“စည်းပျက် ကမ်းပျက် ဒီလိုနှက်” အခုရက်မှာ ဟိုမြို့ရောက်ဒီမြို့ရောက်နဲ့ ကိုပေါက်လမ်းသလားနေခဲ့ပါတယ်။ ဒီတစ်ခေါက်ခရီးထွက်တဲ့အခါ သတိထားမိတဲ့တစ်ချက်ကတော့ တောရောမြို့ပါ ကားစီးနိုင် ဆိုင်ကယ်စီးနို်င်လာတာကိုတွေ့ရတာပါဘဲ။ မြို့ကြီးအဆင့်ဝင်မြို့များမှာတော့ ကားတဝီဝီ၊ ရွာအဆင့်မြို့ပေါက်စနအဆင့်မှာတော့ ဆိုင်ကယ် တတီတီပေါ့။ ဒါလေးကတော့ ဝမ်းသာစရာလို့ပြောနိုင်ပါတယ်။ အားလုံးသွားရေးလာရေးလွယ်ကူတော့ အစစ အဆင်ပြေသွားတာကိုး။ ရောက်လေရာရာမြို့တိုင်း ရွာတိုင်း သွားရင်းလာရင်းလမ်းမှာတွေ့သမျှ ဆိုင်ကယ် စီးသူအားလုံးလောက်နီးပါးက ဆိုင်ကယ်ဦးထုပ်မဆောင်းတာကိုတွေ့ရပါတယ်။ နောက် မစီးရဆိုတဲ့ အမြန်လမ်းမတွေပေါ်မှာလဲ ဆိုင်ကယ်တွေက တဝေါဝေါ။ “ဖြတ်သန်းခွင့်မပြု”လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတွေကိုမှလဲအားမနာ။ ဒါကြောင့်လဲ အမြန်လမ်းမ မှာဆိုင်ကယ်နဲ့ကား တိုက်မိလို့သေကြတာလဲ မနည်းပါဘူး။ ရောက်သမျှမြို့တွေထဲမှာတောင်ကြီးမြို့ကတော့ထူးခြားစွာယာဉ်စည်းကမ်းလိုက်နာတဲ့မြို့လို့ ပြောနိုင်ပါတယ်။ ဆိုင်ကယ်စီးသူမှန်သမျှ ဦးထုပ်ဆောင်းထားတာ မြင်ရလို့ပါဘဲ။ မော်တော်ပီကယ်တွေကလဲ လူစည်ကားတဲ့နေရာတွေမှာလမ်းဖြတ်ကူးသူကိုအကူအညီပေး။ ဆိုင်ကယ်တွေက လဲလူကူးမျဉ်းကျားတွေမှာလူကူးနေတာမြင်ရင် ဆိုင်ကယ်ကို ရပ်ပေး အရှိန်လျော့ပေးတာ […]