ၾကယ္ေလးFebruary 7, 20111min882
စည်းလုံးညီညွတ်သော နိုင်ငံတော်သစ် ထူထောင်ရေးအတွက် (၁၉၄၅ မှ ၁၉၄၈) ကာလ အိပ်မက်ဆန်ဆန်ရရှိခဲ့သော လွတ်လပ်ရေး ၁၉၄၅ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် လွတ်လပ်ရေးသည် အိပ်မက်ဆန်ဆန် ရရှိခဲ့ပေသည်။သို့သော် ထိုနေ့၌ လွတ်လပ် ရေးရခြင်းကို မသိသော ကိုရီးယားလူမျိုးများသည် ဒုနဲ့ဒေး ဖြစ်ပါသည်။ ၁၅ရက်နေ့ မနက်ပိုင်းတွင် ဆိုးလ်မြို့ နေရာတော် တော်များများ၌ “ယနေ့ မနက် အထူးသတင်း၊ သန်း(၁၀၀) ရှိသော ပြည်သူလူထုကြီး မဖြစ်မနေဖတ်ကြရန်”ဆို၍ ရေးသား ထားသော နံရံကပ်ကြော်ငြာအား ကပ်ထားသော်လည်း ထိုကြော်ငြာအား ဂရုတစိုက် ဖတ်သောသူသည် လူနည်းစုသာ ရှိခဲ့ပေသည်။ နေ့လည် ၁၂နာရီတွင် ထုတ်လွှင့်ခဲ့သော ဂျပန်ဘုရင့်အသံလွှင့်ဋ္ဌာန၏ အသံထုတ်လွှင့်ချက်သည်လည်း ဂျပန် ဘာသာနှင့် ထုတ်လွှင့်သည့်အတွက် နားလည်ရန် ခက်ခဲပြီး၊ ရေဒီယို ပိုင်ဆိုင်သည့် […]