moesatrainJune 2, 20101min1136
သင်္ကြန်အကြတ်နေ့..X2o မဏ္ဍပ်ရှေ ့မှာ ဗုံးပေါက်ပီးကတည်းက….လူတော်တော်များများ ပြောနေကြတယ် …. ကန်တော်ကြီးပတ်လမ်းမှာ…..ဖြတ်သွားဖြတ်လာကားတွေကို …မကျွတ် မလွတ်သေးတဲ့ … သူတွေ ခြောက်လှန့်နေတယ်ဆိုပြီး..ကြားပါတယ် ….ဒါပေမယ့် မဖြစ်နိုင်ဘူး လို့ စိတ်ထဲက ထင်ထားပေမယ့် …တကယ်လက်တွေ ့ကြုံခဲ့ရတဲ့သူတွေကတော့ …အခုလိုပြောပြကြတယ်။ တာမွေမြို ့နယ်က…ညဘက်တက္ကစီမောင်းသမားတစ်ယောက်……. ကျုပ်..ဆယ်နာရီခွဲလောက်….တာမွေကနေ…မြို ့ထဲကစားသောက်ဆိုင်တစ်ခုက ဝန်ထမ်းတွေကို ကြိုပို့လုပ်ဖို့ …ကန်တော်ကြီးပတ်လမ်းအတိုင်း….မောင်းလာခဲ့တယ်ဗျ…အဲဒီနေ့မှထူးထူးဆန်းဆန်း အဲဒီ ဗုံးပေါက်တဲ့နေရာလည်း ရောက်ရော… ကားက ရှေ ့မှာရော နောက်မှာရောတစ်စီးမှမရှိအောင် ကို ပြတ်နေတယ် … ဒီအချိန်မှာ ….သိမ်ဖြူကွင်းဘေးအရိပ်တစ်ခုအောက်က အမျိုးသမီးတစ်ယောက် ပြေးထွက်လာပီး …ကျွန်တော့်ကားကိုတားပါတယ် ..ကောင်မလေးက ခပ်ငယ်ငယ်ဘောင်းဘီတိုနဲ့ပါ။ ကျွန်တော်လည်း ရပ်ပေးလိုက်တယ်… သူက တောင်ဥက္ကလာကို ဘယ်လောက်ပေးရမလဲတဲ့ ဟာ …ဒါဆိုလိုက်တော့ဘူး….ကျွန်တော်က ဟိုဘက်မှာသွားကြိုစရာရှိသေးလို့ပါလို့ပြောလိုက်တယ် သူက လိုက်ပို့ပေးပါ အစ်ကို […]