naywoon niOctober 18, 20101min680
ဓါတု…ပဋိဇီဝ တိုင်းရင်းဆေးများနဲ့ကျားကန်ရင်း ခန္ဓာကိုယ်ကိုဗေလင်စီညှိပြီး ကိုယ့်အသက်ကိုယ်ပိုးမွေးသလိုပြန်ပြီးမွေးမြူခဲ့ရ…။ ဟင်းလင်းပြင်ဒဿနကို ဖယောင်းတိုင်မီးတောက်အောက်မှာ အဆုံးအစမရှိမွှေနှောက်ရှာဖွေရင်း ခေတ်တစ်ခုကိုအပြေးအလွှားဖြတ်သန်းခဲ့ရ….။ ည…….. လ…… ဘဝ……… လုံးကောက်အဓိပ္ပာယ်တွေလဲပြို ယိုယွင်းနေတဲ့စိတ်ဓါတ်ကိုဖာထေး လှေတစ်စင်းနဲ့ အပူတစ်ပြင်းရေစုန်မျောခဲ့သူပါ..။ ခရီးတစ်ဝက်ရောက်ခါမှ ဘာအတွက်လာခဲ့ရသလဲဆိုတာကို အသေအချာပြန်သုံးသပ်ရင်း အဖြေရှာမရသူ…။ ရှေ့တိုးမလား….နောက်ပြန်ဆုတ်မလား ရှေ့သွားနေတာလား နောက်ပြန်သွားနေတာလား အသေအချာဝေခွဲမရတဲ့သူ မြစ်ခွဲများရဲကလမ်းကြောင်းတိုင်းမှာ လှေငယ်တွေများမှများ…..။ နေဝန်းနီ