koyin sithuDecember 16, 20111min32214
တစ်နေ့သ၌ ကျွန်ုပ်သည် ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရှယ်ချိုကျတစ်ခွက်၊ ဆေးလိပ်တစ်လိပ် ဖွားရင်း ရောက်တတ်ရာရာ တွေးတောရင်း ထိုင်နေလေ၏။ ထိုအချိန်၌ပင် ကျွန်ုပ်၏ ဝိုင်းသို့ ကျွန်ုပ် လွန်ခဲ့သော နှစ်အနည်းငယ်က (၁၀)တန်း Guide သင်ပြပေးခဲ့ဖူးသော ညီငယ်လေးတစ်ယောက် ရောက်လာလေသည်။ (ကျွန်တော် ဆယ်တန်းအောင်ပြီးတော့ ၁ဝတန်း Guide အလုပ်ဖြင့် ကျောင်းစရိတ် ကာမိစေရန်အတွက် ငွေရှာခဲ့ဖူးပါတယ်) ထို ညီငယ်လေးသည် ယခုအခါတွင် ဆေးကျောင်းတက်ရောက်လျက်ရှိသော ဆေးတက္ကသိုလ်ကျောင်းသားကြီး အဖြစ်သို့ပင် ရောက်ရှိနေလေပြီ။ မူစလင်ဘာသာဝင်ဖြစ်တဲ့ ထို ကျောင်းသားလေးကို သင်ခဲ့ဖူးသမျှ တပည့်လေးများထဲတွင် ကျွန်ုပ်စိတ်ထဲတွင် လွန်စွာ မှတ်မှတ်ရရဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ထို ကျောင်းသားလေးကို ကျွန်ုပ် (၁၀)တန်းကို နှစ်နှစ် ဆက်တိုက် မြန်မာစာ၊ သချင်္ာ၊ ရူပဗေဒ ဘာသာရပ်သုံးခုကို […]