MyFirstGreenSeptember 29, 20101min1894
မင်းပြောတဲ့စကားအခွန်းတိုင်းကို ငါ့နှလုံးသားထဲ ကျောက်ထက်အက္ခရာ တင်ထားတယ် မင်းအပြုံးလေး သတိရလိုက်တိုင်း စိတ်လှုပ်ရှားနေလို့ ငါ့နှလုံးသားတွေ နာကျင်နေပြီ မင်းမျက်ဝန်းလေး ငါ့အသိဉာဏ်ထဲ စွဲမှတ်နေလို့ လုံးဝကို ရူးသွပ်ချင်နေပြီ ကြည့်လိုက်တိုင်း နေရာတိုင်းမှာ မင်းအကြောင်းတွေဘဲ ပြည့်နေလို့ ဘာကိုမှ သေချာမမြင်နိုင်တော့ဘူး အချိန်တိုင်း အတွေးတိုင်းမှာ မင်းအကြောင်းတွေဘဲ စိုးမိုးနေလို့ စိတ်တွေအရမ်း ပျံ့လွင့်နေပြီ သတိမရပါဘူးလို့ အားတင်းရင်း အားတင်းရင်း အတွေးထဲက ထုတ်လို့မရနိုင်ဘူး မင်းကိုလွမ်းရလွန်းလို့ ငါ့နှလုံးသားတစ်ခုလုံး နာကျင်နေပြီ။ ပြင်းထန်လွန်းတဲ့ နှလုံးခုန်သံက ငါ့ရဲ့အသက်ရှင်သန်ချိန်ကို . . . . . . . . . .တိုတောင်းစေတယ်။ ။ My First Green


MyFirstGreenSeptember 28, 20101min1010
ငါ့ကိုယ်ငါ လုံးချေပြီးတော့ အမှိုက်ပုံးထဲ လွှင့်ပစ် ကိုယ်ကိုကိုယ် စွန့်ပစ်ခဲ့ပြီး ဘယ်သူကမှ ပြန်ကောက်မသိမ်း မထိ်န်းသိမ်းနိုင်လို့ ငါ့စိတ်တွေ တစ်စစီ ပြန့်ကျဲ ပလတ်စတစ်မှိုက် တွေလိုအသုံးမကျ မြေဆွေးလည်း မရလို့ ဘယ်နေရာမှ အသုံးမဝင် စွန့်ပစ်ပြီးရင်း စွန့်ပစ် ညစ်သထက်ညစ်လာ အကြောင်းရင်းကိုရှာ တရားခံရှာမတွေ့ ဟိုတစ်နေ့ကမှ ရုတ်တရက် ရိပ်ခနဲ တွေ့လိုက်ရတယ် မှန်ရှေ့မှာ ဖြတ်လျှောက်သွားတုန်းကပေါ့။ ။ My First Green


MyFirstGreenSeptember 28, 20101min1160
လူတွေရဲ့ အပြုံးကို နားလည်လိုက်တဲ့ အချိန်မှာ ငါ့နှလုံးသားက မျက်ရည်တစ်ပေါက် ခြွေချလိုက်တယ်။ နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ ဘယ်…မှာ…လဲ ငါအဝေးက သီချင်းလေးတစ်ပုဒ် ကြားလိုက်ရတယ် ငါ့ရင်ထဲ နွေးထွေးလှုပ်ရှားသွားလို့ အနားဆီ သွားကြည့်လိုက်တော့ သူ..ငါ့ကို..ပြုံးပြတယ် ပြောင်းလဲခြင်းမျိုးစုံနဲ့ ပြောင်းလဲတတ်ကြတဲ့ လူသားတွေက ပြောင်းလဲပြီးရင်း ပြောင်းလဲခဲ့တယ် နွေးထွေးခြင်း စစ်မှန်တဲ့ အပြုံးဆိုတာ ဘယ်…မှာ…လဲ ငါနားလည်လိုက်ပါပြီ ” လမင်းပမာ ” ဆိုတဲ့ တရားတော်ကို မင်းသိချင်ရင် ရှာဖတ်ကြည့်ပါ ငါကတော့.. တစ်ယောက်တည်းဘဲ ပျော်တော့တယ်။ ။ My first Green


MyFirstGreenSeptember 28, 20101min1150
ငါ တစ်ခါတစ်ခါ ပြုံးနေတတ်တယ် ဝမ်းနည်းမှုတွေနဲ့ပေါ့ ငါ တစ်ခါတစ်ခါ မှိုင်တွေနေတတ်တယ် အတိတ်တွေကို သတိရရင်းပေါ့ ငါ တစ်ခါတစ်ခါ ပျင်းနေတတ်တယ် စိတ်လေစွာနဲ့ပေါ့ ငါ တစ်ခါတစ်ခါ ကြိုးစားနေတတ်တယ် အနက်ရှိုင်းဆုံးမာနတွေနဲ့ပေါ့ ငါ တစ်ခါတစ်ခါ မုန်းနေတတ်တယ် လူတွေရဲ့ အတ္တ,တစ်ကိုယ်ကောင်းဆန်မှုကိုပေါ့ ငါ တစ်ခါတစ်ခါ ချစ်ခြင်းကို အယုံအကြည်ကင်းနေတတ်တယ် ငါ့ ချစ်သူကလွဲလို့ပေါ့ ငါ တစ်ခါတစ်ခါ လွမ်းနေမိတယ် မေမေနဲ့ သိပ်ချစ်ရတဲ့ချစ်သူကိုပေါ့ ပြီးတော့…. ငါ တစ်ခါတစ်ခါ သေချင်မိတယ် သေတဲ့သူတွေနေတဲ့ သေရွာဆိုတာ ရှိခဲ့ရင်ပေါ့။ My First Green


MyFirstGreenSeptember 28, 20101min1140
ကလောင်ကိုကိုင် ငါငိုင်နေတယ် ဘာရေးရမှန်းမသိဘူး ရင်ထဲမှာပြည့်ကြိတ်သတ် အတင်းဘဲတိုးထွက်နေလို့ မျက်ရည်တွေဘဲတောက်တောက်ကျ လွမ်းတယ်ကွာ ငါ့ရင်ကိုစုန်ကန် မင်းချန်ရစ်ခဲ့တဲ့လှောင်ပြုံးကြောင့် မာနတွေ ဆူပွက် မချမ်းဘဲတဆတ်ဆတ်တုန်ခဲ့ပေမယ့် တခါတရံမှာတော့ တကယ်ချစ်ခဲ့တာမို့ အတွေးထဲ လွမ်းဆွေးရင်း….. မျက်ရည်လည်။ ။ My First Green


MyFirstGreenSeptember 28, 20101min1080
အသစ်သို့ တဖန် ခင်ဖို့ရန် ပြန်မတွေ့ ဘဝရဲ့တစ်ကွေ့မှာ ခွဲခွာလို့ သွားရပြီ။ မတွေ့တော့ပြီမို့ ငဲ့ညှာဖို့မလို ထင်သလို ဝေဖန် မှန်သော်မှန် မှားသော်မှား တကယ်ပါ တို့ကတော့ ဘယ်တော့မှ စိတ်မဆိုးနိုင်တော့ပါဘူး။ ။ My First Green


MyFirstGreenSeptember 28, 20101min1170
တိမ်မိုးသားတို့ ဆန်းကြယ်လည်းလေ နေခြည်နွေးနွေး မျှော်လင့်ငေးရင်း နေ့ရက်တို့ကို ကုန်စေတယ်။ .. လေပြည်အေးအေး သင်းပျံ့လည်းလေ နေခြည်သို့သာ ငေးမျှော်မိရင်း ပူပြင်းလည်းလေ နေခြည်သည်သာ….. ငါ့ကမ္ဘာ။ My First Green


MyFirstGreenSeptember 26, 20101min2204
မြေသင်းရနံ့လေး သင်းပျံ့လွန်းလို့ ကိုယ့်ရင်ထဲလှုပ်ခတ် သေတ္တာငယ်လေးထဲ ထည့်လို့ သိမ်းထားမယ် ရနံ့တွေ မပျယ်ခင် ချစ်ရသူရယ် ပြန်လည်ဆုံတွေ့နိုင်ဖို့ အခွင့်ရချင်သေးတယ်။ My First Green


သူရႆဝါSeptember 23, 20103min2111
/* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} “ငါတို့ညီအစ်ကိုတွေ ဟိုရောက်ဒီရောက်” ငါတို့ အခု စိတ်ရှိလက်ရှိရေးနေကြတာဘာလဲ စိတ္တဇလား ဂေါ်လီလား ငါ့တို့မျက်လုံးရဲ့ ဟိုတစ်ဖက် တိုက်အမြင့်ကြီးပေါ်မှာ သေကြောင်းကြံခုန်ချတော့မယ့် ငါတို့ရှိတယ် ဒီမှာ … အလန်းဇယားနဲ့ အရင်ခေတ်ပြန်ရောက်သွားသလို ဘဲလ်ဘောင်းဘီနဲ့ လက်ချင်းချိတ်သွားတဲ့ နေရာ အဲဒီနေရာမှာပဲ ငါတို့ပင့်ကူအိမ်ကို ငါတို့ပြန်ယက်နေခဲ့တာ […]


သူရႆဝါSeptember 22, 20101min1743
<!– –> “ အ သ ည် း ကွဲ ေ န တဲ့ က ဗျ ာ ” ရ င် ထဲ မှ ာ ဆို့ န င့် ပြီ း ဘ ယ် လို စ က ာ း လုံ း မျိ ု း မှ လှု ပ် ချ လို့ ကျ မ လာ အဲ ဒါ အ ခု ေ ရ း ချ လို က် […]


zayyarchawSeptember 16, 20101min1720
ရေကြီး….. မီးလောင်…. မုန်တိုင်း….. ငလျင်…….. သည့်အပြင်နူကလီးယား….။ ။ ကမာ္ဘကြီးရယ် တစ်ရက်ထက်တစ်ရက် အကျည်းတန်လာလိုက်တဲ့ မင်းရုပ်သွင် လှချင်စမ်းပါဘိတောင်း ဘယ်သို့ပုံ ပြင်ရင်ကောင်း…။ ။ ချစ်ခြင်းမေတာ္တအားဖြင့် ဇေယျာမင်း


သူရႆဝါSeptember 6, 20107min1060
<!– “ဟယ်လင် … ရောက်ရာအရပ်က အမြန်ဆက်သွယ်ပါ” (၁) မင်းဘယ်တွေသွားနေတာလဲ ဟယ်လင် ဟယ်လို! ဟယ်လင်ရေ … ဟယ်လို တယ်လီဖုန်းဘေးမှာ ကိုယ်တစ်ယောက်တည်း ဆက်သွယ်မှုဧရိယာအတွင်းမှာလည်း ကိုယ်တစ်ယောက်တည်း ဟယ်လို! ဟယ်လို! ဟယ်လို! တူ …. တူ …. တူ …. တူ ………. တူ ………………………… (၂) အစစအရာရာ အဆင်မပြေဘူးဟယ်လင် မင်းကိုလွမ်းရတာကလွဲရင် ဘာဆိုဘာမှနေသားတကျမဖြစ်သေးဘူး ဂြိုဟ်သားလို ကိုယ်နားမလည်နိုင်တဲ့လူတွေရဲ့ဘာသာစကားကို ကိုယ်ကဂြိုဟ်သားတစ်ကောင်လို နားမလည်နိုင်ဘူးဖြစ်နေတာ သူတို့ရဲ့ အတက်အကျ၊ ပေါက်ဈေ း၊ မိုးလေဝသ၊ အရောင်းအဝယ်၊ မေတ္တာလက်ဆောင်၊ စေတနာဗရပွ၊ မျက်လုံးသူငယ်အိမ်၊ အဲဒါတွေအကြောင်းကို (စိတ်မပါလက်မပါ) ကိုယ်လေ့လာနေရတာ ဟယ်လင်ရေ … ကိုယ် စိတ် နှလုံး […]


သူရႆဝါSeptember 6, 20107min1550
<!– “ဟယ်လင် … ရောက်ရာအရပ်က အမြန်ဆက်သွယ်ပါ” (၁) မင်းဘယ်တွေသွားနေတာလဲ ဟယ်လင် ဟယ်လို! ဟယ်လင်ရေ … ဟယ်လို တယ်လီဖုန်းဘေးမှာ ကိုယ်တစ်ယောက်တည်း ဆက်သွယ်မှုဧရိယာအတွင်းမှာလည်း ကိုယ်တစ်ယောက်တည်း ဟယ်လို! ဟယ်လို! ဟယ်လို! တူ …. တူ …. တူ …. တူ ………. တူ ………………………… (၂) အစစအရာရာ အဆင်မပြေဘူးဟယ်လင် မင်းကိုလွမ်းရတာကလွဲရင် ဘာဆိုဘာမှနေသားတကျမဖြစ်သေးဘူး ဂြိုဟ်သားလို ကိုယ်နားမလည်နိုင်တဲ့လူတွေရဲ့ဘာသာစကားကို ကိုယ်ကဂြိုဟ်သားတစ်ကောင်လို နားမလည်နိုင်ဘူးဖြစ်နေတာ သူတို့ရဲ့ အတက်အကျ၊ ပေါက်ဈေ း၊ မိုးလေဝသ၊ အရောင်းအဝယ်၊ မေတ္တာလက်ဆောင်၊ စေတနာဗရပွ၊ မျက်လုံးသူငယ်အိမ်၊ အဲဒါတွေအကြောင်းကို (စိတ်မပါလက်မပါ) ကိုယ်လေ့လာနေရတာ ဟယ်လင်ရေ … ကိုယ် စိတ် နှလုံး […]