“ကျနော်တို့ဝမ်းတစ်ထွာနဲ့သူတို့ဝမ်းတစ်ထွာ အပိုင်းတစ်” ကျနော်ဒီတစ်ခေါက် ရှမ်းမြောက်ကို ခရီးသွားဖြစ်ပါတယ်။ ဇွန်လဆန်းမှာပေါ့။ ခရီးကတော့ တရုပ်ပြည်နယ်စပ်ကျယ်ဂေါင်ထဲကိုသွားမှာပါ။ အဲတော့ တံတားလေးတစ်ခု မြစ်ကလေးတစ်စင်းကိုကျော်လိုက်တာနဲ့ရောက်သွားနိုင်တဲ့ ရွှေလီဆိုတဲ့မြို့ထဲကိုရောက်သွားနိုင်ပါတယ်။ ကျနော်က သာမန်လူတန်းစားတွေရဲ့နေမူ့ထိုင်မူ့တွေကို စိတ်ဝင်စားပါတယ်။ အထူးသဖြင့်စားဝတ်နေရေးထဲက ဝမ်းတစ်ထွာအတွက်ရုန်းကန်ရတာကိုပေါ့။ ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ဘယ်လောက်တိုးတက်တိုးတက် တစ်နေ့လုပ်တစ်နေ့စား ဘဝနဲ့ရုန်းကန်နေရသူတွေကရှိစမြဲ။ ကျနော် သူတို့မြေထဲရောက်တဲ့အခါမှာ ဝမ်းတစ်ထွာအတွက်ရုန်းကန်ရသူတွေကို သတိထားလို့မှတ်တမ်းတင်မိပါတယ်။ ကြယ်ဂေါင်မှာရွှေလီမှာ တရုပ်၊မြန်မာ၊ရှမ်း လူမျိုုးပေါင်းစုံရဲ့ ဝမ်းစာရှာဖွေရတာကိုသွားတွေ့ပါတယ်။ သူတို့တစ်တွေရဲ့ လှုပ်ယှားမူ့တွေကို လေးစားမူ့ စာနာမူ့တွေနဲ့မှတ်တမ်းတင်ဖြစ်ပါတယ်။ အခု တင်ထားတဲ့ပုံလေးတွေထဲမှာဆိုရင် ပုံ၁ ကတော့ လမ်းဖြတ်သန်းခကောက်ခံတဲ့ဂိတ်မှာ ရိုးသားစွာပန်းရောင်းတဲ့ကလေးမလေး ပုံ၂ ကတော့ရွာစဉ်လှည့်လို့ ဟင်းချက်စရာအသီးအနှံလေးတွေကို ဆိုင်ကယ်နဲ့လိုက်ရောင်သူ ပုံ၃ မှာတော့ တရားဝင်တာ မဝင်တာ ကျနော်မသိပေမယ့် […]