အဖွဲ့လိုက်ဆော့တဲ့ ကစားနည်းတွေမှာတောင် ကဗျာတွေစာတွေနဲ့ရင်းနှီးခဲ့တဲ့ ကျတော်တို့ဟာ အခုခေတ်မှာ အနည်းငယ်ထက်ပိုသာစွာ အလှမ်းဝေးလာခဲ့ပါတယ်။ မြို့ပြနဲ့ ခပ်လှမ်းလှမ်း နေရာတွေလောက် သာ ရှိပါတော့လား ဆိုတဲ့အတွေးတစ်ခုရယ်၊ မြို့ပြဟာ မြို့ပြပိုဆန်လာတာရယ်ကြောင့်ရယ်မို့ မြို့ပြဟာ မြေနေရာရှားပါးမှုကြောင့် မြို့နေလူတန်းစားထဲက ကလေးငယ်အတော်များများဟာ ဦးအောင်တို့တုန်းကလို ကစားနည်းများနဲ့ အလှမ်းကွာဝေးလာကြပါတယ်။ ဦးအောင်တို့ငယ်ငယ်တုန်းက ယောက်ျားလေးတစ်ဖွဲ့ မိန်းကလေးတစ်ဖွဲ့ အပြိုင်အဆိုင်ကစားခဲ့ကြတဲ့ ဂုံညင်းဒိုး ဆိုတဲ့ (ထွေပစ်တိုင်းလည်း ခေါ်ကြမယ်ထင်ပါတယ်။)သစ်သားဖင်ထိုင်ခုံတစ်ခုစီနဲ့ (၂၅)ပေကွာကွာလောက်ကနေ ဂုံညင်းဒိုးပစ်ဆော့ခဲ့တဲ့ ကစားနည်း သိပ်ကိုပညာသားပါပြီး ဆော့လို့လည်း ပျော်ဖို့ကောင်းခဲ့ပါတယ်။ ဂုံညင်းဒိုးကစားနည်းကိုတော့ ဦးအောင်ကိုယ်တိုင် ဓာတ်ပုံနဲ့ သေချာဆော့ပြချင်လို့ လာမယ့်လကုန်ပိတ်ရက်ကျရင် အသေအချာ ပို့စ်တင်မယ်လို့ စိတ်ကူးထားပါတယ်။ ဒီတစ်ခေါက်လည်း ကဗျာလေးတွေ စာလေးတွေနဲ့ဆော့ခဲ့တဲ့ ကစားနည်းနှစ်ခုကို ပြန်စားမြုံ့ပြန်ကြည့် ပါဦးမယ်။ ပထမတစ်ခုကတော့ ပြောဖို့လည်းကောင်း ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေတဲ့ “ရွှေစွန်ညို”ပါပဲ။ ရွှေစွန်ညိုကစားနည်းဟာ […]