manawphyulayOctober 31, 20111min49718
မင်းအကြောင်း တွေးရလွန်းလို့ လက်ညိုးညွှန်းရာ ပန်းကဗျာဝေစေခဲ့ဖူးတဲ့ ငါ ခုတော့… လွမ်းစရာတွေ ခြေရာထပ် ကဗျာစပ်ဖို့တောင်ခက်နေပြီ ခံစားမှုတွေမြင့်တက် ကဗျာရေးတဲ့လက်ကတောင် ငါ့ကို မသထာတော့ဘူး မင်းနဲ့ပတ်သက်ခဲ့ဖူးတာဆိုလို့ အမြတ်တနိုး ခင်မင်ရုံ ရင်ခုန်သံကို တေးမသီ ကဗျာတစ်ပုဒ်တောင် စာမစီနိုင်ခဲ့ ချစ်တတ်တဲ့နှလုံးသားက အဲသည်လောက်ထိ လောင်ကျွမ်း ငါ… အရမ်းလွမ်းနေရတယ် ကောင်လေးရယ်………… မနောဖြူလေး ခံစားသီကုံးရေးဖွဲ့သည်။