VictoryJuly 18, 201225min41917
အားလုံးသိလိုသူများအတွက်တစုတဝေးတည်းဖတ်နိုင်ရန် စေတနာသန့်သန့် ဖြင့်စုဆောင်းဖော်ပြပေးခြင်းသာဖြစ်ပါသည်။ ~~ ~~ ~~   သမိုင်းတကွေ့မှ ဂဠုန်ဦးစော  သန်းဝင်းလှိုင် ဧပြီ ၃၀၊ ၂၀၁၁  မြန်မာနိုင်ငံ လွတ်လပ်ရေးရအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်ကြီးများအား  ဂဠုန်ဦးစောနှင့် သူ၏ နောက်လိုက်လူသတ်သမားတစုက လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရရှာသည်။ ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ ို ကိုအမှတ်တရရှိစေခြင်းငှာ ‘အာဇာနည်နေ့’ အဖြစ်ကျင်းပလာခဲ့သည်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ် ၆၄ နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ‘သေသောသူ ကြာလျှင်မေ့’ ဆိုရိုးစကားရှိသော်လည်း ယနေ့တိုင် ပြည်သူတရပ်လုံးက ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့တိုင် တအောက်မေ့မေ့၊ တတမ်းတတနှင့် လွမ်းရှိန်မပျောက်၊ တသွေ့သောင်းသောင်း၊ […]