“မေးချင်တာလေးတစ်ခု”     မြန်မာပြည်အနှံ့အပြားမှာ ကားအိုကားဟောင်း တွေကို နံပါတ်အလိုက် လဲပေးနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် လမ်းမတွေပေါ်မှာ အုတ်တင်တဲ့ကား သဲတင်တဲ့ကား နောက်ကနေကြည့် ရင်နံပါတ်တောင်သေချာမမြင်ရတဲ့ကားတွေက လူအသွားအလာရှုပ်တဲ့နေရာတွေမှာ လမ်းပိတ်မောင်းတာကို မြင်နေရပါတယ်။ နောက် အိမ်ဆောက်ရာမှာသုံးတဲ့သံချောင်းအရှည်တွေတင်တဲ့ကား တွေရဲ့နောက်မှာ သံချောင်းတွေအစွန်းထွက်လို့ ။ ဘာမှလဲ အမှတ်အသားလုပ်မထား။ သံတိုင်ပါမှန်းသိအောင် အဝတ်စလေးလဲ တန်းလန်းချည်မထား။ မသိလို့ဝင်ဆောင့်မိရင်တော့ ပွဲခြင်းပီးသေနိုင်ပါတယ်။ ဒီနေ့မနက်ပိုင်း မနက်က မြိုသစ် အသွား73လမ်းပေါ်မှာ သဲတင်တဲ့ကားနောက်က လိုက်တဲ့သူမှန်သမျ သဲတွေစင်ပါတယ်။ ကျော်တက်ဘို့လမ်းတောင်းတော့ လည်းလမ်းမပေး။ စိတ်ပျက်စရာ။ မုန့်တင်လာတဲ့ဆိုင်ကယ်ကလေးကလဲ  ဘေးဘယ်ညာ မမြင်ရလောက်အောင်ဘေးနှစ်ဖက်မှာ ချိတ်ထားတဲ့ မုန့်တွေက ဆိုင်ကယ်နှစ်စီးစာလောက်နေရာယူထားပါတယ်။ သူ့ကိုကျော်တက်ချင်ပေ့မယ့် သူက ကွယ်ထားတော့ မျက်နှာချင်းဆိုင်က ဘာလာနေတယ်ဆိုတာကို မမြင်ရတော့ မကျော်တက်ရဲ။ မေးခွန်းကတော့ တစ်ခွန်းဘဲမေးချင်ပါတယ်။   […]


“သတိထားလို့ ဆင်ခြင်စရာ”     ဒီနေ့ နန်းရှေ့က ဆွမ်းကျွေးက အပြန်အလာ အတူသွားခဲ့ကြတဲ့ မိတ်ဆွေတွေနဲ့ စကားစမြည်ပြောရအောင် ရယ် အအေးသောက်ချင်တာရယ်ကြောင့် 35လမ်းနားက သပ်ရပ်တယ်ထင်တဲ့ အအေးဆိုင်လေးကို ဝင်လိုက်ပါတယ်။ ဒီဆိုင်နားကို ဖြတ်သွားပေမယ့် တစ်ခါမှ ဝင်မထိုင်ဘူးလို့ ထိုင်ချင်တာလဲပါ ပါတယ်။ တစ်ခါမှ မထိုင်ဘူးတော့ ဘာတွေရတယ်ဆိုတာလဲမသိပါဘူး။ တစ်ယောက်က ကော်ဖီအေး တစ်ယောက်က စပျစ်။ တစ်ယောက်က အသီးဖျော်ရည်တစ်မျိုးမှာတော့ အသီးအစစ်မရ အနံ့ဘဲရမယ်တဲ့။ အဲလိုဖြေလိုက်တဲ့ အခါ ကျနော်က ဘာသောက်ရမှန်း မသိတော့ အသီးအစစ်နဲ့ဘာရလဲမေးတဲ့အခါ ကောင်တာက ဝန်ထမ်းအမျိုးသမီးက ဒီမှာကြည့် ဆိုပြီး ကဒ်ပြားတစ်ခုထိုးပေးပါတယ်။ သူကဒ်ပြားချပေးပုံက လေးစားမူ့လုံးဝမရှိတဲ့ အမူအယာနဲ့ ဖတ်ကြည်လိုက်တော့ သဘောင်္ နာနတ် ဖရဲ ပန်းသီးနဲ့ နဂါးမောက်သီး ဒါဘဲရှိပါတယ်။ […]


“ထိုးထွင်းဉာဏ်ကောင်းသတဲ့လား”     ဟိုတစ်နေ့က သူငယ်ချင်းတွေလက်ဖက်ရည်ဆိုင်ထို်င်ကြတော့ ပြောကြတာ ဟိုရောက်ဒီရောက်ပေါ့။ ပြောရင်းကနေ ထိုးထွင်းဉာဏ်အကြောင်းရောက်သွားပါတယ်။. ကျနော်တို့မြန်မာလူမျိုးတွေထိုးထွင်းဉာဏ်ကောင်းတဲ့အကြောင်းပေါ့။ စည်းကမ်းတစ်ခုသတ်မှတ်လိုက်တာနဲ့ ဘောင်အတွင်းကနေချိုးဖောက်နိုင်တဲ့ နည်းလမ်းတွေချက်ခြင်းရအောင်ရှာနို်င်တယ်လို့ပြောလာပါတယ်။ တစ်ယောက်ကတော့ ထိုးထွင်းဉာဏ်မဟုတ်ဘူး အဲဒါ ကလိန်ကကျစ်ဉာဏ်လို့ ခေါ်တယ်လို့ ပြောတဲ့အခါ မဟုတ်ဘူး ဟုတ်တယ်ငြင်းကြပါတော့တယ်။   ကျနော်ကတော့ ကိုယ့်ထက် အုံးပြေးသူက စားသွားလို့ခံလိုက်ရတာလေးကိုပြန်သတိရပါတယ်။ ကျနော်ကြက်သွန်ကြော်ဖိုတစ်ဖိုမှာအလုပ် ဝင်လုပ်တုန်းကပေါ့။ ကြော်ပြီဆိုမှတော့ ထင်းသည်နဲ့ဆက်ရတော့တာပေါ့။ သူုတို့က မုန့်ဖိုကိုအရောက်လာပို့ပေါတယ်။ တစ်လမှာတော့ ကျနော်ပိုင်ရှင်က ထင်းကုန်တာ အရင်ကထက်မြန်လာတယ်။ ထင်းအသုံးဂရုစိုက်ပါလို့မှာပါတယ်။ အဲတော့ အရင်ဆုံး ကြော်တဲ့ကြက်သွန်အရေအတွက်နဲ့ သုံးတဲ့ထင်းအရေအတွက် စစ်ကြည့်တော့ မပြောင်းလဲ။ အဲတော့ ထင်းပိုသုံးတယ်ဆိုတာမဟုတ်ရင် ထင်းတွေပျောက်ပြီလို့ခန့်မှန်းရတာပေါ့။ အဲဒါနဲ့အဝင်အထွက်ကိုစစ်ကြည့်တော့လဲ မသင်္ကာစရာမတွေ့။ ဒါနဲ့ ဖိုက သုံးမယ့်ထင်းကိုသေချာအရည်အတွက်နဲ့ စစ်ပေးတော့လဲ အဲဒီဘက်က အပိုအလိုမရှိ။ ထင်းထားတဲ့ […]


  လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ (   ဈေးရောင်းပါးရင် သတိထား အမှတ်နှစ်)   ကျုပ်တို့မြန်မာပြည်ရဲ့ဈေးသည်လောကမှာ ဇွန်လဆိုတာဈေးရောင်းပါးတဲ့လဆိုတာ ခေတ်အဆက်ဆက်ကတည်းက လက်ခံလာခဲ့ကြတာပါ။ ဒီဇွန်လမတို်င်ခင် အေပရယ်လ မြန်မာနှစ်သစ်ကူး သင်္ကြန်မှာ မီးကုန်ယမ်းကုန် ကဲခဲ့သဲခဲ့ကြတာကလဲ ရှိသမျှပိုက်ဆံအားလုံးကုန်သလောက်။ သူ့နောက်က မေလမှာတော့ အရှိန်တွေလျော့ကြရပါတယ်။ နောက်လာမယ့် ဇွန်လဆိုတာ ကလေးတွေကျောင်းဖွင့်တဲ့လ။ အဲတော့ ဒီလမှာဆိုရင် မရှိမဖြစ်စားကုန်သောက်ကုန်ကလွဲရင် ကျန်တဲ့ပစ္စည်း တွေအားလုံး အရောင်းအဝယ်ထိုင်းပါတယ်။ ဒီလို လမျုးိရောက်ရင် ဈေးသည်မှန်သမျှဖောက်သည်မျှော်ကြရပါတယ်။ ကိုယ့်လက်ထဲရှိတဲ့ပစ္စည်းဆိုတာ ရောင်းထွက်မှ ငွေဖြစ်မှာကိုး။ ငွေဖြစ်မှသာ ကိုယ်ယူထားတဲ့ကုန်ကြွေးတွေကို “ရော့….အင့်”ဆိုပြီးပေးနိုင်မှာကလား။ အခုလိုရက်မျုးိဆိုရင် ဆိုင်ရှေ့ဖြတ်သွားတဲ့လူမှန်သမျှ ကိုယ်ဆိုင်လာတဲ့ ဈေးဝယ်ဖြစ်စေချင်သလို မြည်လာသမျှဖုန်းသံကိုလဲ ပစ္စည်းအော်ဒါပေးမယ့်ဖုန်းဖြစ်စေချင်လှပါတယ်။ အချုပ်ပြောရရင် ဒီလို အရောင်းဝယ်ပါးတဲ့လဆိုတာ ကျုပ်တို့အရမ်းရောင်းချင်နေတဲ့အချိန်ပေါ့။ အဲတော့ ဈေးဝယ်သာမှန်လို့ကတော့ တည့်အောင် အရောင်းအဝယ်ဖြစ်အောင်ရောင်းမယ်လို့ စိတ်ထဲမှာ […]


“ဈေးရောင်းပါးရင် သတိထား”     ဒီနေ့လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ ဟိုပြောဒီပြောကနေ ဈေးရောင်းပါးတဲ့ အကြောင်း၊ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးဆိုးလာတဲ့ အကြောင်း ပြောဖြစ်ကြပါတယ်။ ဒီနှစ်၂၀၁၃ခုနှစ် က ခါတိုင်းထက်ကို အရောင်းအဝယ်ပါးပါတယ်။ ရောင်းမကောင်းပါဘူးဆိုမှ ဟိုနားကကြွက်စီကြွက်စီ။ ဟိုနားက ပြဿနာပေါ် ဒီနားက ပြဿနာတက်။ ဟိုမှာဘာတဲ့ ဒီမှာဘာတဲ့ ဆိုပြန်တော့ လက်လီလဲမလာ လက်ကားဖောက်သည်လဲမလာ။   သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားတဲ့ မောင်ယဉ်အောင်က “ဒီအချိန်ဆို လူလိမ်တွေလာတတ်တယ်”လို့ပြောတော့ ကုန်မျိုးစုံရောင်းတဲ့ ကိုစိန်သော့ က “ဟုတ်ပ”လို့အားရပါရကြီးထောက်ခံပါတယ်။ အဲဒီမှာမောင်ယဉ်အောင်က “ပူပူနွေးနွေးဗျာ ပြီးခဲ့တဲ့သောကြာနေ့ကဗျ”လို့ စကားဆက်တော့ “လုပ်စမ်းပါအုံး အတွေ့အကြုံလေးမျှစမ်းပါအုံး ကိုယ့်အလှည့်ကျရင် ရှောင်နို်င်အောင်လို့ပါ” ဆိုပြီး “ကိုဇေယျာ မျူးိညွန့်”ကဝင်ပြီးစကားထောက်ပါတော့ မောင်ယဉ်အောင်ကဆက်ပြောပါတယ်။   “ပြီးခဲ့ တဲ့သောကြာနေ့ မနက်ဆယ်နာရီလောက်ကဗျာ ကျနော်ဟန်းဖုန်းထဲကိုခေါ်လာတာ အဲဒီလူက ………………………………………………………. “ကံထူး […]


    ”  ပျောက်စေသင့်၏ မသင့်၏”   တောင်းရမ်းစားသောက်တဲ့လူများရဲ့ပြဿနာက ကမ္ဘာအနှံ့အပြားမှာ ဖြေရှင်းလု့ိခက်ခဲတဲ့ကိစ္စတစ်ရပ်ပါဘဲ။ ကုသဘို့ နည်းလမ်းမရှိ ဆေးမရှိသေးတဲ့ရောဂါဆိုးတစ်ခုလဲဖြစ်ပြန်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလဲ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်၊အရင်းရှင်ခေတ် ဆိုရှယ်လစ်ခေတ်နဲ့ စစ်အုပ်ချုပ်ရေးခေတ်ဆိုပြီး ခေတ်တွေသာအမျိုးမျိုးပြောင်းလာခဲ့ ပေမယ့် ဒီ “တောင်းရမ်းစားသောက်သူ”ကတော့ ရှိနေစမြဲပါဘဲ။ ဘယ်လိုဘဲယဉ်ကျေးအောင် စကားလုံးတွေပြောင်းသုံးပေးမယ့်လဲ  “သူတောင်းစား”လို့ခေါ်တာကလဲ နုတ်ကျိုးနေပါပြီ။ “သူတောင်းစား” စကားလုံးက အကြားရဆိုးပေမယ့်  အတော်အနေချောင်တဲ့ လူတန်းစားလဲဖြစ်နေပြန်ပါတယ်။ သာမန်လုပ်ကိုင်စားသူတစ်ယောက်ထက် ဝင်ငွေကောင်းတဲ့လုပ်ငန်းလဲဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရမယ် ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ ဆိုရှယ်လစ်ခေတ်မှာတောင်မှ “သူတောင်းစား”ဆိုတဲ့လူတန်းစားက ရှိနေခဲ့ပါတယ်။ “သူတောင်းစား”ပပျောက်ရေးဆိုပြီးစီမံကိန်းတွေချပြီး တင်းတင်းကျပ်ကျပ်လုပ်ခဲ့ပေမယ့် ခဏသာပျောက်ကွယ်သွားခဲ့ပြီး နေမြဲအတိုင်းရှိနေခဲ့ပါတယ်။ “မရှိလိုမလှူ မလှူလို့ မရှိ” တို့ “အလှူရေစက်လက်နဲ့မကွာ”ဆိုတဲ့ စကားကို အမြဲလက်ကိုင်ထားတဲ့ကျနော်တို့နိုင်ငံမှာတော့ဒီ“သူတောင်းစား”တွေ ရှင်သန်ကြီးထွား ဘို့ရာ လွယ်ကူလွန်းလှပါတယ်။ နောက်တစ်ချက်က  မရှိနွမ်းပါးသူကို ကူညီချင်တဲ့စိတ်အပြည့်ရှိတဲ့ […]


                                                                    “ဘယ်လို သေလိုက်ရရင် ကောင်းမလဲ”   “မောင်နင်နဲ့ငါ မယူရသေးဘူးလေ” ဒါပေမယ့်ချစ်လွန်းတော့ နင်ဖြစ်ချင်တာဘာမဆို နင်လိုချင်တာဘာဖြစ်ဖြစ် ဖြစ်စေချင်တာငါလိုက်ဖြစ်ပေးခဲ့တာလဲနင်အသိ။ စည်းကျော်တာမကျော်တာ ငါမသိ ဘောင်လွန်တာမလွန်တာငါမသိ အဖိုးတန်တာ မတန်တာငါမသိ စောင့်ထိန်းတာ မထိန်းတာငါမသိ နင်လိုချင်တယ်ဆို နေ့ညမအချိန်မရွေး ငါလို်က်လျောပေးခဲ့တာလဲနင်အသိ။ @@@@@@@@@@ တွေ့နေကျ နင့်အခန်းမှာ အတူဆုံကြတဲ့တစ်ရက်  ရိုမင်းတစ်တဲ့ တစ်ရည်သာတဲ့ဇာတ်လမ်းမှာ ငါကမင်းသမီး နင်ကမင်းသား အမြင့်ဆုံးဇာတ်ဝင်ခန်းကိုမှ ကြံကြံဖန်ဖန်မှတ်တမ်းတင်ချင်ပါသတဲ့ မောင်လိုချင်တာလိုက်လျောနေကြငါ ဘယ်သူသိတာမှတ်လို့နော် သိပ်တော့မကြာပါဘူး […]


“ဘုရားကြီးဘဲ နာပါတယ်ဆိုတဲ့ တူးဖို့တူးဖို့ဇာတ်လမ်းများ”     ခေတ်ကာလသားသမီးများ တယ်မလွယ်လှဘူး။ ပြောရဆိုရတာအခက်သားလား။ ကျုပ်လဲစိတ်တိုတိုနဲ့လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်။ ပြဿနာစတာ က  အိမ်ဆေးသုတ်တာကစတာဘဲ။ အိမ်ဆေးမသုတ်တာလေးငါးနှစ်လောက်ရှိနေတော့ “အရောင်လွင့်နေပြီ အိမ်ဆေးအသစ်သုတ်မယ်”လို့ ပြောလာတော့ သုတ်ပေါ့ အိမ်လှအောင်သပ်ရပ်အောင်လုပ်တာဘဲ ဘာကန့်ကွက်စရာရှိလဲနော့။ အဲဒီမှာ အလတ်ကောင်က တစ်စခန်းထလာတယ်။ ဝါယာကြိုးတွေ အိမ်မှာသွယ်ထားတာ စံနစ်မကျဘူး နောက်ခလုတ်ခုံတွေကလဲနေရာမှားနေတယ် အသစ်ပြန်သွယ်မယ် ရိုက်မယ်။ သွယ်ပေါ့ ဝါယာကြိုးအဟောင်းအမြင်းတွေက မီးတွေဘာတွေထတောက်နိုင်တာကိုး။ ကောင်းအောင်လုပ်တာ ဘဲ ဘာကန့်ကွယ်စရာရှိလဲ လုပ်ပေါ့။ ဒါပေမယ့် ကျုပ်က မေးတယ်  ဘယ်ဟာအရင်စမှာလဲပေါ့.။ အလတ်ကောင်က ဝါယာအရင်ရိုက်မယ်တဲ့။ ကျုပ်က ဆေးအရင်သုတ်ပြီးမှ ဝါယာရိုက်ပါလား လို့ပြောတော့ သူ့သူငယ်ချင်းတွေအားတဲ့ရက်မှာ လုပ်ရမှာလို့ အညွှန့်တက်လာတယ်။ ခလုပ်ခုံတွေဘာတွေ ရိုက်ပြီးမှာ နေရာပြောင်းရင် ခက်မယ်နော် လို့ကျုပ်ကပြောတော့ အေးဆေး ပါ […]


“ခေါင်းမာမနေဘဲ ပြောင်းလိုက်ကြရအောင်ပါ”     မနေ့ညနေစောင်း အောင်တော်မူဘုရားကအပြန်မှာပေါ့။ လမ်း၃ဝ အတိုင်း အနောက်ဘက်ကို ဆင်းလာပြီး ၇၈လမ်းရောက်တော့ တောင်ဘက်ကိုကွေ့ပြီးလာခဲ့ပါတယ်။ ၃၆လမ်းရောက်တော့ လမ်း၈ဝဘက်ပြန်သွားဘို့ ဆိုင်ကယ်ကို အကွေ့ မျက်လုံးဒေါင့်မှာ  ရိပ်ကနဲမြင်လိုက်လို့ကြည့်လိုက်တော့ လမ်းပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ်နှစ်စီးကိုဘွားကနဲတွေ့လိုက်ရပါတယ်။ ကျနော်ကလဲ ဆိုင်ကယ်ဘရိတ်ကိုဆောင့်အုပ်လိုက်တော့ ဟန်ုချက်ပျက်ပြီးဆိုင်ကယ်လဲမလိုဖြစ်သွားပါတယ်။ ကျနော့်ရှေ့တည့်တည့်မှာ တစ်စီးကို သုံးယောက်စီ စီးလာတဲ့ ဦးထုပ်မပါ ဘာမပါနဲ့ လူငယ်တွေကိုတွေ့လိုက်ရပါတယ်။ လဲသွားသူကို ထူပေးရကောင်းမှန်းလဲမသိ။ ဆိုင်ကယ်ပေါ်ကမဆင်းဘဲ  ကြည့်နေတဲ့  သူတို့မျက်နှာပေး မထီတရီကိုမြင်ရတော့ စိတ်ထဲမှာထောင်းကနဲဖြစ်သွားပါတယ်။ ဘေးနားမှာရပ်နေတဲ့ ကောင်လေးနှစ်ယောက်က ပြေးလာပြီး “လေးလေး ဘာဖြစ်သွားသေးလဲ” လာမေးတော့ မှလမ်းပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ်သမားတွေက ဝေါကနဲမောင်းပြေးကြပါတယ်။ ဒါနဲ့ဘဲ ဆို်င်ကယ်ဆက်မောင်းလာခဲ့တော့ ဒီ ၃၆လမ်း ၇၈-၈ဝကြား မှာ တစ်လမ်းမောင်းလုပ်ထားတကိုကို သိပါလျက်နဲ့အနောက်ကနေ အရှေ့ကို […]


“အဆင်သင့်ရှိပြီလား??????????????????”   တကယ့်ကို စစ်စစ်ပေါက်ပေါက်ပြောကြစတမ်းဆိုရင် ဟိုလွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ကလို့ပြော ရမယ်ထင်ပါတယ်။ ဦးနုလက်ထဲကနေ အိမ်စောင့်အစိုးရလက်ထဲရောက်ပြီး မဆလခေတ်ကိုပြောင်းသွားတဲ့အချိန်ကနေ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်အထိ  ကျနော်တို့မှာရွေးချယ်ပိုင်ခွင့် လုံးဝမရှိခဲ့ပါဘူး။ နေ့စဉ် နေထိုင်စားသောက်မူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကို “ပပက”(ပြည့်သူ့ဆိုင်)ကဝယ်ရတယ်၊ အဲလိုဝယ်တဲ့နေရာမှာ ကိုယ်လိုချင်တာကို ရွေးချယ်လို့ ဝယ်ခွင့်မရှိ။ သူတို့ သတ်မှတ်ပေးထားတဲ့ ခွဲတမ်း ဒါမှမဟုတ် ကံကောင်းခြင်းလက်ဆောင်လို့ဆိုနိုင်တဲ့                     မဲပေါက်တာကိုဘဲဝယ်ခွင့် သုံးစွဲခွင့်ရကြတာပါ။ သက်မဲ့ပစ္စည်းမှာတောင်ရွေးချယ်ခွင့်မရဘူးဆိုတော့ သက်ရှိဆိုတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်ကာလများမှာ ရွေးချယ်ပွဲမှန်သမျှဟာ ဘောင်ဝင်အောင်ဆောင်ရွက်ရုံသက်သက်လို့ပြောရင်ရပါတယ်။ ဝန်ထမ်းခန့်ထားဘု့ိရွေးချယ်ရာမှာ၊ တိုင်းနဲ့ပြည်နယ်အားကစားသမားရွေးချယ်ရာမှာ၊ နိုင်ငံလက်ရွေးစဉ်အားကစားသမားရွေးချယ်ရာမှာ၊ ဝန်ထမ်းခန့်ထားဘို့အတွက်လူရွေးချယ်ရာမှာ၊ ရပ်ကွက်၊မြို့နယ်၊တိုင်း၊နိုင်ငံ အုပ်ချုပ်ဘို့အတွက် လူရွေးချယ်ရာမှာ အစရှိတဲ့ ဖြစ်စဉ်တိုင်းအတွက် အထက်က ချမှတ်ပေးထားတဲ့ သူကိုသာရွေးချယ်ကြတာဖြစ်ပါတယ်။ လူတွေ့စစ်ဆေးတာတွေ အရည်အချင်းစစ်တာတွေ မဲပေးပြီးရွေးချယ်တာတွေအားလုံးဟာ အဖြေထွက်ပြီးသာ ရွေးချယ်ပြီးသားမှန်းသိပါလျက်နဲ့ အပြောလွတ်ရုံလေး ဟန်ဆောင်ပန်ဆောင် […]


“မည်သူစောင့်၏ မစောင့်၏ တားသူရှိ၏ မရှိ၏”     ဒီနေ့မနက်အလုပ်သွားဘို့ အိမ်ကထွက်ခါနီးမှာ အဝေးက မိတ်ဆွေ တစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ “ ကိုပေါက် ကျုပ်မန်းလေးရောက်နေတယ်ဗျ။ ခင်ဗျားပြောပြောနေတဲ့ ‘တိုရှည်’ ဆိုတဲ့မုန့်စားချင်တယ်ဗျာ၊ နောက်ချပါတီနဲ့ ဘာဂျီကြော်ရောဗျာ။” “ရတယ်လေ ကျနော်လာခေါ်မယ် ဘယ်နားမှာတည်းတာလဲ” “၃၅လမ်းကုန်းကျော်နားမှာဗျ ကျုပ်မိန်းမနဲ့ကလေးတွေလဲပါတယ်”   အဲလိုပြောတော့ ကျနော်မှာအုံးစားသွားပါတယ်။ မန်းလေးမှာ ဆိုးတာတစ်ခုက ကိုယ့်မှာ ကိုယ်ပိုင်ကားမရှိရင်  ဧည့်ဝတ်ကျေဘို့ အတော်ခက်ပါတယ်။ ဧည့်သည်ကတစ်ယောက်ထဲဆိုရင် ပြဿနာမရှိပေမယ့် တစ်ယောက်ထက်ပိုရင် ထမင်းလိုက်ကျွေးဘို့ တို့ ဟိုနားဒီနားလိုက်ပို့ ဘို့က အဆင်မပြေတတ်ပါဘူး။ မန်းလေးမှာ သင့်တင့်တဲ့နူန်းထားနဲ့ပြေးတဲ့ တက္ကစီ မရှိတာကြောင့်ပါ။ တက္ကစီ ရှိတယ်ဆိုပေမယ့်လဲ ဈေးကြီးသလို ကားအရေအတွက်ကလဲမများ။ ကျနော်မှာကလဲ ကားမရှိ ဆိုင်ကယ်ဘဲရှိတာကိုး။ အဲဒါနဲ့ အမြန်ဆုံးစဉ်းစားလိုက်တော့ […]


“အပိုင်ချည်တဲ့ အိုင်တီ အီကော်နော်မီသင်္ကြန်”     မန္တလေးဆိုတာ မြန်မာပြည်ရဲ့သင်္ကြန်မြို့တော်လို့ပြောနိုင်လောက်အောင် မန်းလေးသူမန်းလေးသားများက သင်္ကြန်နဲ့ပါတ်သက်ရင် အကဲပိုကြပါတယ်။ ဆောင်းအကုန်နွေအကူးတပေါင်းလွန်မြောက် မတ်ချ်လရောက်ပြီဆိုတာနဲ့သင်္ကြန်အငွေ့အသက်တွေကို စတင် ခံစားနိုင်ပါပြီ။ နွေရောက်ပြီဆိုတာကို ဥဩတွန်သံလေးတွေကအချက်ပေးသလို သင်္ကြန်ရောက်တော့မယ်ဆိုတာကို အချဉ်ပေါင်းသယ်လေးတွေထီသယ်လေးတွေဖွင့်တဲ့ သင်္ကြန်သီချင်းတွေက သတိပေးပါတယ်။ ဟိုအရင်ကတော့ သင်္ကြန်ဆိုတာကျနော်တို့မြန်မာလူမျိုးများအတွက်အနားယူတဲ့ရက်ပါဘဲ။ ဆိုင်တွေပိတ် လုပ်ငန်းကြီးတွေပိတ် ဘုရားဖူးထွက်သူထွက်။ ရေကစားဘို့ ပြင်သူကပြင် တရားစခန်းဝင်ဘို့စဉ်သူကစဉ်ပေါ့။ ဘာဘဲပြောပြော အရင်ကတော့ သင်္ကြန်ဆိုတာ စိတ်လွတ်ကိုယ်လွတ်ပျော်ဘို့ပါးဘို့ဘဲ အာရုံရှိကြပါတယ်။ **************************************************** ဒါပေမယ့် သင်္ကြန်ဆိုတာ မြန်မာလူမျိုးများအတွက် အင်မတန်မှ စီးပွားရှာလို့ကောင်းတဲ့ အကွက်အကွင်းကြီးလဲဖြစ်နေပြန်ပါတယ်။ သင်္ကြန်မတိုင်ခင်မတ်လ ဆန်းလောက်က စပြီး “အခါတွင်း”အတွက်ဆိုပြီးရည်ရွယ်လို့ ရောင်းကြဝယ်ကြကတော့ နှစ်စဉ်နှစ်တိုင်းပါဘဲ။ ရှေးရှေးကတော့ သင်္ကြန်မှာလူကြီးသူမများကိုရေကန့်တော့ဘို့အတွက် ရော သင်္ကြန်ကြိုဘို့အတွက်ပါ မြေအုးိတွေကိုကြိုတင်လို့စုဆောင်းကြရပါတယ်။ ဒါလဲ ကြီးမားခဲ့တဲ့ဈေးကွက်တစ်ခုပါဘဲ။ (အခုခေတ်မှာတော့ မြေအိုးကိုအလေးခံပြိး […]


“ချစ်သူပေါင်ကို မွမွလေးထောင်းခြင်း၊မယ်ဘော်တို့၏လုပ်ပွဲနှင့်ကယ်ရီကေးချား”   (ကယ်ရီကေးချား) ကျနော်တွင်ငယ်သူငယ်ချင်းတစ်ယောက်ရှိပါသည်။ ငယ်သူချင်းဟုဆိုရခြင်းမှာလဲ ပထမတန်းကျောင်းသားဘဝကပင် ခုံတန်းလျားတစ်ခုထဲမှာ အတူထိုင်ခဲ့ကြသည်မှာ ဆယ်တန်းရောက်သည်အထိအတူထိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။ သူ့ဝါသနာကား ပန်းချီဆွဲခြင်းပေတည်း။ ပန်းချီဆွဲခြင်း အမျိုးမျိုး ထဲမှလူပုံတူ ဆွဲခြင်းကို ပိုမိုနှစ်သက်သူလဲဖြစ်ပေသည်.။ ထိုလူပုံဆွဲခြင်းအမျိုးမျိုးထဲမှာပင် အချိုးအစားမကျနသောလူပုံဆွဲခြင်းကို သာ အထူးပြုသူတည်း။ သူကားအချိန်အားသည်နှင့်ခဲတံတစ်ချောင်းဖြင့်ပုံဆွဲ၍သာနေပေသည်။ ကျနော်ကလည်း ကိုယ်တိုင်သာမျဉ်းတစ်ကြောင်းဖြောင့်အောင်မဆွဲနို်င်သော်လည်း သူ့ပန်းချီဆွဲသည်ကို အားကျနှစ်သက်မိပေသည်။ သို့သော်သူဆွဲလိုက်သောပုံတူများသည် လှတပတပုံများမဟုတ်ခြေ။ ခေါင်းကြီးကိုယ်သေး ဖြင့်အချိုးအစားမကျန။ သို့သော် သူဆွဲသောပုံကိုကြည့်ရုံဖြင့် ဘယ်သူ့ပုံဆိုတာအတတ်ပြောနိုင်အောင်တူလေသည်။ (နောင်ကြီးမှသိရသည်မှာ ထိုသို့ပုံမကျပန်းမကျ ဆွဲနည်းကို ကယ်ရီကေးချား ဟု ခေါ်ဆိုသတ်မှတ်ကြောင်း)   သူဆွဲပေးထားသော ပုံတူများကို ကျနော်က သိမ်းထားလေ့ရှိပါ၏။ ကျနော်တို့အတန်းသူအတန်းသားများ ဆရာ ဆရာများ၏ပုံတူသာမက ကျောင်းဈေးသည် ပွတ်စပါးတို့မိသားစု၏ ပုံတူပင်သူ့မှာရှိလေ၏။ ကျနော်က ထိုပုံများကို သက်ဆိုင်သူများအား ပြသောအခါ အချို့ကလွန်စွာစိတ်ဆိုးကုန်၏။ […]