. စတဲ့ ငယ်ငယ်ကသင်ခဲ့ရတဲ့ သင်ခန်းစာထဲမှာပါတဲ့ နံနက်ခင်းပြုဖွယ်ရာတွေ ချန်ခဲ့မယ်) အဲဒီနောက် စီးတော်ယာဉ် ဘီးစင်္ကြာ(Bicycle)ကို ဘယ်တစ်ချက်၊ ညာတစ်လှည့် နင်းရင်း အိမ်တော်မဟာရှိရာ ပုဂံရွှေပြည်မြို့သစ်ဆီမှ ပုဂံမြို့ဟောင်းတစ်နေရာသို့ ထွက်ခဲ့ပါတော့တယ်။ စိမ်းညက်ညီမဘုရား၊ စိုးမင်းကြီးကျောင်း၊ နဂါးရုံဘုရား၊ အပယ်ရတနာစေတီတို့ကို ဖြတ်ကျော်ရင်း နံနက်ခင်းအလှတွေကို ခံစားလို့ပေါ့။ ရုတ်တရက် အညှော်နံမွှေးမွှေးရနံလေးရလို့ ကြည့်လိုက်တော့ မွန်မလေး လုံလုံရဲ့အကြော်တဲကိုတွေရတယ် နံနက်ခင်းစားရာ ဘူးသီးကြော်နဲ့ ကောက်ညှင်းပေါင်းကို အဲဒီ မှာပဲ အဆင်ပြေစေလိုက်ပါတယ်။ မွန်မလေးရဲ့အကြော်ဆိုင်ကထွက်တော့ မွန်ဘုရင် မနူဟာမင်းရဲ့ကောင်းမှုတော်စေတီကို ဝင်ဖူးဖို့စိတ်ကူးရလိုက်တယ်။ […]


ရွှေ ကြည်November 24, 20121min44517
ခံစားမှုနဲ့အနုပညာ ခံစားချက်နဲ့ဖန်တီးတဲ့အနုပညာ တကယ်အသက်ဝင်လာတဲ့အခါ ပညာရှင်မဟုတ်လည်းပွဲလယ်တင့်မြဲပါ။ ဖန်တီးမှုအနုပညာတခု နှလုံးသားတခုနဲ့ခံစားတဲ့အခါ ကျော်ကြားတဲ့အရာမဟုတ်လည်း အသက်ဝင်နေဆဲပါ။ ခံစားသူဟာပညာရှင်မဟုတ်လည်း ခံစားတတ်တဲ့နှလုံးသားတခုတည်းနဲ့တင်အရာဝင်ပါတယ်။ တကယ်ပါရင်ထဲကိုထိမှန်လာတဲ့ ဘယ်အနုပညာမဆို ချိုသည်ခါးသည် မော်ဒန်ကျသည်ကာရံလှသည် နုသည်ကြမ်းသည် ခေတ်နောက်ကျသည်ခေတ်ရှေ့ပြေးသည် ဘာတခုမှခွဲခြားမရတော့ပဲ ခံစားနေဆဲပဲလေ။ အနုပညာဆိုတာကိုအဓိပ္ပါယ်မဖွင့်တတ်လည်း ဝေဖန်ဖို့မစွမ်းသာလည်း ခံစားကြည့်နေမိဆဲပါပဲ။ ×××××××××××××××××××××××××××××××××××× အသွားအပြန် ဟန်ဆောင်မူပိုပလီပလာတွေဆိုလည်း နင့်မျက်နှာကိုငါဖတ်တတ်နေဆဲ နင်ရွှေ့လာမယ့်အကွက်တွေအတွက် ငါတွက်ချက်တတ်မယ်ဆိုတာနင်မသိတာ ငါဝမ်းသာပါတယ် လုပ်ရက်တယ်သူငယ်ချင်းရယ် င့ါစေတနာတွေနဲ့မထိုက်တော့တဲ့အခါ ငါအတွက်သာငါတွေးတော့မယ်။ နင်မှတ်ထားပါ အခုကစနောင်အခါမှာ သူငယ်ချင်းကောင်းဆိုတဲ့စကား နင်နဲ့ငါကြားမှာမရှိတော့ဘူး။ ××××××××××××××××××××××××××××××××××× သဘာဝ   အတိတ်ကိုသတိရတဲ့အခါ ပစ္စုပ္ပာန်ဟာဘယ်လိုမှအဓိပ္ပါယ်မရှိတော့သလို အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေသလိုနဲ့ ဒါဏ်ရာရဲ့အတိမ်အနက်ကိုပဲတွေးနေမိတယ်။   အနာရွတ်ကိုပြန်မြင်မိတဲ့အခါ ကိုယ့်ကိုယ်ကိုသိပ်သနားစရာကောင်းနေသလို ကြေကွဲလွမ်းဆွတ်မှုတွေပဲပြည့်နှက်နေသလိုနဲ့ ရင်ထဲမှာတဆစ်ဆစ်နဲ့နာနေတာကိုပဲခံစားနေမိတယ်။   ပစ္စုပ္ပာန်တည့်တည့်ကိုပြန်မြင်လာတဲ့အခါ ဝေဒနာဆိုတာအသာထား စားနေဝတ်ကြားဗျာများလို့ အနာဂတ်ဖို့ပြင်ဆင် ဘဝနေမဝင်ခင်ဆက်လျှောက် ထွက်ပေါက်တော့မတွေ့သေး။   […]