“ချစ်စရာ လွမ်းစရာ ကြည်နူးစရာ မန္တလေး” အောင်ကျော်ချမ်းအေး မန္တလေး။ အုတ်ကျစ်ကျော်အေး မန္တလေး။ ရတနာပုံ ဆိုတဲ့ ရွှေမန္တလေး ။ အသက်ကလေးရယ်ရှည်စေဘို့ တောင်ရိပ်ခိုတဲ့ မန္တလေး။ ရှမ်းရိုးမနဲ့ မဝ်းဝံ အတွင်းကိုဝင်နေတဲ့မန္တလေး၊ အလျံဝင်းပြောင်ရန်ကင်းတောင် အောင်ပင်လယ်ရဲ့မန္တလေး။ မဟာမုနိရုပ်ရှင်တော် ကိန်းစက်ပျော်တဲ့မန္တလေး။ ဧရာမြစ်မင်းရင်ခွင်တွင်း သက်ဆင်းနေတဲ့မန္တလေး။ မင်းတုန်းအစ သီပေါအဆုံး အုံးအုံးကြွက်ကြွက် ပြည်ပျက်ခဲ့တဲ့မန္တလေး။ ၁၃၀ဝမှာအာဇာနည်တွေပေါ်လာခဲ့တဲ့မန္တလေး။ အိမ်တော်ရာဘုရားဈေးနဲ့ အင်္ဂလိပ်ကိုအာခံခဲ့တဲ့မန္တလေး။ စိန်ဗေဒါ နေခဲ့တဲ့ မန္တလေး။ မမြရင်နေခဲ့တဲ့မန္တလေး ဆရာတင် နေခဲ့တဲ့ မန္တလေး မြမျိုးလွင် နေခဲ့တဲ့ မန္တလေး မြို့မညိမ်း […]