“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁5)” (အင်းလေးခေါင်တိုင်သို့အသွား) ပြီးခဲ့တဲ့ နှစ်ရက်လောက်က အောင်ပန်းကမိတ်ဆွေတွေနဲ့ ညစာစားရင်းနောက်နေ့ မှာနာမယ်ကျော်အင်းလေးကန်ကို ဘုရားဖူးသွားကြဘို့ တိုင်ပင်ကြပါတယ်။ လာမယ့်လကွယ်နေ့မှာသူတို့လဲဈေးပိတ်တော့ အတူသွားကြဘို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့်အဖိတ်နေ့ရောက်တော့ သူတို့ ထဲက တစ်ယောက်က ကလောကို ရုံးကိစ္စနဲ့ သွားရမယ်၊နောက်တစ်ယောက်ကလဲ အိမ်မှာ ကျန်းမာရေးအတွက်ဆေးကုဘို့ ရွာကနေရောက်လာတဲ့ ဧည့်သည်ကို ဆေးရုံ လိုက်ပို့ရမယ်ဆိုတဲ့အကြောင်းကပေါ်လာပါတယ်။ သူတို့ကကျနော့်ကို ကတိပျက်မှာလဲစိုး ဧည့်ဝတ်မကျေမှာလဲစိုးတော့ သူတို့မှအခက်တွေ့နေတယ်ဆိုတာသိရပါတယ်။ ကျနော်ကလဲ အားနာဘို့မလိုတဲ့အကြောင်းရယ်၊ကျနော်ကို ကားသာငှားပေးလိုက်ပါလို့ပြောရပါတယ်။ ကျနော်က တော့ တကယ်တမ်းပြောရရင် ဘယ်လိုသွားရမယ်ဆိုတာလုံးဝမသိတော့ သူတို့စီစဉ်ပေးတဲ့အတိုင်းသွားရုံပါဘဲ။ ဒါနဲ့သူတို့ငှားသွားနေကျကားငှားတဲ့အိမ်ကို သွားကြတော့ သူ့ကားက ဘရိတ်သိပ်မကောင်းလို့ ကားပြင်စရာရှိတော့ မလိုက်နိုုင်ဘူးဖြစ်နေပါတယ်။သူကဘဲဖုန်းဆက်ပြီးနောက်တစ်ယောက်ခေါ်ပေးတော့ ကျနော်တို့ထက်အသက်နည်းနည်းကြီး တဲ့လူတစ်ယောက်ဗင်ကားလေးနဲ့ရောက်လာပါတယ်။ ကားခဈေးပြောကြတော့ အသွားအပြန်သုံးသောင်းခွဲ လို့ပြောပါတယ်။ တစ်ယောက်က ညောင်ရွှေထိမသွားနဲ့ ခေါင်တိုင်စခန်းကို ဘဲပို့ခိုုင်း အဲဒီမှာကားထားပြီးမှ အင်းထဲကိုသွား […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၄)” (ကလောမြို့ကိုရောက်တယ်…..ဒါပေမယ့်) မနက်အိပ်ယာထ လမ်းလျှောက်ထွက်ရာက အပြန် ကျနော်တည်းတဲ့နေရာရောက်တော့မနေ့တုံးက ကျနော်ကိုလိုက်ပို့တဲ့ ဆိုင်ကယ် ကယ်ရီသမားလေး ဖိုးလုံးက လမ်းလက်ပြရင်း ကျနော်ဆီကိုလျှောက်လာပါတယ်။ သူ့ကို ကလောသွားချင်တယ်ပြောထားတာကိုး။ အဲဒါနဲ့မနက်ဆယ်နာရီလောက်သွားမယ်လို့သူနဲ့ချိန်းလိုက်ပါတယ်။ မနက်8နာရီလောက်ရောက်တော့ အထက်ဈေးဘက်ကိုသွားလက်ဖက်ရည်သောက်မုန့်စား။ ပြီးတာနဲ့ဈေးထဲက မတွေ့ရသေးတဲ့ မိတ်ဆွေဆိုင်တွေကိုသွား စကားစမြည်ပြော။ ကိုးနာရီခွဲလောက်ရောက်တော့ဈေးထဲကနေတည်းခိုးခန်းကိုပြန်လာခဲ့ပါတယ်။ ရေချုးိမယ်လုပ်တော့ ရေကမလာ။ ကောင်လေးတွေမေးကြည့်တော့မီးမရရင်ရေမတက်ဘူးလို့ပြောပါတယ်။ ကြည့်လိုက်တော့ တည်းခိုးခန်းရှေ့က ဓါတ်တိုင်တွေကြိုးလဲနေတာတွေ့ရပါတယ်။ အဲတော့ အိမ်သာတက်ဘို့တောင်ရေအခက်အခဲရှိပါတယ်။ ခဏနေတော့ ကောင်လေးတွေက ရေချုးိခန်းထဲကို သုံးဘို့ရေ ပလပ်စတစ်ပုံးလေးနဲ့လာထားပေးသွားပါတယ်။ သူတို့ကိုအားနာတာနဲ့အောက်ထပ်မှာဘဲရေဆင်းချိုးတော့ အေးလိုက်တာလွန်ပါရောလို့ဘဲပြောရပါတော့တယ်။ ဆယ်နာရီထိုးတော့ အတူသွားမယ့်ကိုဖိုးလုံးကလဲအဆင်သင့်။ ဒါနဲ့သူနဲ့နှစ်ယောက်အတူ ကလောမြို့ဘက်ထွက်ခဲ့ပါတယ်။ မိုးတိမ်တွေကြားက ထင်းရူးပင်တွေနဲ့ပြည့်နေတဲ့တောင်တန်း တောင်တန်းမိူင်းညို့ညို့ ကြားမှာအိမ်လေးတစ်လုံးက နေချင့်စဖွယ် လမ်းခရီးတော့ တောင်တက်တောင်ဆင်းလမ်းကလေးက သာသာယာယာ။ အဲဒီနေ့ကမိုးလေးအုံ့နေတော့ ပိုပြီးနေလို့ထိုင်လို့ကောင်းပါတယ်။ မန်းလေးမှာဆိုရင်ကျနော်က ဆိုင်ကယ်အမြဲမောင်းပါတယ်။ အခုသူများမြို့ရွာမှာဆိုတော့ […]


ခါတိုင်းနှစ်ဒီလိုအချိန်ဆိုရင် မန်းလေးက ကန်တော်ကြီးလို့ အမည်ပေးတဲ့တက်သိမ်းအင်းမှာရေတွေဗောင်းလံလို့ ပြည့်လျှံနေပါတယ်။ ဒါကတော့ အရင်မနှစ်ဒီအချိန်လောက် က ရေပြည့်နေချိန်နေ့လည်ခင်းလေးက မြင်ကွင်းတွေပါ။ အခုအောက်ကပုံတွေကတော့ လက်ရှိ ကန်တော်ကြီးက ပုံလေးတွေပါ။ ကန်ကိုနက်အောင်တူးမယ်ဆိုလို့ ရေဆက်မသွင်းဘဲထားပါတယ်။ ရေကနည်းတာတော့ တော်တော်လေးကိုနည်းသွားပါတယ်။ ကန်ထဲမှာမြက်ပင်လေးတွေတောင်စိမ်းလို့နေပါတယ်။ဒီပုံလေးတွေက မနက်ခင်းလေးမှရိုက်ထားတာဖြစ်ပါတယ်။ ရေနည်းချိန်နဲ့ရေပြည့်ချိန်ကွာခြားပုံလေးကိုယှဉ်ကြည့်ရအောင်တင်မိပါသဗျာ


ကောင်းမှု့တော်ဘုရားရဲ့တောင်ဘက်ခြမ်းကပုံလေးပါ။ နေပူတော့ အရိပ်အောက်မှာခိုနေရင်းကနေမြင်ရတဲ့ ခေါင်းလောင်းလေးကြားက ရွှေရောင်ဝင်းတဲ့စေတီကြီးပုံတော်ပါ။