“ပြေနိုင်ခဲသည်……………………”  (အပိုင်းနှစ်)     ကိုမင်းရေ  မိသူ က ကျနော်ကို ခါး ခါး သီးသီး မုန်းတီးနေတယ်ဆိုတာ ပြောရင်ဘယ်သူမှ ယုံမယ်မထင်ဘူး။ မိသူ က ကျနော်အပေါ်အမြဲတမ်းဂရုစိုက်တာ ကြင်နာယုယ တာ ကိုအားလုံးက မြင်တွေ့နေကြတော့ ကျနော်ကိုအတော်ကံကောင်းသူလို့ထင်ကြမယ်။ ကျနော်ကိုယ်တိုင်ကလဲ မိသူ ကျနော်ကိုမုန်းတီးနေတယ်ဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ သူများကိုပြောပြရင်လဲယုံနို်င်မယ် မထင်ပါဘူး။ မိသူက ကျနော်ကို ဘယ်တော့မှ လက်မထပ်ဘူး သူ့ ဘဝ ကို ဖျက်ဆီးခဲ့သူ မို့ ခါးခါးတူးတူး မုန်းတယ်လို့ပြောလိုက်တဲ့နေ့က ကျနော်ကိုနောက်နေတယ်ထင်မိတာ။ ကျနော်က သူ့ ကိုလက်ထပ်ဘို့ပြောတဲ့အချိန်ရောက်မှ သူ့ဆီက ဒီစကားကိုကြားလိုက်ရတာ။ သူဘဲရူးသလား ကျနော်ဘဲနားကြားလွဲသလားလို့တောင်ထင်မိတယ်။   ကိုမင်း ရေ ချောင်းသာကမီးပုံပွဲလုပ်တဲ့ညကိုမှတ်မိသေးလား။ အဲဒီနေ့ကကျနော်တို့အားလုံးအုန်းရည်တွေ တစ်ယောက်တစ်လှည့်သောက်ကြတယ်လေ။ ဒါပေမယ့် အဲဒီအုန်းရည် […]


“ပြေနိုင်ခဲသည်……………………” (အပိုင်းတစ်) ရန်ကုန်မိုးသည် ကျနော်လို့ အညာသားတစ်ယောက်အတွက်တော့ အင်မတန်စိတ်ဆင်းရဲစရာကောင်းသော အရာ ထဲမှာပါလေသည်။ ထီးကိုင်လေ့ကိုင်ထ မရှိတော့လဲရောက်လေရာမှာထီးမေ့ကျန်တတ်လေသည်ပေါ့။ ဒီတော့ ကျနော့်ညီမများကလဲ ကျနော်ကိုထီးမငှားချင်တာအပြစ်မဆိုသာ။ ကျနော်ရန်ကုန်လာတိုင်း သူတို့ အိမ်က ကျနော်ယူသွားသောထီးတို့သည် ပိုင်ရှင်အသစ်လက်သို့ရောက်ပေါင်းများလေပြီ။ နောက်တော့ကျနော်က လည်း ထီးမကိုင်တော့  ။ သူတို့ထီးကို မငှားတော့ တူ တူ မ များ ကလဲ တော်တော်လေးစိတ်ချမ်းသာ သွားကြမည်ထင်ပါသည်။ မိုးရွာလာလျင် တစ်နေရာရာဝင်ပြီးမိုးခိုလိုက်။ မိုးတိတ်လျင်ဆက်သွားလိုက်နဲ့အထာကျလို့နေခဲ့လေပြီ။ ရန်ကုန်မိုးဆိုတာက တဝေါဝေါနဲ့ အခုရွာလိုက် ခဏနေတိတ်လိုက်။ တစိမ့်စိမ့်စွေပြီးရွာတတ်သောအညာမိုးနဲ့တော့ကွာခြားလေသည်။   “ရွှေလင်ပန်း”မှာအလုပ်တွေပြီးလို့ပြန်လာတော့ ညနေသုံးနာရီထိုးပြီ။ မြို့ထဲကိုပြန်မယ့် ရုံးကားနဲ့လိုက်လာပြီး စွယ်တော်ဘုရားနားက ကျနော်တည်းခိုသောအိမ်မှာ ဆင်းနေခဲ့မယ်လို့စဉ်းစားထားပေမယ့် အင်းစိန်ဈေးနားရောက်တော့ တာမွေ မှာနေတဲ့သူငယ်ချင်းက သူ့အိမ်ကို လာဘို့ လှမ်းဖုန်းဆက်လေသည်။ အဲတော့လဲသူတို့ နဲ့ […]


“ မမေ့တတ်သူသာ………….“   ကျနော်မနေ့က အမှားတစ်ခုကျူးလွန်လို်က်မိပါတယ်။ ကျနော် အမှတ်တမဲ့မေးလိုက်တဲ့ မေးခွန်းလေးတစ်ခုက လူငယ်တစ်ယောက်ရဲ့ဒဏ်ရာ ကို သွားဆွပေးသလိုဖြစ်စေခဲ့လို့ပါဘဲ။ မနေ့က ကျနော့်လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း လေထဲကနေသိကျွမ်းကြတဲ့ လူငယ်လေးတစ်ယောက် ဆိုင်ထဲကိုဝင်လာတော့ ကျနော်ကလှမ်းခေါ်လိုက်ပါတယ်။ သူုနဲ့ စာအကြောင်းပေအကြောင်းတွေ ဟိုအကြောင်း ဒီအကြောင်းတွေ ပြောနေကြရင်းကနေ “မင်း ကောင်မလေး ရော ပါမလာဘူးလား” လို့မေးလိုက်မိပါတယ်။ “ သူက ကျနော်ကို လမ်းခွဲ သွားပြီ လေးလေး “ “သူ က မင်းကို အရမ်းချစ်တယ် ဆို  “ “အခုတော့ သူ တစ်ကယ် ချစ်တဲ့ လူ ကို တွေ့ ပြီ တဲ့၊ ကျနော်ကို ချစ်တယ် လို့ ထင်ခဲ့ မိတာ တကယ် တော့ […]


  “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၂)            (ဖောင်ကြီးက သင်တန်းဆင်းတဲ့အခါ )   ဖောင်ကြီး ဘက်ကမိုးများတဲ့အရပ်ဖြစ်ပါတယ်။ ရွာရင်လဲမိုးလုံးမိုးပေါက်ကကြီးပါတယ်။ အဝါရောင်မိုး ကိုဖောင်ကြီးရောက်မှဘဲကြုံဘူးတာပါ။ အဲလိုမိုးများတော့ ကျနော်တို့အဝတ်တွေက မခြောက်တော့ပါဘူး။ ဒိုဘီကလဲအလျင်မှီအောင်မလျော်နိုင်တော့ဘူးပေါ့။ ချွေးစိုလို့မခြောက်တာ မိုးစိုလို့မခြောက်တာတွေကြောင့် စိုထိုင်းထိုင်းတွေပြန်ပြန်ဝတ်ရပါတယ်။ အဲလိုဝတ်တော့ကျနော်တို့မှာ ညှင်းတွေပေါက်လာပါတယ်။ ညှင်းပေါက်တာက ယားတာယံတာမရှိပေမယ့် အရေပြားပေါ်မှာ အကွက်အကွက်တွေထနေတော့အကြည့်ရဆိုးပါတယ်။ အဲဒီမှာတစ်ယောက်က နည်းပေးပါတယ်။ ညှင်းကွက်နေရာကို အဝတ်ကြမ်းနဲ့ နီရဲနေအောင်ပွတ် ပြီးရင်သံပုရာသီးနဲ့ပွတ်လို့ပြောပါတယ်။ ကျနော်တို့လဲ လုပ်တာပေ့ါ စပ်လိုက်တာမှ အရမ်းပါဘဲ။ ဒါပေမယ့် တစ်ကယ်ပျောက်သွားပါတယ်။ ညှင်းဆိုတာက အသားနဲ့အရေပြားကြားမှာ မိူကပ်တာပါတဲ့။ နောက်ထပ်ခံရတာတစ်ခုက တော့ ခြေထောက်တွေမှာသဲဝဲစားတာပါ။ ဘွတ်ဖိနပ်တွေက အကောင်းစားမဟုတ်။ အောက်ကပေါက်တဲ့ဖိနပ်ကပေါက်နေပါတယ်။ မိုးရွာတော့ သဲရောရေ ရောဖိနပ်ထဲမှာဝင်နေတော့ခြေထောက်တွေကသဲဝဲစားကုုန်ပါတယ်။ သဲဝဲစားရင်ခြေထောက်က နည်းနည်းတော့ နာပါတယ။် […]


“ဘယ်အသီးစားရင်ကောင်းမလဲ”   လူတွေကတော့ ပြောကြတယ် ဩဇာသီး စားရင်ဩဇာ ရှိ တယ် ဆိုဘဲ။ လူမလေးခွေးမခန့် အလုပ်ခံရတာ တွေ ကြုံတာ များလာတော့ နောက်မှ ရင်ကျပ်ပြီး သေချင်သေပေ့ စေ ဩဇာသီးတွေအကုန်စားချင်စိတ် ပေါက်လာတာတော့ အမှန်ဘဲ နော်။ ဒါပေမယ့်လဲ အခုခေတ်ကြီး က နဂါးတွေတန်ခိုးထွားတဲ့ခေတ်ရောက်နေတော့ နဂါးမောက်သီးဘဲစားရင်ကောင်းမလားလို့တွေးနေမိတယ်။ ကဲ ဘယ်အသီး စားရင်ကောင်းမလဲ။ တစ်ခုတော့ကြိုမှာထားမယ် ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီးတော့ မစားချင်ဘူးနော်။  — at ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ .


“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၁)            (ဖောင်ကြီးမှ အမှတ်ရစရာများ )     ဖောင်ကြီးလိုနေရာမျိုးမှာ သတိရစရာတွေရှိသလားလို့မေးရင် ရှိတယ်လို့ပြန်ဖြေရမှာအမှန်ပါဘဲ။ ပထမဦးဆုံးသတိရစရာကတော့ ဖောင်ကြီးမှာကြည့်ရတဲ့ရုပ်ရှင်ပါဘဲ။ ဖောင်ကြီးမှာတစ်ပါတ်(၂)ကြိမ်ရုပ်ရှင်ကြည့်ရပါတယ်။ ပြတိုင်းကျနော်ကြည့် ပါတယ်။ ရုပ်ရှင်ပြတဲ့ရက်တွေက ဗုဒ္ဓဟူးနေ့ နေ့လည်ပွဲရယ် စနေ နေ့ ညနေပွဲရယ်ကြည့်ရတာပါ။ ရုပ်ရှင်ပြတဲ့နေရာကတော့ အခမ်းအနားတွေလုပ်တဲ့ “အုန်းတောခန်းမ”မှာပြတာပါ။ အုန်းတောခန်းမ လို့အမည်ပေးထားတာကတော့ “တောင်သူလယ်သမားညီလာခံ” ကျင်းပခဲ့တဲ့ အုန်းတော ဆို တဲ့ ရွာ ကိုဂုဏ်ပြုတဲ့အနေနဲ့ပေးထားတာပါ။ အဲဒီတုန်းက ရုပ်ရှင်တစ်ပွဲကို ငါးမူး လား ပြားလေးဆယ်လား ပေးရပါတယ်။ ရုပ်ရှင်က ကြည့် ချင်လဲရတယ် မကြည့် ချင်လဲရတယ်။ ရီစရာကောင်းတာကတော့ ဗုဒ္ဓဟူးနေ့ပြတဲ့ပွဲပါဘဲ။ ပြတဲ့အချိန်ကညနေလေးနာရီပွဲပါ။ တကယ်တော့ အဲဒီအချိန်က PTပြေးရတဲ့အချိန်ပါဘဲ။ ကျနော်တို့ကိုရွေးချယ်ခွင့်ပေးထားပါတယ်။ ရုပ်ရှင်ကြည့်ချင်ကြည့် […]


      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၀)            (ဖောင်ကြီးက နည်း တစ်နဲ့ နည်းနှစ်)     ဖောင်ကြီးသင်တန်းမှာအတင်းကျပ်ဆုံးတားမြစ်ထားတာကတော့ အရက်သောက်တာကိုပါဘဲ။ အရက်သောက်တာမိခဲ့ ရင် ချက်ခြင်း RTU လုပ်မယ်လို့ပြောထားပါတယ်။ ဒါပေမယ့် ဒီသင်တန်းကိုလာတက်ရ တဲ့ လူတွေက အသက်အရွယ်စုံပါတယ်။ လာတက်ကြရတဲ့အကြောင်းတရားကလဲအမျိုးမျိုးပါဘဲ။ ကျနော်လို့ အတွေ့အကြုံရချင်လို့လာတက်သူရှိမယ်။ ရုံးကနေ ဇွတ်အတင်းအကျပ်တက်ခိုင်းလို့ လာတက်ရသူရှိမယ်။ ကိုယ်တိုင်ကဘွဲ့ရမထား တော့ ရာထူးတက်အောင်လို့ သင်တန်းလာတက်သူရှိတယ်။ အသက်အရွယ်က ရ နေပြီး ဒါပေမယ့် ဒီသင်တန်းမတက်ရင်ရာထူးတက်မပေးဘူးဆိုလို့ လာတက်သူရှိတယ်။ အဲလိုအရွယ်စုံဆိုတော့ လဲအရက်နဲ့ မကင်းနိုင်သူတွေလဲပါတာပေါ့။ အချို့ကတော့ အရက်ပုလင်းကို ဖွက်ယူလာပါတယ်။ ည ဆယ်နာရီထိုးပြီး လို့ အဆောင်မီးတွေမှိတ်အိပ်ချိန်ရောက်မှ နည်းနည်းပါးပါးချပါတယ်။ ကျနော်တို့ သင်တန်းမှာအရက်ကိုအတော်ခုံခုံမင်မင်သောက်ခဲ့ပုံရတဲ့သူတစ်ယောက် ပါလာပါတယ်။ သူ  […]


      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“               အမှတ်(၉)(ဖောင်ကြီးအမှတ်တရများ တစ်)     ကျနော် တို့သင်တန်းတက် တဲ့ အခါ စာသင်ရတာကတော့ မပင်ပန်းပါဘူး။ ကိုယ်ကြားဘူးနားဝရှိပြီးသာစာတွေသင်ရတော့ပြဿနာမရှိ။ နေ့လည်ပိုင်း စာရင်းကိုင်ပညာ အချိန်ရောက် ရင်တော့ အားလုံးစိတ်ညစ်ပါတယ်။ ကျနော်က စာရင်းကိုင်သင်တန်းတက်ဘူးတော့အခက်အခဲမရှိပေမယ့် စာရင်းအင်းပညာာကို အရင်ကမသင်ဘူး သူများအဘို့ကတော့ တော်တော်နဲ့နားမလည်နိုင်ပါ။ စာရင်းကိုင်ပညာ သင်ရတဲ့အချိန်က ထမင်းစားပြီးချိန်လည်းဖြစ်တော့ အဲဒီအချိန်ဆိုရင် တတန်းလုံးနီးပါးအိပ်ငိုက်တတ်ကြပါတယ။် ပင်လဲ ပင်ပန်းတော့ နည်းနည်းလေးတော့ ခိုးအိပ်လိုက်ကြတာအမှန်ပါဘဲ။   ကျနော်တို့သင်တန်းက သင်တန်းသား ၂၀ဝကျော်တော့ တန်းခွဲနှစ်ခုခွဲသင်ရပါတယ်။ အုန်းတော် ခန်းမကြီးရဲ့အရှေ့ဘက်မှာစာသင်ဆောင် ၂ဆောင်ရှိပါတယ်။ ကျနော်ကတော့ ယောက်ျားလေးတွေချည်းဘဲ ပါတဲ့အခန်းမှာကျပါတယ်။ စာသင်တဲ့ အခါမှာ မတူပေမယ့် စစ်ရေးပြချိန်မှာတော့ တူ ပါ တယ်။ ဖောင်ကြီးမှာက […]


      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“               အမှတ်(၈)(ဖောင်ကြီး)   ဖောင်ကြီးသင်တန်းလို့ပြောလိုက်ရင်ပထမဆုံးသတိရ မိတာကတော့ ညနေခင်းလေးမှာ နေ့ စဉ်သွားခဲ့တဲ့ “ဘုရားလေးဈေး”ကမုန့်ဆို်င်တန်းလေးပါဘဲ။ သွားစရာဆို တာကလ ဲ ဒီတစ်နေရာဘဲရှိတာကိုး။ ညနေထမင်းစားပြီးချိန်နဲ့ ညစာကြည့်ခန်းမဝင်ခင်အချိန်လေးအတွင်းမှာ ကိုယ့် နဲ စိတ်တူရာသင်တန်းသား တွေ စုပြီး ကိုယ် အတွဲ နဲ့ ကိုယ် ဘုရားလေးဈေးကိုအပြေးအလွှားသွားကြတာပေါ့။ အဲဒီမှာလက်ဖက်ရည်ရမယ် နွားနို့ရမယ် ငှက်ပျောထုပ်ရမယ်။ ကြည့်ချင်စရာ ကောင်မလေးတွေရှိမယ်။ ဟုတ်တာမဟုတ်တာ အပထား အပျင်းပြေ သွားစရာနေရာလေးတစ်ခုပါဘဲ။ ကျနော်တို့နေတဲ့အဆောင်နဲ့ဆိုရင် တစ်မိုင်ကျော်ကျော်လောက်တော့ဝေးမယ်ထင်ပါတယ်။ မြို့ မှာနေတုံးက ဒီလောက် ဝေး ရင် စီးစရာယာဉ် မရှိ ရင်မသွားချင်ခဲ့ တဲ့ သူတွေက ဖောင်ကြီးအရောက်မှာတော့ ဒီလောက်လမ်းလျောက်ရတာလောက်တော့ အေးဆေးပါဘဲ။ အဲဒီက အပြန်မှာ မနက်အတွက်စားစရာငှက်ပျောထုပ်တို့ဘာတို့ဝယ်လာတတ်ကြပါတယ်။ […]


  “သမင်လည်ပြန်……လွမ်းချင်း”   တကယ်ပြန်တွေးရင် ဘဝဆိုတာ ကိုယ့်အရိပ်ကို် ကိုယ်ပြန်ငုံ့ကြည့်ရင်း ခံစားချက်တွေက ကိုယ့်အပေါ်ကို တဖွဲဖွဲ ပြန်ကျနေတတ်တာမျိုးပေါ့။   ကိုပေါက်လက်ဆောင် အတွေးစဉ် 16-8-2014


“ Mart များ Supplier များနဲ့ Buyer များ”   ပြီးခဲ့ တဲ့ သုံးရက်လောက်က ကျနော်တို့ ပစ္စည်းတွေကို ရောင်းပေးနေတဲ့ Mart တစ်ခု က“အကို တို့ပစ္စည်းတွေ ရောင်းမကောင်းလို့ ပြန်သိမ်းပေးပါ” ဆိုပြီး မိန်းကလေး တစ်ယောက်  ဖုန်း ဆက်လာပါတယ်။ အဲဒီမှာပစ္စည်းပြန်သိမ်းတဲ့ကိစ္စ နဲ့ ပါတ်သက်ပြီး  အဲဒီက buyer ကလေးမနဲ့ စကားအခြေ အတင် ပြော လိုက် ရ ပါတယ်။ သူတို့ ကပစ္စည်း သိမ်းပေးဘို့ ပြောတော့ ကျနော် က ပစ္စည်းသိမ်းပြီးတာနဲ့ ငွေရှင်းပေးမလား မေးတော့ ။ ချက်ခြင်းမရ တစ်ပါတ်လောက်နေ မှ ရမယ်လို့ဖြေပါတယ်။ ဒါဆိုရင် ငွေမရှင်းခင် ရှင်းတမ်းတစ်စောင်ထုတ်ပေးမယ်ပေးမလား မေးတော့။ […]


“ဒီလို မမှားအောင် သတိထား သင့် တယ်ထင်ပါရဲ့” သက္ကရာဇ်မှားနေတဲ့ စာမျက်နှာ   ပြီးခဲ့ တဲ့ ရက်က ဂျာ နယ် တစ်စောင် ကောက် ဖတ်လိုက်ပါတယ်။ အခုရက်ပိုင်း လူတွေ အရမ်း ပြန်ပြီး အာရုံကျ နေတဲ့ ဓမ္မစေတီ ခေါင်းလောင်းအကြောင်းဆိုတော့ စိတ်ဝင်တစားနဲ့ဖတ်မိပါတယ်။ အဲဒီမှာ သက္က ရာဇ်အမှားကြီး ရေးထားတာကို မြင်မိတယ်။ နေ့ စဉ် သတင်းစာ ဆိုရင်တော့ ဒီအမှားမျိုးက ဖြစ်နိုင်ပါတယ်. တစ်ပါတ်တစ်ကြိမ်ထုတ်တဲ့ ဂျာနယ် လဲ ဖြစ် စောင်ရေ အများ ဆုံး လူ အဖတ် အများ ဆုံး ထုတ် တဲ့ ဂျာနယ်မျိုးမှာတော့ ဒီအမှားမျုးိက မဖြစ်သင့် ဘူး လို့ ထင် […]


“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“ အမှတ်(၇)     “  ပ လက် ဖောင်းအမှတ် -၂ဝ ”ကတော့ကောင်းခြင်းဆိုးခြင်းတွေနဲ့ဒွန်တွဲနေတဲ့ ကာလများဘဲဖြစ်ခဲ့ပါတယ်။ တစ်ရက်ဘတ်စ်ကားပေါ်မှာကျနော်တို့ရုံးကလူတွေအချင်းချင်းနောက်ပြောင်ပြီးလာကြပါတယ်။ “မမတင် အလုပ်နောက်ကျ ရင် ဒီကောင် ဘယ်တော့ မှ စာရင်းမမှတ်ဘူးနော် ငါတို့သိတယ်” လို့ စပါတယ်။ ကျနော်ကလဲ “သိပ်ဟုတ်တာပေါ့ “ လို့ ပြောင်စပ်စပ်နဲ့ပြောလိုက်မိပါတယ်။ အဲလိုစလိုက်နောက်လိုက်တာလေးကကျနော် ဖြေရှင်းရဘို့ ဖြစ်လာပါတယ်။ တစ်ရက်ကျနော်ကိုရုံးခန်းကခေါ် လို့ သွားရပါတယ်။ အလုပ်နောက်ကျသူတွေကိုစာရင်းမမှတ်ဘူးလို့ အတိုင်ခံရတယ် အဲဒါ ကိုထုခြေလွှာတင်ပါလို့ ပြောပါတယ်။ ကျနော်ကလဲ “အဲလိုပါးစပ်ပြောနဲ့ တော့ လက်မခံနိုင်ပါ ဘယ်သူဘယ်နေ့ ဘယ်အချိန် ဆိုတာအတိအကျ နဲ့တိုင်ခိုင်းပါ”လို့ ပြန်ပြောပါတယ်။ နောက်ဆုံးတော့ ပြည်သူ့ ဝန်ထမ်းတစ်ယောက်ဆို တာ ၂၄နာရီတာဝန်ရှိတယ်။ စကားအပြောအဆိုဆင်ခြင်ပါ ဆိုတဲ့ […]