မိုခ်ိဳApril 26, 20121min16823
မြန်မာပြည်မှာ နည်းအမျိုးမျိုးသုံးပြီးလိမ်လည်တတ်တဲ့လူလိမ်တွေရှိပါတယ်။ မသိနားမလည်တဲ့သူတွေ၊ အယုံလွယ်သူတွေ ၊လောဘကြီးသူတွေ၊ အားနာတတ်သူေတွေဟာ လူလိမ်တွေရဲ့သားကောင်ဖြစ်တတ် တယ်လို့သိထားတဲ့ ကျမ၊ စာအစုံဖက်လေ့ရှိပြီး ၊လူတိုင်းကိုအယုံအကြည်မရှိတတ်၊ အား မနာတတ်တဲ့ကျမ ၊ အလိမ်ခံ ရလိမ့်မယ်လို့ဘယ်တုန်းကမှမထင် မိပါဘူး။ ဒါပေမယ့် လူလိမ် က အိမ်ပေါ်ထိ ဆိုက်ဆိုက်မြိုက်မြိုက ်တက်လာပြီး တစ်မိသားစု လုံးကို လိမ်တာပါ။ လိမ်တယ်ဆိုတာထက် ခြိမ်းခြောက် တဲ့ပုံစံ ပိုပေါက်ပါတယ်။ မှတ်မှတ်ရ ၂၀၀၉ ခုနှစ် သင်္ကြန်ပြီးကာစ နှစ်ဆန်း ၂ရက်နေ့ အိမ်မှာ ကျမရယ်၊ အမေရယ်၊ ကျမမောင်ရယ်၊ သားသား(၅နှစ်)ရယ် ရှိနေချိန် လူတစ်ယောက် အိမ် ထဲဝင်လာပါတယ်။ ခြံဝင်း တံခါး ကအမြဲတမ်း သော့ချိတ် ထားတတ်ပေမယ့် အဲဒီနေ့ကသားတိုု့တူဝရီး မုန့်ထွက်ဝယ်ပြီး သော့ပြန်ချိတ်ဖို့မေ့ခဲ့လို့အဲဒီလူ အလွယ်တကူ အိမ်ထဲရောက်လာတာပါ။ […]