Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Ma MaApril 6, 20161min85519
Channel 7 မှာ လာနေတဲ့ မိသားစုပြိုင်ပွဲကလိုမျိုး ဘဏ် လို့ ပြောလိုက်ရင် ဘာကိုမြင်လဲလို့ မေးချင်မိတယ်။  🙄   ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဆက်ဆံနေကြရတဲ့ ဘဏ်တွေနဲ့ ပတ်သက်ပြီး အခြေခံအကျဆုံးအမြင်က ယုံကြည်စိတ်ချရမှုလို့ပဲ ထင်ပါတယ်။ = ဘဏ်တွေကို ငွေသွင်းတဲ့အခါ ငွေအတုပါလို့ဆိုပြီး ဖျက်ဆီးပစ်တာမျိုးကို ခံရဘူးသလို…….. = ဘဏ်တွေက ငွေထုတ်ယူတဲ့အခါမှာလည်း ယုံကြည်စိတ်ချမှုနဲ့ ရေတွက်မယူဖြစ်ပဲ သုံးတဲ့အခါကျမှ ငွေလျော့နေတာမျိုးကိုလည်း ကြုံခဲ့ရဖူးပါတယ်။   ငွေအတုဖြစ်လို့ ဖျက်ဆီးပစ်ခံရတဲ့ဆုံးရှုံးမှုမျိုးအတွက်….. နောင် ငွေလက်ခံယူတဲ့အခါမှာ တစ်ရွက်ချင်းစစ်ဆေးပြီး အတုအစစ်ခွဲခြားရပါတယ်။   ငွေလျာ့တာနဲ့ပတ်သက်လို့ သတိထားကြည်တဲ့အခါ……… ဘဏ်ကထုတ်ယူတဲ့ ငွေအစည်းတွေမှာ စာရွက် (bank slip လို့ ခေါ်မယ်ထင်တယ်။) မကပ်ထားတဲ့ ငွေအစည်းတွေကချည်း လျော့တာဖြစ်နေပါတ     ဘဏ်တွေကို ငွေလျော့လို့ complaint တက်မယ်ဆိုရင် ငွေအစည်းမှာကပ်ထားတဲ့စာရွက်နဲ့ ပြောရတာမို့ စာရွက်မပါတဲ့အခါ အခက်အခဲတွေ့ရပါတယ်။ […]


Ma MaFebruary 28, 20163min92217
လွန်ခဲ့တဲ့ ၄နှစ်လောက်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို ရွာသူားတွေ စုပေါင်းပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနိုင်ခဲ့ကြပါတယ်။ ရွာ့အလှူမြင်ကွင်း တစွန်းတစ   ရွာသူားတွေ စည်းစည်းလုံးလုံး တက်တက်ကြွကြွရှိခဲ့ကြတာကို အောက်မေ့သတိရမိပါတယ်။     ရွာသူားတွေရဲ့ စုပေါင်းအလှူ ပြီးတဲ့နောက် ၁နှစ်လောက်အကြာ ၂၃ ၊၄၊ ၂၀၁၃ မှာ ဆေးရုံဖွင့်ပွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သီတဂူသုမေဓာ ဆေးရုံဖွင့်ပွဲ ဖိတ်ကြားလွှာ ဆေးရုံဖွင့်ပွဲလုပ်ပြီးပေမယ့် အဆောက်အဦတွေသာရှိပြီး တာဝန်ကျဆရာဝန်  မရသေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်ပြည့် မပေးနိုင်ခဲ့ပဲ အလျဉ်းသင့်သလို လာရောက်ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ပြုစုကုသမှုကိုသာ ရရှိခဲ့ကြပါတယ်။     လွန်ခဲ့တဲ့ ၄လလောက်ကစပြီး ဆရာဝန် ၂ဦး၊ သူနာပြု ၂ဦး ရောက်ရှိလာပြီဖြစ်လို့……….   […]


Ma MaJanuary 13, 20161min133823
ရေးချင်တာလေးတွေ စုထားတဲ့ စုပေါင်းစပ်ပေါင်း ဗြုတ်စဖျင်းတောင်းလေးပါ။ :kwi: မကောင်းမြင်ဝါဒ လူကြီးမင်းတို့၏လမ်းကို ပြုပြင်ပြီး ပြန်ခင်းရန်အတွက် သဘောတူမတူ သဘောထားတင်ပြပါရန် အစည်းအဝေး ဖိတ်ခေါ်ခြင်း…………….ဆိုတဲ့ ဖိတ်စာတစ်စောင် ရောက်လာပါတယ်။ ကိုယ့်သဘောထားကို တင်ပြခွင့်ရအောင် ဖိတ်ခေါ်တာကျေးဇူးတင်ရမလား…………  🙄 ဆိုတဲ့အတွေးနဲ့အတူ ဆိုးနေတဲ့လမ်းကို ခင်းဖို့အတွက် သဘောမတူတဲ့သူရှိပါ့မလားလို့ တွေးမိတယ်။   သဘောမတူသူ မရှိနိုင်တဲ့ ဒီကိစ္စမှာ တခုတ်တရ ဖိတ်ကြားစာပို့လာတဲ့အကြောင်းရင်းကို စဉ်းစားကြည့်လိုက်တော့ အလှူငွေကောက်ခံဖို့ကိစ္စမှတပါး အခြားမရှိနိုင်။  😕   လုပ်တော့မယ် တလွဲ   ဒီလိုနဲ့ အစည်းအဝေးဆုံးဖြတ်ချက်လာရင် အများနည်းတူ အလှူငွေထည့်ဆိုလည်း ထည့်လိုက်ရုံပေ့ါဆိုပြီး နေနေတဲ့ သကာလ……….   သိပ်မကြာခင် တစ်မနက်စောစော လမ်းထိပ်မှာ ကတ္တရာလမ်းခင်းတဲ့ စက်ကြီးကို တွေ့လိုက်ရတယ်။ အရင်ကတည်းက အကြီးအကျယ်လမ်းပိတ်နေတာကို လုပ်ငန်းရာသီကြီးမှာ ရက်အကြာကြီးလုပ်ပြီး လမ်းတွေပိုပိတ်တော့မှာပဲဆိုပြီး စိတ်တော်တော်ပျက်သွားတယ်။   🙁 […]


Ma MaNovember 25, 20152min107525
ကိုယ်တိုင်ကတော့ ဗုဒ္ဓသာသာဝင်ပီပီ ဘယ်နေရာမဆို စိတ်ထားတတ်ရင် ကုသိုလ်ဖြစ်တယ်လို့ နှလုံးသွင်းထားခဲ့ပါတယ်။ ကောင်းတဲ့စိတ်စေတနာနဲ့ လုပ်ရင် ဘယ်ဘာသာဝင်မဆို၊ ဘယ်လူမျိုးမဆို ကောင်းသောအကျိုးကို ခံစားရမှာပဲဆိုတဲ့ အသိရှိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အမှန်တကယ် လက်တွေ့လိုက်နာမှုနဲ့ ယှဉ်ထိုးကြည့်မိခဲ့ရတဲ့ အဖြစ်အပျက်လေး၂ခု မျှဝေပေးချင်ပါတယ်။ ပထမဇာတ်လမ်းတစ်ပုဒ်က…….. ကျမတို့ဖွင့်ထားတဲ့ Motel မှာ လှေကား၊ စင်္ကြန်လမ်းနဲ့ အခန်းတွင်းမှာ သစ်သားတွေကိုအသုံးပြုထားပါတယ်။ လာသမျှဧည့်သည်တိုင်း Motel အတွင်းမှာ ဖိနပ်စီးကြပါတယ်။ ကျမတို့ဆီကို ဂျာမန်လူမျိုးဧည့်သည်တွေ လာတည်းပါတယ်။ လှေကားမှာ သစ်သားခင်းထားတာမြင်တော့ စီးလာတဲ့ဖိနပ်ကို ချွတ်၊ လက်နဲ့ကိုင်ပြီး အပေါ်ထပ်ကိုတက်ပါတယ်။ ကိုယ့်ဆီလာတည်းတဲ့ ဧည့်သည်တွေ ဖိနပ်ချွတ်ရတာ အဆင်မပြေမှာစိုးလို့ ကျမတို့အနေနဲ့ ဖိနပ်စီးခွင့်ပြုထားပါတယ်လို့ ပြောပေမယ့် …….. အဲဒီဂျာမန်ဧည့်သည်က ကျမတို့ဆီမှာ တည်းသမျှကာလပတ်လုံး သူ့ထုံးစံအတိုင်း ဖိနပ်ကို အမြဲချွတ်ပါတယ်။ ပိုပြီးထူးခြားစေတာက […]

CAM042571-600x450.jpg

Ma MaAugust 23, 20152min9796
ဆရာအော်ပီကျယ်ရဲ့ ကာတွန်းဒဿ    န တွေကို ရေးရင်းနဲ့  ပွိုင့် တစ်သိန်းပြည့်သွားတာ အမှတ်တရပေ့ါ။ 🙂   ဒီအပတ် တစ်နေ့ပြီးတစ်နေ့ (၁၉) ကတော့ စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၂ဝ ရက်နေ့အထိဖြစ်ပါတယ်။ ရိုးသားကြိုးစား လုပ်အားဖြင့်နိုင်ငံတည် လို့ ဆောင်ပုဒ်ရှိတယ်လေ။ လုပ်အားဆိုတာမှာလည်း ကာယအားထက် ဉာဏအားက ပိုမိုအကျိုးရှိ ထိရောက်စေနိုင်တယ်။ ကာယအားခြင်း ဉာဏအားခြင်းတူသူတွေထဲမှာဆိုရင်တော့ ကြိုးစားအားထုတ်သူက ပိုပြီးတိုးတက်နိုင်တာပေ့ါ။   အခုလိုနည်းပညာခေတ်ကြီးမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးပါတယ်။   ဟိုးတုန်းကအခြေခံအနေနဲ့ လူတိုင်း အ သုံလုံး ကျေဖို့ ဆိုတဲ့နေရာမှာ အရေး၊ အဖတ်၊ အတွက် ကို ပြောတာဖြစ်ပေမယ့်… ခုခေတ်မှာတော့ အခြေခံအားဖြင့် ကွန်ပြူတာ အင်တာနက် သုံးတတ်ဖို့ကို အ […]


Ma MaAugust 19, 20151min76313
ကိုယ့်ကို ဘောင်ကျော်တယ်လို့ အပြောခံရရင် အောင့်သက်သက်ရှိလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ကိုယ်ကိုယ်တိုင် ဘောင်ကျော်ခံလိုက်ရတဲ့ အရသာကလည်း ခါးသက်သက်ပါပဲ။ :buu: ခုရက်ထဲမှာ ကိုယ့်လုပ်ငန်းက ဒေတာတွေကို ဘယ်လိုနည်းနဲ့သိသွားမှန်းမသိပဲ လုပ်ငန်းတူတွေကြားထဲမှာ ချပြတာ ခံလိုက်ရတယ်။ ကိုယ့်အနေနဲ့ အသိပေးချင်တာ မဟုတ်တာကို အောက်လမ်းနည်းနဲ့ သိအောင် ကြိုးစားပြီး အများသိအောင် ချပြလိုက်တာ ဘောင်ကျော်တာပဲပေ့ါ။ ဒါပေမယ့်လည်း ကိုယ့်တစ်ယောက်ထဲရဲ့ ဒေတာတင်မဟုတ်၊ လုပ်ငန်းတူတခြားသူတွေရဲ့ဒေတာတွေကိုလည်း ကိုယ့်နည်းတူပဲ လုပ်တာမို့ ဘယ်လိုပြောရမှန်းမသိဘူး။ လူကျင့်ဝတ်အနေနဲ့ ဒါဟာစဉ်းစားရင် မလုပ်သင့်တဲ့ကိစ္စပါပဲ။ လုပ်လိုက်တဲ့သူကတော့ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့တောင် ခံစားမိရဲ့လား မသိဘူး။ တောင်းပန်ဖို့ဆိုတာ ဝေလာဝေးပေ့ါ။ ခံရတဲ့ ကိုယ့်ဘက်ကတော့ အောင့်သက်သက်နဲ့။ ဘယ်လိုမှလည်း မတုန့်ပြန်နိုင်ဘူး။ ု (ပွိုင့်တစ်သိန်းပြည့်တဲ့အထိမ်းအမှတ်နဲ့ တထိုင်တည်းချရေးတဲ့ ပိုစ့်၂ပုဒ် ဆက်တိုက်တင်လိုက်တယ်။ အမှတ်တရပေ့ါ။) 🙂


Ma MaAugust 19, 20151min71712
အရှေ့နဲ့အနောက် ရဲ့ အတွေးအခေါ်အယူအဆတွေ ကွာခြားနေတာကို အမှတ်မထင် သိလိုက်ရတဲ့ အတွေးတစ်စ ဖြန့်ဝေပါရစေ။   ဘာမဟုတ်တဲ့ အသေးအဖွဲလေးကနေ တကယ့်အမှားကြီးကို မြင်လိုက်ရတာမို့ သိစေချင်မိတယ်။   ပြောရမယ်ဆိုရင်………အမေရိကကို ဂရင်းကဒ်ရလို့ ထွက်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။   မိသားစုလိုက်လည်းဖြစ် နေရာသစ်ကိုရောက်တာလည်းဖြစ်လို့ လိုအပ်တာတွေ အများကြီးရှိတာပေ့ါ။ လူကြီးတွေမှာ ပစ္စည်း ပစ္စယတွေ ဝယ်ရ ခြမ်းရ နေရာချရနဲ့ အလုပ်ရှုပ်နေကြတယ်။   အဲဒါနဲ့ပဲ သမီးလိုချင်တဲ့ ကျောင်းတက်လွယ်အိတ်ဝယ်ဖို့အတွက် ဒေသခံညီမကို အကူအညီတောင်းပြီး စူပါမားကက်ကို လိုက်ပို့ခိုင်းရတယ်။   ကလေးက အမေရိကရောက်ရင် ထူးခြားဆန်းပြားတာတွေ အများကြီးတွေ့ရမယ်၊ ဝယ်မယ်၊ သုံးမယ် ဆိုတဲ့ အတွေးနဲ့ လိုက်ရှာတယ်။   လွယ်အိတ်ပုံစံကြိုက်တော့ အရောင် မကြိုက်လု့ိ၊ အရောင်ကြိုက်တော့လည်း အရုပ်မပါလို့၊ […]


Ma MaAugust 15, 20151min486417
ပဒုမ္မာရဲ့ ဆွေမျိုးတော်ခွင့် ရရပါလို၏ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး အတွေးပေါ်လာလို့။ ပဏ္ဍိတာရာမဆရာတော်ကြီးက သူ့ကျောင်းကို ရောက်လာတဲ့ ဘယ်သူကိုမဆို တရားအားထုတ်ဖို့ အမြဲတမ်း တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။ အလှူဒါနနဲ့တင် အားရကျေနပ်မနေပဲ သံသရာက လွတ်မြောက်ရေးအတွက် လူ့ဘဝကိုရတုန်း၊ သာသာနာနဲ့တွေ့တုန်း ရခဲလှတဲ့ အခြေအနေတွေကို တန်ဖိုးထားတတ်အောင် ပြောဆိုဆုံးမလေ့ရှိပြီး သွေးသားဆွေမျိုးထက် ဓမ္မဆွေမျိုးတော်ချင်တယ်လို့ ပြောကြားလေ့ရှိပါတယ်။   ဆရာတော်က ဒကာ ဒကာမတွေကို လောကုတ္တရာအကျိုးရစေချင်တဲ့ ဆန္ဒအလွန်ကြီးမားပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ တရားအားထုတ်ပြီး ဓမ္မဆွေမျိုးတော်ချင်တယ်ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။   ဓမ္မဆွေမျိုးတော်တာနဲ့ ပတ်သက်ပြီး သဂျီးက   လယ်ဗယ်တူအလွှာထဲက…သူကိုအလိုလိုသိနားလည်သွားတယ်…. လို့ထင်မိတယ်..။ လို့ ဆိုပါတယ်။ အဲဒါကို မလတ်က ……….. ဘယ်လို အယူအဆ ဘယ်လို အမူအကျင့် ဖြစ်စေ ကိုယ်နဲ့ ပေါင်းသင်း ဆက်ဆံ […]


Ma MaAugust 14, 20152min68210
ဝါတွင်းကာလ သက်သတ်လွတ်စားကြသူတွေအတွက် …. သက်သတ်လွတ်ကြာဇံကြော်နဲ့ တည်ခင်းဧည့်ခံပါတယ်။   ပါဝင်ပစ္စည်းတွေကတော့………… ၁။ ဆန်ကြာဇံ ၂။ အသားတု ၃။ ဂေါ်ဖီ ၄။ မုန်လာဥနီ ၅။ ကြွက်နားရွက်မှို ၆။ ကြက်သွန်ဖြူူ ၇။ ဆား၊ သကြား၊ ဆီ တို့ ဖြစ်ပါတယ်။   ပထမဦးဆုံး ကြာဇံကို ရေစိမ်ထားပါတယ်။   ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဂေါ်ဖီ၊ မုန်လာဥနီ နဲ့ ကြွက်နားရွက်မှိုတွေကို ရေဆေးလှီးဖြတ်ထားပါတယ်။ အသားတုကို ရေစိမ်ပြီး လှီးထားပါတယ်။ စကြော်ဖို့အတွက် ဆီပူထဲ ကြက်သွန်ဖြူထည့်ဆီသတ်ပြီး နည်းနည်းနွမ်းရင် အသားတုထည့်ကြော်ပါတယ်။ အသားတုကို အရသာရှိအောင် ဆား၊ သကြားသင့်ရုံထည့်ပေးပါတယ်။ ရေစိမ်ထားတဲ့အသားတုကို ရေနည်းနည်းခြောက်အောင်ဆီသတ်ပြီးရင် ဂေါ်ဖီနဲ့ မုန်လာဥနီထည့်ပါတယ်။ ခဏကြာရင် ကြွက်နားရွက်မှို၊ […]


Ma MaAugust 11, 20151min103921
“ဘာကိုစားမလဲ” ဆိုတဲ့ မေးခွန်းအတွက် သဂျီးရဲ့ အဖြေက…. လူသားက အစားစားရာမှာ.. အသက်ပိုင်းအလိုက်ခွဲသင့်တယ်ထင်မိတယ်..။ ၁ဝနှစ်အောက်… ၁ဝကျော်သက်… လူငယ်.. လူရွယ်… လူကြီး.. လူအို.. စသဖြင့်ပေါ့..။ နွားနဲ့..နွားထွက်ပစ္စည်းတွေကို.. ၁ဝနှစ်အောက်တွေစားသင့်.. ဆယ်ကျော်သက်တွေ.. လူငယ်တွေစားသင့်ပေမယ့်… လူကြီးနဲ့ လူအိုတွေကတော့ သတိထား..စားရမှာပေါ့.. Red meat တွေက.. လူကြီးတွေနဲ့..သိပ်တည့်လှရယ်တော့မဟုတ်..။   လောကကြီးထဲမှာ အမျိုးမျိုးသောသတ္တဝါတွေဟာ သဘာဝအလျှောက် သက်ဆိုင်ရာကို၊ သင့်တော်ရာကို ရွေးချယ်စားသုံးကြပါတယ်။ အဲဒါကြောင့်လည်း အသီးအနှံစား သတ္တဝါ၊ အသားစားသတ္တဝါရယ်လို့ အမျိုးအစားတွေ ကွဲပြားကြပါတယ်။ လူတွေကိုတော့ အစုံစားသတ္တဝါလို့ ပြောရမယ်ထင်တယ်။ :k: သက်ရှည်ကျန်းမာဖို့အတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို…….. =အသက်အရွယ်အလျှောက်၊ =ကျားမဘာဝအလျှောက်၊ =ကိုယ်ခံဓာတ်သဘာဝအလျှောက်၊ =ကိုယ့်ရဲ့ရောဂါဘယအလျှောက် ချင့်ချိန်ပြီး ဘာနဲ့တည့်တယ်၊ ဘာကိုစားသင့်တယ်ဆိုတာ လူတိုင်းကိုယ်စီ […]


Ma MaAugust 5, 20151min134525
သက်ရှိသတ္တဝါရယ်လို့ဖြစ်လာရင် အသက်ရှင်သန်ရေးအတွက် အစားအစာမျိုးစုံ စားကြရတယ်။   အဲဒီလို စားကြရတဲ့အခါမှာမှ………. ၁။ ဘာကို စားမလဲ၊ ၂။ ဘာ့ကြောင့် စားမလဲ၊ ၃။ ဘယ်လို စားမလဲ၊ ၄။ ဘယ်လောက် စားမလဲ ၅။ ဘယ်အချိန် စားမလဲ………. စသဖြင့် မေးခွန်းပေါင်းများစွာ ပေါ်လာပါတယ်။   ခုရက်ထဲ အစာ စားခြင်းနဲ့ ပတ်သက်တာတွေ စဉ်းစားမိနေလို့။   သဂျီးပြောတဲ့ အာဟာရပြည့်ဝအောင် အမဲသားစားပါဆိုတာကလည်း အတွေးပေါ်စေတဲ့ အကြောင်းရင်းထဲမှာပါတယ်။   စိတ်ရောက်သလောက် ……………… လက်မရောက်နိုင်သေးလို့ အစပျိုးပေးထားတယ်။   စာရှု့သူများရဲ့ အတွေးအမြင်တွေ ပြောပေးခဲ့ရင် နောက်လာမယ့်ပိုစ့်တွေမှာ အကြိတ်အနယ် ဆွေးနွေးစရာ ဝေဖန်စရာတွေ ပေါ်လာနိုင်တာမို့…………………..     ဒီတပတ်တော့ ဒီမျှသာ […]


Ma MaAugust 2, 20152min116020
တစ်နေ့ပြီးတစ်နေ့တွေဖတ်ပြီး မောနေကြမှာစိုးလို့….. ဒီတခါတော့ မုန့်နဲ့ဧည့်ခံမှာဖြစ်ပါတယ်။ :aa:   ဝေဖာ Wafle လို့ခေါ်တဲ့ ဂျုံ ကြက်ဥနဲ့ အလွယ်တကူ လုပ်စားနိုင်တဲ့မုန့်ပါ။   ကလေးဘဝတုန်းက တောဘုရားပွဲတွေမှာ လုပ်ရောင်းလေ့ရှိတဲ့ မုန့်နဲ့တူပါတယ်။ ကြက်ဥမုန့် လို့လည်း ခေါ်တာပေ့ါ။   အစိမ်းရောင်ခွက်ကလေးတွေက ချင်တွယ်တဲ့ ခွက်လေးတွေပါ။ အဲဒီလိုခွက်တွေမရှိလည်း ခွက်တစ်ခုခုနဲ့ အဲဒီအချိုးအဆအတိုင်း ထည့်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့…. ၁။ ဂျုံမှုန့်                                   ၂ခွက် ၂။ ကြက်ဥ                                ၂လုံး ၃။ သကြား                               ၂ လက်ဖက်ရည်ဇွန်း ၄။ ဆီ                                        ၁/၃ခွက် ၅။ ထောပတ်                            အနည်းငယ် ၆။ နွားနို့                                    ၂ခွက် ၇။ Baking powder                 ၁လက်ဖက်ရည်ဇွန်း ၈။ အနံ့ဆီအနည်းငယ် […]


Ma MaAugust 2, 20153min71312
Oxford ဆရာတော် ဒေါက်တာ ဓမ္မသာမိဟောတဲ့တရားကိုနာပြီး လူတွေရဲ့ ငြီးငွေ့တတ်မှုနဲ့ အပြောင်းအလဲကို လိုချင်တတ်တဲ့သဘာဝကို ကိုယ့်ကိုကိုယ်မှာလည်း ပြန်ရှာတွေ့မိတယ်။  🙁   ဘယ်လောက်ပဲ သဘောကျကျ ကြာလာရင်ငြီးငွေ့တတ်တဲ့ သဘောရှိတာမို့………….. တစ်နေ့ပြီးတစ်နေ့တွေကို အတော်လည်းငြီးငွေ့နေလောက်ပါပြီ။   သို့သော်လည်း သဂျီးဆာဗာမှာ အလကား ၂၀ဝကျပ်တင်း (ပိုစ့်တစ်ပုဒ် ၂၀၀) ရတာအပြင် ကာတွန်းပြက္ခဒိန်ကို တစ်နှစ်လုံးအတွက် မှတ်တမ်းတင်ချင်လေတော့ ရေးရပေဦးမည်ပေ့ါ။ :k:   ဒီတစ်ပတ်အတွက်ကာတွန်းတွေကတော့ ဩဂုတ်လ ၂၁ရက်နေ့က ဩဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။ အပြိုင်အဆိုင်ဈေးကွက်ခေတ်ကြီးမှာ ……………. ဝန်ဆောင်မှုကို လက်နက်ကောင်းတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။   ဟိုးတုန်းက သိန်းပေါင်းများစွာပေးရတဲ့ ဖုံးလိုင်းကဒ်တစ်ကဒ်ကို ဝယ်ယူခွင့်ရဖို့ လျှောက်လွှာတင်၊ အကြာကြီးစောင့်ရတယ်။ ဝယ်ယူခွင့်ရပြီဆိုရင်တော့ သိန်းဆုကြီးပေါက်ပြီပေ့ါ။   အခုအချိန်မှာ ဖုံးလိုင်းကဒ်တစ်ကဒ်ဟာ […]