သစ္စာမဲ့တဲ့ပိတောက် တစ်နှစ်လုံးလမ်းလျှောက်နေတယ်။ မိုးအနံ ့လေးပေးလိုက်မှဖြင့် ပြက္ခဒိန်ကိုမကြည့်ပဲ တစ်ပင်လုံးဝါထိန်နေအောင်ပွင့်နေတော့တာပဲ။ ဘယ်သူကမှဂရုမစိုက်လဲ တစ်လမ်းလုံးကြွေပစ်လိုက်တာပဲ သင်္ကြန်မှာပွင့်သလိုလဲမမွှေးဘဲနဲ ့ သူမိုလို ့ပဲများချင်နေသေးတယ်။ အဲဒိလိုနဲ ့ပဲ တွေ ့နေရတဲ့ပိတောက်ကြွေတွေ နွမ်းကြေနေတဲ့အိုက်တင်တွေနဲ ့ ကြေမွနေတဲ့စကားလုံးတွေသုံးပြီး ဟန်ဆောင်ပန်ဆောင်အပြုံးတုတွေနဲ ့ အင်တာနက်ဆိုင်ထဲမှာ ချက်တင်(chatting)ထိုင်နေကြလေရဲ ့………..။ နေဝန်းနီ