ဒီဇင်ဘာဆောင်းမနက်မှာ ဘယ်သွားရရင်ကောင်းမလဲလို့တွေးမိတော့ အောင်ပင်လယ်ဘက်  နဲ့ ရန်ကင်းတောင်အရှေ့ဘက်ကို မရောက်တာ ကြာပြီဆိုတာကို သတိရလိုက်ပါတယ်။ အဲဒါနဲ့ဘဲ 26ဘီလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်အနောက်ဘက်ကန်ဘောင်ရိုးကိုရောက်လာပါတယ်။ ဆောင်းမနက် မြူမူံခပ်ဝဲဝဲဆိုတော့ အရှေ့ဘက်က ရန်ကင်းတောင်ကလဲ မသဲမကွဲပါဘဲ။ ဒါနဲ့ဆိုင်ကယ်ကို မြောက်ဘက်ဦးတည် လို့ 19လမ်းအရောက်မှာ အရှေ့တည့်တည့် ကို သွားလိုက်တော့ ရန်ကင်းတောင်ကြီးကိုလှမ်းမြင်နေရပါတယ်။ အရင်က ကြာပွင့်ကြီးတွေရှိခဲ့တဲ့ ကြာကန်မှာတော့ ကြာပင်တွေမရှိပါဘူး။ အရင်ကဒီ ကန်လည်လို့ ခေါ်တဲ့အောင်ပင်လယ် လယ်ကွင်းတွေနဲ့လမ်းကို ခြားထားတဲ့ ချောင်းကို ဖြတ်တဲ့တံတား မရှိပါဘူး။ အခုတော့ တံတားလေးခင်းထားတာတွေ့တော့ အဲဒီတံတားလေးကိုဖြတ်ပြီး တောင်ဘက်လယ်ကွင်းထဲကိုဝင်လို့ ရန်ကင်းတောင်ကိုရော ရွှေဝါရောင်သန်းနဲ့အစိမ်းရောင်ရောယှက်နေတဲ့လယ်ကွင်းကိုရော မှတ်တမ်းတင်မိပါတယ်။     အဲဒါနဲ့မန်းကျည်းပင်လေးတွေကို လွန်တော့ လမ်းမြောက်ဘက်မှာ ချောင်းကလေး။ ချောင်းနံဘေးမှာ တမာပင်ကောက်ကွေးကွေးလေးတပင်တည်းက မူနွဲ့နွဲ့နဲ့နေတတ်တဲ့ မော်ဒယ်ဂဲလေးလို အလှတွေပြနေတာကို တွေ့တော့ […]


“အဝေးကမြင်ရတဲ့မန်းတောင်” 1 မန်းလေးမြို့ မြူမူံမူံကြားက ဝိုးတဝါးမန်းလေးတောင်တော်   မန်းလေးတောင်ဆိုတာ ကျနော်တို့မြို့ရဲ့အထိန်းအမှတ်။ ဂုဏ်ယူစရာ ကောင်းသလို ကြည့်မဝရူ့မဝတဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်သော မန်းလေးတောင်ပါ။                                                                                         ်  စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ကနေဖြစ်ဖြစ်၊ စစ်ကိုင်း ရွှေတောင်ဦးမော်က ဘဲဖြစ်ဖြစ်၊ မင်းကွင်းလှေဆိပ်ကဘဲဖြစ်ဖြစ်  ၊ လှမ်းကြည့်မယ်ဆိုရင် မူံပြပြလေးမြင်နေရတတ်ပါတယ်။   ကျနော်က နေရာအနှံ့့သွားနေတတ်သူ ခြေဗွေပါသူဆိုတော့ မန်းလေးတောင်ပါတ်ဝန်းကျင်ကို ရောက်တဲ့အခါတို်င်း မန်းလေးတောင်ကို အဝေးကလှမ်းမြင်ရတိုင်းလက်ဆော့မိပါတယ်။ အခုတင်ပေးတဲ့ပုံတွေက မန်းလေးတောင်ရဲ့ အရှေ့တည့်တည့်ကမြင်ရတဲ့ပုံတွေရယ် တောင်ရဲ့ အရှေ့ဘက်ကနေမြင်ရတဲ့ပုံတွေဘဲဖြစ်ပါတယ်။ တောင်ရဲ့မြောက်ဘက် ကမြင်ကွင်းတွေ တောင်ရဲ့အနောက်ဘက်ခြမ်းကမြင်ကွင်းတွေ ကျန်ပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ဘဲကျေနပ်မယ်ထင်ပါရဲ့။     ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (8-12-2011)  


“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်” (အပိုင်းတစ်)     ဒါကတော့ ဩဂုတ်လ မိုးတိမ်တွေနဲ့ မှောင်နေတဲ့ရက်မှာရိုက်ထားတာပါ။     ဒီပုံလေးက လဲ ဒီနေရာလေး ဒီအပင်လေးကို မတူတဲ့အချိန်မှာမြင်ရပုံပါဘဲ     ကျနော်ကဓါတ်ပုံဝါသနာပါသူ သက်သက်ပါဘဲ။ အရင်ကတော့ ဓါတ်ပုံတစ်ပုံဖြစ်လာဘို့ အဆင့်အတော်များများကိုဖြတ်သန်း ငွေလဲအတော်လေးကုန်ပြီဆိုမှကိုယ်ရို်က်ထားတဲ့ပုံလေးကို မြင်ခွင့်ရပါတယ်။ အဲတော့ ဝါသနာနောက်ကိုလိုက်ဘို့ငွေမသုံးနိုင်တော့ ဝါသနာပါတာတင်မှာရပ်ထားလိုက်ပါတယ်။   အခုဒစ်ဂျစ်တယ်ခေတ်မှာတော့ ခုရိုက် မင်မိုရီကပ်ထဲသိမ်း။ ကွန်ပြူတာထဲမှာဖွင့်ကြည့်။ မကြိုက်ရင်ဖျက်။ ကြိုက်ရင်တင်။ ဒါပေမယ်နေ့ရာတစ်ရောက်ရင် တစ်ဖျပ်ဖျပ်နဲ့ ခလုပ်တွေနှိပ်လာတဲ့ ပုံလေးတွေကို မဖျက်ရက်ပြန်ပါဘူး။ အဲလိုချန်ထားတဲ့ပုံတွေကို အခုပြန်စုတင်ပေးလိုက်ပါတယ်။ ဒီနေရာ ဒီပုံကိုဘဲ နောက်ထပ် ထပ်တင်ပါအုံးမယ်။   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (3-12-2011)


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(20)” ( ငါးဖယ်ချောင်းကျောင်း) ကျနော်တို့ဖောင်တော်ဦးကပြန်ထွက်လာတော့ မနက်ဆယ်တစ်နာရီဆယ့်ငါး။ ငါးဖယ်ချောင်းကျောင်းလို့ အမည်နာမရှိပေမယ့် ဒေသအခေါ်ကတော့ ရှေးဟောင်းကျောင်း။ နောက်ထပ်အများသိတဲ့နာမည်ကတော့ ကြောင်ခုန်ကျောင်း။ ဖောင်တော်ဦးဘုရားကနေ ဆယ့်ငါးမိနစ်လောက်အကြာမှာ ဒီရှေးဟောင်းကျောင်းကိုရောက်ပါတယ်။ လှေကလေးက တရွှေ့ရွှေ့လာနေချိန်မှာ လှမ်းမြင်ရတာကတော့ “ငါးဖယ်ချောင်းကျောင်း”လို့ ခန့်ထည်လှတဲ့ မြန်မာစာလုံးရော ဘိုစာလုံးနဲ့ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုပါ။ အမြဲတမ်းဘုရားဖူးသူတွေနဲ့စည်ကားတဲ့နေရာလေးလဲဖြစ်ပါတယ်။ ကျောင်းပေါ်ကိုတက်လိုက်တဲ့အခါမှာတော့ အလင်းရောင်သိပ်မရှိလု့ိနည်းနည်းမှောင်နေပေမယ့် ရှေးလက်ရာမွန်ဘုရားဆင်းတုတော်တွေ တိုင်လုံးတွေ ရုပ်ကြွတွေမြင်ရတဲ့အခါမှာတော့ နဂိုရ်ကမှ ထူးတာလှတာမြင်ရင် အငြိမ်မနေနိုင်တဲ့ကျနော့်လက်မှာ အနားမရအောင်တဖျပ်ဖျပ်။ တစ်ခုခြင်းစီကို လိုက်ရိုက်ထားတာပါ။ တစ်ခုနဲ့တစ်ခု တစ်ဆူနဲတစ်ဆူ ကပ်ရက်ရှိနေတာပါ။ အမှောင်ထဲမှာတောင်ရွှေရောင်တွေဝင်းလက်နေတဲ့ ရှေးလက်ရာတွေပါ။ ဆင်းတုတော်တွေ့ရှေ့ကတန်းမှာတော့ သာသနာ့အလံလေးတွေချိတ်ထား ဘုရားအပူဇော်ခံတဲ့ရက်အတွက် ကြိုတင်ပြင်ဆင်တာပါတဲ့။ ကျောင်းပါတ်ပါတ်လည်တစ်ခုလုံး ရှေးဘုရားတွေနဲ့အပြည့်ပါ။ အထဲမှာနည်းနည်းမှောင်နေပေမယ် ့ ပုံထွက်တော့လှပါတယ်။ ဖြည်းဖြည်းလေးလမ်းလျောက်လို့ ပုံတော် တစ်ဆူခြင်းအမိအရရိုက်လာတာပါ။ <img src="https://myanmargazette.net/wp-content/uploads/2011/10/I ရိုက်လို့ကို မဝနိုင်အောင် […]


လှေကလေးက လာလမ်းအတိုင်းမဟုတ်ဘဲ ချိုးကွေ့လို့အလာ ဘေးတစ်ဘက်တစ်ချက်မှာ ပြာလွင်ကောင်းကင် စိမ်းမြ ဒိုက်ပင်နဲ့ရေမျောခင်း လေးတွေအလွန် ဟို ခပ်ဝေးဝေးမှာ ကျောင်းအိုစုစုခြံရံထားတဲ့ ရွှေရောင်းအဆင်းနဲ့ စေတီတစ်ဆူကိုလှမ်းဖူးမျှော်လိုက်ရပါတယ်။ “ဘုရားပေါက်” အမည်ခံ “ အလိုတော်ပေါက်ဘုရား “ဖြစ်ပါတယ်။ အင်းထဲကရေပြင်ပေါ်မှာ ကုန်းမော့မော့လေးဖြစ်နေတဲ့ဘုရားတစ်ဆူပါဘဲ။ ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။ တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း နေပါတယ်။ အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။ ကျယ်ပြန့်တဲ့မြင်ကွင်း ။ ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။ တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း နေပါတယ်။ အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။ ကျယ်ပြန့်တဲ့မြင်ကွင်း ။ မြို့ပြမှာမွန်းကျပ်ခဲ့သမျှ ခဏတာတော့ အေးချမ်းသွားပါတယ်။ ကောင်းကင်ပြာနဲ့ရေပြင်ကြားမှာ ရှိနေတဲ့ကျနော် စိတ်ချမ်းသာလှပါဘိတယ်။ အစက အင်းအလည်ခေါင်မှာကိုယ်ချည်းဘဲရှိလို့ အားငယ်စိတ်တွေကြောက်စိတ်တွေဟာ ဘုရားနဲ့နီးလာတော့လဲအလိုလိုပျောက်သွားပါတယ်။ ကျနော်တို့လိုဘဲ […]


တစ်ရက် မဒမ်ပေါက်ကို ရွှေကျီးမြင်ဘုရားကို လိုက်ပို့တုံ့း ကြောင်လေးတစ်ကောင်ထွက်လာတာကိုတွေ့ရပါတယ်။ ကြောင်လေးက အမြီးငုတ်တိုလေးနဲ့။ ခွေးထဲမှာ ဒိုဗာမင်ဆိုတဲ့နိုင်ငံခြားခွေးက အမြီးမပါဘူး။ အရမ်းဈေးကြီးတယ်ဆိုဘဲ။ လောကမှာ အင်္ဂါမစုံတာတွေက တစ်ခါတစ်လေ အထူးအဆန်းဖြစ်ပြီးကြေးကောင်းတတ်ပါတယ်။ ကဲ အမြီးမပါတဲ့ကြောင်ဒိုဗာမင်လေးကို အားပေးလိုက်ကြရအောင်။ နောက်တော့ခုံအောက်ရောက်သွားရော သူက အထဲကိုပိုတိုးတိုးပြီး ဝင်နေတော့ ရိုက်ရခက်နေရော။ အထဲရောက်လေ မှောင်လေ မမြင်ရလေဖြစ်ရော. အဲတော့ သူ့နဲ့နီးအောင်ထပြီးသွားတော့ ဖင်ပေးထားတယ်လေ။ သူ့အနားကပ်သွားတော့ လှည့်ကြည့်တယ်လေ။ ပြီးတော့ မော့ကြည့်ရော မော့ကြည့်ပြီးပြေးဘို့ကြံစည်နေတာလေ ဒီကောင်ပြေးပြီ အပြင်ရောက်ခါနီးပေါ့ ခပ်တည်တည့်နဲ့မော့ကြည့် ဒီဘက်ကနေပါတ်ပြေးတော့တာပေါ့ ဒီကနေအပြင်လုံးဝရောက်သွားရော ဒီပုံလေးကတော့ ကြောင်နောက်လိုက်ရင်း တွေ့တာလေ။ ခလေးကို ကလေးက ပြန်ထိန်းနေတဲ့ပုံလေးပေါ့။ ပုံလေးတွေက မလှပေမယ့်အမှတ်တရ လက်ဆော့ထားမိပါတယ်. အကိုက ညီလေးကို ချီထားရင်း နံရံက ပန်းချီတွေကို စိတ်ဝင်တစားမော့ကြည့်နေတာ။ ကလေးလေးက […]


ပြီးခဲ့တဲ့ 25-8-2011နေ့က ရန်ကြီးအောင် ကုန်းဘောင်ခ ငါးမည်ရပါတဲ့ ရွှေဘိုမြို့ကို နေ့ချင်းပြန်ခရီးထွက်ခဲ့ပါတယ်။ ဆားတောင်စံပြကျေးရွာနားအရောက်မှာတော့……….. ဟိုအဝေးကနေလျှံကျလာတဲ့ရေတွေ ပါ ကားတွေကအလှည့်နဲ့ဖြတ်ဘို့စောင့် လူတွေက ကားကူတွန်းပေးဘို့စောင့်နေကြပါတယ်။ ဒါကတော့ ရေလာကြည့်တဲ့ပရိတ်သတ် သက်သက် ဆိုင်ကယ်ကို လူစွမ်းအားနဲ့အောင်မြင်အောင်သယ်လာကြတာက အားပါးတရ မောင်တွဲကာ ခေါ်ပါ့မယ်…………… ကားကြီးတွေကတော့အေးဆေး ကားအလတ်တွေတော့ ကူးချင်ရင် လူနဲ့တွန်း သိပ်စိတ်မပူရသေးဘူး ဘင်ကားနိမ့်နိမ့်လေးတွေကတော့ မြင်တဲ့အတိုင်းပါဘဲ ကျနော်တို့ကားလေးလဲ ဝိုင်းတွန်းပေးကြတော့ ငွေသုံးထောင်နဲ့ ကူညီသူတန်ခိုးကြောင့် ဒီနေရာကလနေလွတ်မြောက်လာပါတယ်။ သိပ်မကြာခင် လမ်းဘေးမှာ သစ်ခြောက်ပင်တွေများလှတဲ့မြင်ကွင်းကို ကြည့်ရင်း ငါးမည်ရတဲ့ရွှေဘိုမြို့ကိုဝင်လာပါတယ်။ ဒါကတော့ လာမယ့် 19-9-2011နေ့မှာ အစည်ကားဆုံးသော နယ်လုံးဆိုင်ရာ ဘုရားပွဲကျင်းပတော့မယ့် နာမယ်ကျော် မြို့ကျက်သရေဆောင် မြို့ဒေါင့်စေတီ ကို အဝေးက ဖူးရတဲ့ပုံပါ။ မြို့တောင်ဘက်ထွက် မဟာဗျူဟာလမ်း(မြစ်ကြီးနားသွားတဲ့လမ်းရောက်တော့ ကျံးဟောင်းကိုတွေ့ပါတယ်။ ဒါကတော့ ကျနော်မဟုတ်တဲ့ကိုပေါက်နဲ့ […]