၁၉၈ဝ ခုနှစ် ဝန်းကျင်နှစ်များတွင်မြန်မာနိုင်ငံသားအများစု၏ စိတ်ဝင်စားမှူှကိုရရှိခဲ့သော မော်တော်ယဉ်တစ်မျိုးရှိခဲ့ပါသည်။ထိုစဉ်က နိုင်ငံရပ်ခြားမှေမော်တော်ကားတင်သွင်းပိုင်ဆိုင် ခွင့် ရရှိသူ အများစုမှာ နိုင်ငံခြားဝင်ငွေရှိသူ နိုင်ငံခြား သင်္ဘောသားများဖြစ်ကြပါသည်။ ထိုသင်္ဘောသားများ၏ ထင်ရှားမှူှနှင့်အပြိုင်သင်္ဘောသားကားဟု ထင်ရှားခဲ.သည့် ဟိုင်းလပ်အမြန်ယာဉ်များပင်ဖြစ်ပါသည်။ ထိုကာလများမှစပြီး ရန်ကုန်မြို.တွင်း ခရီးသည်ပို.ဆောင်ရေးယာဉ်လိုင်းများတွင်လည်းဟိုင်း လပ် ကားများနေရာယူလာကြသည်။ဟီးနိုး၊ဘီအမ်၊ရိန်းဂျားကားများကြားတွင်သင်္ဘောသား ကားများက တလှစ်လှစ်ပြေးလွှားကာစူပါစတားဖြစ်နေပါတော.သည်။ စာရေးသူတို.ငယ်စဉ်ကျောင်းသားဘဝကလည်း အဆိုပါဟိုင်းလပ်ကားများစီးကာ ကျောင်း သွားကျောင်းပြန်ပြုခဲ့ရပါသည်။ဘေးတန်း၊အလယ်ခုံ၊တွယ်စီး၊ချိတ်စီး၊အမိုးပေါ် စသည့်နေရာ စုံတွင် ကြုံသလိုပုံစံ အမျိုးမျိုးစီးနင်းကာ ကြီးပြင်းလာရပါသည်။ “ ဘေးတန်းကလေးပြည့်အောင်ထိုင်ပေးပါ “ “ အလယ်လေးကနောက်ဆုတ်ပေးပါ “ “ ခြေတစ်ချောင်း လက်တစ်ချောင်း ဆို တော်ရောပေါ. “ “ဘေးတန်းနောက်မှီ လေးတွေသတိထား အပေါ်ကဆင်းမယ် “ “လှည့်ကင်းရှိတယ် ခေါင်းလေးတွေထည့်ပေးထားပါ “ စသည့် ဟိုင်းလပ်ယဉ်ကျေးမှုဝေါဟာရများကြားမှာနားရည်ဝနေကြပြီဖြစ်သည်။ ကြင်စဦးဇနီးမောင်နှံထက် ပိုသည့်ပူးကပ်ထိုင်ရခြင်းမှာကျင့်သားရနေပြီးဖြစ်သည်။ […]