– – – – – – – – – – ကျောက်ကလပ် တောင် လတ်/လောင် 16.81827, 97.64056 မှာတည်ရှိပါတယ်.. (လတ်လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ် ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာ ဘားအံကို ရောက်ရှိပြီး  ရေမိုးချိုးစားသောက် အရင်ဆုံး ကျောက်ကလပ် တောင်ကိုသွားကြပါတယ်.. ကျောက်ကလပ်တောင်ကတော့ ကလပ်ပုံစုံ ဖြစ်နေတဲ့ ကျောက်တောင်ဖြစ်ပါတယ်.. ရှင်းရော ကန်ကြီးရဲ့ အလယ်မှာ ကျွန်းပုံစံ ရှိနေတာဖြစ်ပြီင်္း တံတားထိုးထားပါတယ်.. တံတားကနေသွားပြီး ကျောက်တောင် ကို တက်လို့ရပါတယ်.. ဘုန်းကြီးကျောင်း လဲရှိပါတယ်.. ကျောက်တောင်ထိပ်မှာ စေတီလေးတည်ထားပါတယ်.. တဝက်လောက်အထိ တက်လို့ ရပြီး တောင်ကလပ် ထိပ်ကိုတော့ […]


ကိုပေါက်အားကျလို့ ခရီးသွားမှတ်တမ်းစတိုင် စာလေးပေလေးနဲ့ ရေးလိုက်ဦးမယ်.. ဒီတစ်ခေါက် ဂိုးမှာ ကတော့ ကရင်ပြည်နယ်၊ ဘားအံ ကိုပေါ့ဗျာ.. ည ၁ဝ နာရီကားနဲ့ထွက်ကြပြီးစတင်လိုက်တယ် ပဲခူးရောက်တော့ ၁၂ နာရီ ခွဲ.. ကားက ဘရတ်ပေါက်နေတာကို ပြင်နေတာနဲ့ ၂ နာရီ ၃ဝ လောက်မှ ပြန်ထွက်ဖြစ်ကြပါတယ်.. ဘရိတ်ပေါက် ထားတယ်ဆိုတော့စီးရတာ ခန့်လန့်လန့်.. ညကမှောင်မှောင် အလင်းရောင်က ဖြော့တော့တော့ အဝေးပြေးလမ်းပေါ်မှာ ပြေးနေတဲ့ ကားက တလှစ်လှစ်.. သေချာမသိတဲ့ တံတားအတက်မှာ ရုတ်တရတ်ရှေ့ကဝင်လာတဲ့ ကုန်ကားကို အရှောင်.. ကားကတံတားချဉ်းကပ်လမ်းပေါ်က အရှိန်နဲ့ ချော်အကျ.. အားလုံး ဟာ ကနဲ .. တံတားဘောင်ကြီးကို ဝုန်းကဆိုတိုက်မိလိုက်တဲ့ အချိန် နဖူးက တိန်ကနဲမည်သွားသံနဲ့ လန့်နိုးလို့ကြည့်လိုက်တော့ အဝေးပြေးလမ်း ကျဉ်းကျဉ်းလေးမှာ […]