ငါဟာ သက်ရှိ ငှက်တကောင်ပါ ငါဟာ ပျံသန်းနေရတယ်၊ ပျံသန်းရင်း ငါအစာရှာတယ်၊ ရပ်နားခြင်းဟာ ငါ့အတွက် အစာစားခြင်းနဲ့ အိပ်စက်အနားယူခြင်းပါဘဲ ငါဟာ အသိုက်အမြုံကို ကိုယ်တိုင်တည်ဆောက်ခဲ့တာလဲ ရှိသလို၊ သူများတည်ဆောက်ထားတဲ့ အသိုက်အမြုံမှာလဲ ငါခိုနားခဲ့ဖူးတယ် ငါ့ဘဝကို ငါရိုးရှင်းစွာ တည်ဆောက်နေတုန်း။ နွေဦးရဲ့ တရက်မှာတော့ …………………..   ကြက်ဖကြီး တကောင်က ငါ့ကို မေးတယ် “ ငှက်ကလေး မင်းဘယ်လောက် ဝေးဝေး ပျံသန်းခဲ့ပြီလဲ၊ အမြင့်ဘယ်လောက်ထိ ပျံသန်းနိူင်ခဲ့ဖူးလဲတဲ့ ” အမြဲ တုန့်ပြန်မှု အားကောင်းတဲ့ ငါ့နှတ်သီးတွေ တဒင်္ဂ ဆွံ့အခဲ့ရတယ်။ အလိုက်မသိတဲ့ စာဘူးတောင်း ငှက်မငယ်က ကြားကနေ ကြက်ဖကြီးကို မေးတယ် ” ဦးကြက်ဖကြီး အကွာအဝေးဆိုတာ တလျှောက်တည်းလား တဖြောင့်တည်းလား? ခေါက်တုန့် ခေါက်ပြန် သွားတာမျိုးရော အကွာအဝေးဘဲလားတဲ့” ကြက်ဖကြီးကတော့ ခပ်ပြုံးပြုံးဘဲ […]