ဆရာတော်ဦးဇောတိက ရေးတဲ့ ကဲ့ရဲ့ခြင်း၊ချီးမွမ်းခြင်း ဆိုတဲ့စာအုပ်လေးထဲကလို ကိုယ့်ကိုကိုယ်ပြန်ပြီး၊စဉ်းစားမိသွားတယ်။ဆရာတော်ရေးသားခဲ့သည့် အတိုင်းကျွန်တော်ကလည်း ငယ်စဉ်ထဲက သူများနဲ့ ငြင်းခုံရမယ်ဆိုရင် သူကြိုက်တဲ့ဘက်သူနေ၊ သူ မကြိုက်တဲ့ဘက်ငါနေဘဲ။ အဲဒီ…အကြောင်းအရာတစ်ခုကိ့ သူများကပြောရင် ကိုယ်လက်မခံတဲ့အကြောင်းအရာပါလာလို့ကတော့ အဲဒါကို အကြွေးမထားဘူး။အဲဒီနေရာမှာတင် အထောင်အထားတွေ အများကြီးနဲ့ထောက်ပြလိုက်တယ်။စာတွေဖတ်ပြီး သိသလောက်နဲ့ လိုက်အုပ်တော့တာပဲ။  ကြာတော့ဘာဖြစ်လာလဲ ..လူမုန်းများလာတယ်၊ဘာသာရေးနဲ့ပက်သက်ရင်ပိုပီးဆိုးပါတယ်။ ငါသူများအပြစ်တွေပဲရှာပြီးပြောရင်။သူများကလည်းငါအပြစ်ကိုပြန်ရှာမှာပဲ။နောက်တစ်ခုက ဝေဖန်တဲ့သူတိုင်းကိုလိုက်ရှင်းနေရင် မိမိရဲ့အရေးကြီးတဲ့အလုပ်တွေပျက်ပါတယ်။ You don’t have to explain yourself. ကိုယ်တစ်ခုခုလုပ်တိုင်းလူတိုင်းကို လိုက်ပြီးရှင်းပြနေစရာမလိုပါဘူးတဲ့။ ကိုယ်မှန်တယ်ထင်တာ ကောင်းတယ်လို့ထင်တာတွေကို အတတ်နိုင်ဆုံး စဉ်းစားပြီးလုပ်ပါတဲ့။ ဘာကိုမှလွယ်လွယ်နဲ့လက်ခံပါနဲ့တဲ့။ဘာသာတရားနဲ့ပက်သက်ရင်ပိုပြီးတော့စဉ်းစားရပါမယ်။ မှန်ကိုဘာကြောင့်ကြည့်တာလဲ..ကိုယ့်မျက်နှာမှာ ကြည့်မကောင်းမြင်မကောင်းတာ ဘာများရှိလဲဆိုပြီးကြည့်တာပါ။နေ့တိုင်းနေ့တိုင်းမှန်ကြည့်ကြတယ်၊ မကြည့်ဖြစ်တဲ့သူရှိလား။မရှိပါဘူးတဲ့။မြင်မကောင်းတာကြည့်မကောင်းတာတွေကို လူကြားထဲသွားရင် သူများမြင်သွားမှာ ရှက်တာပေါ့တဲ့။ မျက်နှာကို မှန်မှာကြည့်ပြီးတော့ မြင်မကောင်းတာတွေကို၊မျက်နှာသစ်လိုက်သလို၊သန့်ရျင်းအောင်လုပ် သလိုကိုယ့်စိတ်ကိုလည်း ကိုယ်ကြည့်ပြီးတော့ ဘာများလွဲမှားနေသလဲ ဆိုပြီး ပြင်ရတာ ကိုယ်အတွက်အင်မတန် အကျိုးများပါတယ်။ မှန်တိုင်းလည်းမပြောသင့်ဘူးတဲ့၊မှန်တိုင်းပြောရင်လည်းမုန်းတဲ့လူများမယ်တဲ့။ ဘယ်လိုဝေဖန်မလဲ၊ကိုယ့်ကိုကိုယ်ဝေဖန်မယ်…ကိုယ့်ကိုကိုယ်ညာရင် […]