erosApril 18, 20111min1154
ယမန်နေ့ ၁၆ရက် ဧပြီလ ၂၀၁၁ ရက်နေ့ သည် မြန်မာတို့၏ နှစ်သစ်ကူးနေ့ နှစ်ဆန်းတရက်နေ့ ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်များသည် ဘုရားကျောင်းကန်သို့ သွားရောက်၍ ဘုရားဖူးမျှော်ခြင်း၊ ဆွမ်း၊ ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူခြင်းများပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ဇီဝိတဒါနလွှတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်မြို့ တွင် အထင်ကရ ဘုရားတဆူဖြစ်သော လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ ခန့်က တည်ထားခဲ့သော ရွှေတိဂုံဘုရားသို့ ဘုရားဖူးများစွာ လာရောက်ဖူးမျှော်ခဲ့ပါသည်။ ဘုရားဖူးများစွာ လာရောက်ခဲ့သော ကြောင့် မြောက်ဘက်မုခ်သို့ ဝင်ရာလမ်းကြောင်းဖြစ်သော အာဇာနည်ကုန်း ကုန်းတက်မရောက်မှီ M3စားသောက်ဆိုင် ရှေ့ မှစ၍ ဘုရားဖူးကားများဖြင့် ပြည့်ကြပ်နေပါသည်။ ဘုရားခြေတော်ရင်း တွင်လည်း ဇီဝိတဒါန ငါးလွှတ်သူများ အတွက် မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန မှ ဇီဝိတဒါနငါးအရောင်းမဏ္ဍပ် […]