moonpoemJune 11, 20141min21915
ပြောရမယ်ဆိုရင်ဖြင့် ပေါ့ဗျာ။ရန်ကုန်မှာ ကားကြပ်ခြင်းတွေကို အမြန်ဆုံး အဆင်ပြေအောင် လုပ်နိုင်တဲ့ နည်းလမ်းက မရှိဘူး မဟုတ်ဘူးနော် ရှိတယ် ခင်ဗျ။ကျွန်တော် မပြောတာ ကျွန်တော့်အကြောင်းနဲ ့ကျွန်တော်ရှိတယ်။ ဘယ်သူမှတော့ မသိစေနဲ ့ခင်ဗျားကို ကျွန်တော် ပြောပြမယ် နားထောင်နော်။ ပြီးရင် ဘယ်သူ ့မှ ပြန်မပြောရဘူးနော်။ ကျွန်တော်တွေးမိတယ်ဗျ။ ရန်ကုန်မြို ့တော်တွင်း ဆိုင်ကယ်မဝင်ရ ဆိုင်ကယ်မစီးရဆိုပြီး သတ်မှတ်မယ့်အစားရန်ကုန်မြို ့တော်တွင်း ကားမဝင်ရ ကားမစီးရဆိုပြီး သတ်မှတ်လိုက်ရင် ကားကြပ်ခြင်းတွေဟာ အချိန်တိုအတွင်းမှာပဲ ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်သိနေတယ်ဗျ။ ပြည်သူတွေက ဆိုင်ကယ်စီးရင်စီး၊ မစီးချင် စက်ဘီးစီးပြီး အလုပ်သွားလေဗျာ။အားလုံးအေးဆေးပဲ။မိသားစုလိုက်သွားချင်လာချင်ရင် ဆိုက်ကားစီးသွား။တောကဆွေမျိုးတွေ လာရင် မြင်းလှည်းစီး နွားလှည်းစီး။ နိုင်ငံခြားသားတွေကိုလည်း လေယာဉ်ကွင်းကနေ မြင်းလေးတစ်ကောင်ဆွဲပြီး သွားကြို။အုပ်စုများရင် မြင်း၄ကောင်ဆွဲတဲ့ မြင်းရထားကြီးနဲ ့ကြို။ဒါဆို ကားပါမစ်တွေ […]