“ကျွန်တော်က ရန်ကုန်ကနေအစည်းအဝေးရှိလို့ တစ်ယောက်တည်း ကားကို ဖြည်းဖြည်းလေးမောင်းပြီး မနက်၆နာရီလောက် ထွက်လာတာ။ ၉နာရီကျော်လောက်ပဲရှိသေးတယ် မိုင်တိုင်အမှတ် (/)မှာ ကားတစ်စင်းမှောက်ပြီး ကားကလည်း တစ်စောင်းကြီးဖြစ်နေတယ်။ အစည်းအဝေးဆိုပြီး တက်လာတာမို့ ဆေးအိတ်မပါလာတာရယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ဖို့၊ ပြုစုဖို့က ကျွန်တော်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်တာရယ်ကြောင့် ရှေ့ဆက်မောင်းလာပြီး တွေ့တဲ့ရဲစခန်းကို ဝင်သတင်းပို့လိုက်တော့ အဲဒီစခန်းကပုဂိ္ဂုလ်က အဲဒီနေရာက သူတို့အပိုင်မဟုတ်ဘူး၊ သူတို့နဲ့မဆိုင်ဘူး ဆိုပြီးပြန်ပြောတယ်။ ဘာမှဝေးတာမဟုတ်ဘူးနော်။ ကျွန်တော်က အဲဒါဆိုလည်း သက်ဆိုင်တဲ့ အပိုင်စခန်းကို ဆက်ပြီးအမြန်အကြောင်းကြားပေးပါ။ ဘယ်အချိန်ကတည်းက မှောက်နေမှန်းမသိဘူး၊ အချိန်ကြာသွားရင် ခက်မယ်လို့ အတင်းတောင်းတောင်းပန်ပန်နဲ့ပြောခဲ့ရတယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော့်အပိုင်မဟုတ်ဘူး ဆိုပြီး ကျွန်တော့်ကိုငြင်းနေစရာမလိုဘူး၊ သူ့ဘာသာပဲ ‘ဟုတ်လား၊ နေရာအတိအကျလေးပြောပေးပါ’ ဆိုပြီး ပြာပြာသလဲနဲ့ သူ့အပိုင်မဟုတ်လည်း ကိုယ့်စခန်းမှာ လာသတင်းပေးနေပြီပဲ၊ သက်ဆိုင်တဲ့စခန်းကို ဆက်သွယ်ရေးစက်တို့ ဖုန်းတို့နဲ့ပြောပေး အရေးတယူဆောင်ရွက်ပေးစေချင်တာပါ၊ […]