5 မန်းလေးတက္ကသိုလ်အဝင်ဝနားလေးမှာရှိတာပါ(မန်းလေးသားတွေသွားကြည့်လိုက်နော်) “သစ်အိုပင်” ဟိုအရင် ကျနော်ငယ်ငယ်က လမ်းဘေးက သစ်ပင်အိုကြီး လဲကျလို့ လူတွေသေခဲ့ဘူးတာကို ကြားဘူးပါတယ်။ ပြင်ဦးလွင် မန်းလေး သွားတဲ့လမ်းမှာတစ်ကြိမ်။ ကျောက်ဆည်မန်းလေးသွားတဲ့လမ်းမှာ တစ်ကြိမ်။ အဲဒီအချိန်က စပြီး တစ်ပင်လုံးခြောက်နေတဲ့ သစ်ပင်ကြီးတွေကို စိတ်ဝင်စားလာပါတယ်။ အခုတော့ တွေ့တာနဲ့ မှတ်တမ်းတင်မိပါတယ်။ (အမှတ်ရစရာ ပြောရရင် ကျနော်မြန်မြန်မရိုက်ဘဲ အချိန်ဆွဲလို့ လွတ်သွားတဲ့ အပင်လေးတစ်ပင်ရှိပါတယ်။ ကန်ပါတ်လမ်း ရွှေကြက်ယက်ရွာ ချောင်းကူး တံတားမှာရှိတဲ့အပင်လေးပါ။ အခုတော့ ထင်းဖြစ်သွားပါပြီ။ ရိုက်ခွင့် မကြုံလိုက်ပါဘူး။) အဲလို အပင်တွေကို သေချာကြည့်တော့မှ တစ်ချို့အပင်က တစ်ပင်တည်းထီးထီးကြီး။ တချို့အပင်တော့ သူ့တစ်ပင်ထဲခြောက် ကျန်တဲ့အပင်တွေက စိမ်းစိမ်းစိုစို။ တစ်ချို့အပင်ကနှစ်ရင့်လို့ တဖြည်းဖြည်းခြောက်။ တစ်ချို့အပင်ကတော့ […]