ကျနော်တို့ အလုပ်သွားလုပ်ဖူးတဲ့ ကချင်ပြည်နယ်က ဒေသလေးတစ်ခုမှာပေါ့ဗျာ ၊ ဗမာစကားသိပ်မပေါက်တဲ့ (ဗမာစကားသိပ်မပြောတတ်)တိုင်းရင်းသားတွေနဲ့ အလုပ်တွဲလုပ်ရတယ်။ ကျနော်တို့ ကျောင်းပြီးခါစ အလုပ်ခွင်စဝင်တဲ့အချိန် ဆရာတွေကလက်တွဲခေါ်ပေးတာပေါ့ဗျာ။ ကျနော်တို့ကတော့ ဆရာကို ဆရာလို့ပဲခေါ်တာပေါ့ဗျာ ၊ရွာသားတွေခေါ်တာက ဟေ့ကောင်ဆရာတဲ့(ဟီးးး အဲ့ဒီမှာစလွဲတာပဲ) သူတို့ကိုရိုင်းတယ်လည်းပြောလို့မရဘူးလေ၊ သူတို့မှ ဗမာစကားကို ရေရေလည်လည်မပြောတတ်တာကိုး။ တစ်နေ့ကျတော့ဆရာက ရွာသားတွေကိုမေးတယ် ၊ မင်းတို့တွေထဲမှာ မုဆိုးလုပ်တဲ့လူပါလားပေါ့ ၊ ရွာသားတစ်ယောက်က သူ့အဖေက မုဆိုးဖြစ်တဲ့အကြောင်းပြောပြတယ်၊ ဆရာကလည်း တွေ့ချင်တယ် ခေါ်ခဲ့ပါလို့ပြောတာပေါ့၊ ရွာသားကလည်း ရွာပြန်ပြီးသူ့အဖေကိုသွားခေါ်လာတာပေါ့ ၊ သူ့အဖေလည်းပါလာပါတယ် ၊ ဆရာနဲ့ မိတ်ဆက်ပေးတဲ့အချိန်ပြောတဲ့စကားလေး ရေလည်လန်းဒယ် ရွာသူားတွေ မှတ်ထားနော် ပြောပြမယ်… ဟေ့ကောင်ဆရာ မင်းတွေ့ချင်တဲ့ ငါ့အဖေဆိုတာ ဒီကောင်ဘဲ တဲ့