“သီတင်းကျွတ်ပွဲတော်ကြီး ပြီးတော့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင် မသိုးမြတ်သင်္ကန်းနဲ့……………..ကထိန်ပွဲခင်းပါတဲ့လတန်ဆောင်တိုင်………..မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် “လို့ဆိုထားခဲ့ဘူးတဲ့ ကိုမြကြီးသီချင်းထဲကလို တန်ဆောင်မုန်းရောက်ပြီဆိုတာနဲ့ “ကထိန်ပွဲတော် “ကိုဆင်နွဲဘို့ပြင်ဆင်ကြပါတော့တယ်။ ဒီတန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်မှာ သံဃာတော်တွေသီတင်းသုံးတဲ့ကျောင်းတွေကို ကထိန်သင်္ကန်း ကပ်လှူကြပါတယ်။ ဒီကထိန်အလှူတော်ကို လက်ခံရတဲ့ကျောင်းမှာလည်း တိကျသတ်မှတ်တဲ့စည်းကမ်းချက်တွေနဲ့ပါ။ ပထမဦးဆုံးလာပြီး ကထိန်အလှူတော်ကို လက်ခံပြီးရင် နောက်ထပ်အလှူကိုလက်မခံရပါဘူးတဲ့။ ဆိုလိုတာက ပထမလာပြီးလှူတဲ့လူက လှူဘွယ်နည်းမယ် ဒါပေမယ့် လက်ခံပြီးတယ်ဆိုရင် နောက်လာလှူမယ့်သူက ဘယ်လောက် လှူဘွယ်များများပြောင်းပြီးလက်ခံလို့မရတာပါ။ တန်ဆောင်မုန်းလဆန်းပြီဆိုကတည်းက ကထိန်ခင်းမယ့်အဖွဲ့တွေက ကိုယ်ကထိန်ခင်းချင်တဲ့ကျောင်းကို ရှာလို့ ကြိုတင်လျှောက်ထားရပါတယ်။ တစ်ချို့ကကြတော့လဲ ဘယ်ကျောင်းကို လှူမယ်ဆိုတာကို ကြိုတင်လို့ ရှာမထားဘဲ ကထိန်ခင်းချင်တဲ့နေ့ကျမှ လှူဘွယ်ပစ္စည်းတွေကို တင်လို့ ကထိန်လက်မခံရသေးတဲ့ကျောင်းကို ရှာလို့ ပုံတိုက်ပြီးလှူလိုက်ပါတယ်။ အဲလိုလှူတာကိုတော့ “မိုးပေါ်ကျ ကထိန် “လို့ခေါ်ပါတယ်။ အများအားဖြင့်ကတော့ကထိန်လှူဘွယ်ပစ္စည်းတွေကို ကထိန်ခင်းမယ့်ကျောင်းကို မပို့ခင်မှာ လှပအောင် မျက်စိပသာဒဖြစ်အောင် […]


တစ်ရက်မတွေ့တာကြာတဲ့ ကိုအောင်မောင်းနဲ့ 34လမ်းက လက်ဖက်ရည်ဆိုင်မှာ မထင်မှတ်ဘဲဆုံကြပါတယ်။ တကယ်တမ်းပြောရရင် အလုပ်လုပ်နေတဲ့သူတွေဆိုတာ တစ်ရက်နဲ့တစ်ရက် ကိုယ့်အချိန်ဇယားနဲ့ကို်ယ်ကျင်လည်နေရတယ်ဆိုတော့ အရင်ငယ်ငယ်ကလို ခဏခဏ မတွေ့နိုင်ကြတာကလည်းအမှန်ပါဘဲ။ တွေ့ကြပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက်မတွေ့တဲ့အချိန်က သတင်းပလင်းလေးတွေမေးကြရပါတယ်။ ဟိုရက်က ကိုကျော်ကြီးနဲ့တွေ့တော့ အောင်မောင်းတစ်ယောက် အလုပ်ရှုပ်နေတယ်ဆိုတာတော့ကြားမိပါတယ်။ နောက်အောင်မောင်းတစ်ယောက်သူ့အလုပ်မှာသူ့ဝန်ထမ်းတွေနဲ့လည်းပြသနာတက်တယ်လို့လဲပြောသွားပါသေးတယ်။ ဒါနဲ့ဘဲအောင်မောင်းကြီးကိုအကျိုးအကြောင်းမေးရပါတယ်။ အဲတော့အောင်မောင်းကြီးကလဲ မတွေ့ကြလို့မပြောဖြစ်တာတွေကိုပြောပြပါတော့တယ်။ “ဟုတ်တယ်ကိုပေါက်ရေ ပြီးခဲ့တဲ့လက ငါ့မှာအတော်ကိုစိတ်တွေလေသွားတာ။ ဝန်ထမ်းပြသနာပေါ့ကွာ၊၊ဒီပြသနာကဖြစ်ချင်းဖြစ်ရင် ပိုင်ရှင်နဲ့ဖြစ်ရမှာ။ တကယ်ဖြစ်တော့အားလုံးနဲ့ငါတယ်ရတော့တာဘဲ။ အားလုံးဆိုတာ ဝန်ထမ်းအားလုံးနဲ့မဟုတ်ပါဘူး၊ဒါပေမဲ့ငါကမနေတတ်တာလဲပါတယ်၊ တစ်ချို့ကတော့ ငါ့ကို ကွယ်ရာမှာမေးငေါ့တာပေါ့။ “ဝန်ထမ်းအချင်းချင်းကို နှိပ်ကွပ်တယ်၊ပိုင်ရှင်ထက်တောင်ကြောက်နေရတယ်”လို့ပေါ့။ ဒါပေမယ့်ငါက ဒီလိုဝေဖန်တာတွေကို ခေါင်းထဲသိပ်မထည့်ပါဘူး။ ငါက အားနည်းတဲ့ဘက်ရပ်တဲ့လူမဟုတ်ဘူး မှန်တဲ့ဘက်ကိုရပ်တဲ့ကောင်ဘဲဟာ၊ ခက်တာက ငါတို့ဆီကလူတွေရဲ့ပြင်မရတဲ့စရိုက်ဘဲ။ ပြသနာရယ်လို့ဖြစ်လာခဲ့ရင် မှန်တာမှားတာ အပထား အားနည်းသူဘက်ကနေဝိုင်းပြီးရပ်တည်လိုက်ကြတာဘဲ။ ငါပြောချင်တာက အားနည်းတယ်ဆိုတိုင်းအမြဲမှန်တယ်လို့ လက်ခံမလားဆိုတာကိုပေါ့။ ဥပမာကွာ လမ်းပြောင်းပြန်စီးဝင်လာတဲ့ စက်ဘီးနဲ့လမ်းမှန်အတိုင်း ဝင်လာတဲ့ကားတိုက်မိတယ်ဆိုရင် […]