“13 လှသောယဉ်သော ညွတ်နူးဘွယ်ကောင်းသော တိမ် ”     ကလောကိုရောက်လို့ ဆိုင်ကယ်ဘီးပေါက်နေတာ ကို ကျွတ်အသစ်လဲလို့အပြီး ကျနော်တွေ့ချင်တယ်ဆိုတဲ့ ကလောက ကုန်သည်ကိုဖုန်းဆက်တော့ ဟဲဟိုးရောက်နေတာ အခုပြန်လာနေပြီ အောင်ပန်းမှာဆုံမယ်ဆိုတာနဲ့ေ အာင်ပန်းကိုပြန်လာခဲ့ရပါတယ်။ အဲတော့ လမ်းမှာ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူးပေါ့။ ကုန်သည်နဲ့တွေ့ပြီးအလုပ်ကိစ္စတွေပြောကြတာ နေ့လည်2နာရီလောက်ရောက်သွားပါတယ်။ စကားလဲပြောပြီးရော ကောင်းကင်မှာတိမ်တွေကပြာနေလိုက်တာ အတော်လှ။ အဲဒါနဲ့ အောင်ပန်းကနေ ဟဲဟုိုးသွားတဲ့လမ်းဘက်ကိုထွက်ခဲ့ပါတယ်။ ဒီလမ်းပေါ်မှာ သာမိုင်းခမ်း(ရှေးက ရှမ်းစော်ဘွားတွေမြို့တည်ခဲ့တဲ့နေရာလို့ပြောပါတယ်)တံတားကို ရောက်အောင်သွားလိုက်ပါတယ်။ အတော်လေးကိုလှပသော တိမ်တွေကို ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်။ ကျနော်ကံကောင်းလို့ပေါ့။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ အောင်ပန်း အောက်တိုဘာ 2012  18-10-2012    


          “အောင်ပန်း ရဲ့ မိုးနှင်းမူန်တွေကြားက နံနက်ခင်းလေး”     အောင်ပန်းကနေ ကလောကိုသွားတဲ့လမ်း မြို့ပြင်အထွက် ဘီးခွန်ကောက်တဲ့နေရာလွန်ရင် လမ်းအကွေ့လေးက အတော်လှပါတယ်။ သူ့အောက်ဖက်ကို ငုံ့ကြည့်ပြန်ရင်လည်း လယ်ကွင်းစိမ်းစိမ်းတွေရယ် မီးရထားလမ်းလေးရယ်ကကြည့်ရတာ မျက်စေ့ပသာဒရှိလှပါတယ်။ (7-10-2012)နေ့ ညနေ ငါးနာရီလောက် ဒီနားကို ဆိုင်ကယ် ကယ်ရီငှားပြီး ထွက်လာခဲ့ပါတယ်။ ဓါတ်ပုံရိုက်မယ်လို့ လုပ်နေတုံး တည်းခိုးခန်းမှာ ဧည့်သည်ရောက်နေတယ်ဆိုတာနဲ့ အမြန်ပြန်ပြေးခဲ့ရတော့ ဓါတ်ပုံသေချာမရိုက်ခဲ့ရပါဘူး ။ နောက်နေ့မနက် (8-10-2012)နေ့ မနက်မှာတော့ ထုံးစံအတိုင်းလမ်းလျောက်ထွက်ခဲ့ပါတယ်။ မနက်ငါးနာရီခွဲလောက်မှ ထွက်လာခဲ့တာပါ။ မိုးနှင်းမူန်လေးတွဲက တဖွဲဖွဲကျလို့နေပါတယ်။ တီရှပ်ကလေးနဲ့ထွက်လာမိတော့ အတော်လေးအေးပါတယ်။ ဒါနဲ့ နွေးသွားအောင်ခပ်သွက်သွက်လျောက်လိုက်ပါတယ်။ မိုးနှင်းတွေ ဝေနေတော့လမ်းကိုကောင်းကောင်းမမြင်ရပါဘူူး ဒီလိုနှင်းထဲမှာလမ်းမလျောက်တာ အတော်ကြာပြီဆိုတော့ အေးစိမ့်စိမ့် နဲ့ အတော်လေးအရသာရှိပါတယ်။ […]


                “အောင်ပန်းမြို့က ကိုရင် ”   အောင်ပန်းရောက်လိုု့ မနက်စောစော ထလမ်းလျောက်တဲ့တစ်ရက် မိုးနှင်းမူံတွေနဲ့ ပိတ်ဆိုင်းလို့နေပါတယ်။ ကျနော်လမ်းလျောက်တဲ့ရှေ့မှာတော့ ဦးဇင်းတစ်ပါးကိုတွေ့ရပါတယ်။ အပြန်လမ်းမှာလဲ ဆွမ်းတန်း တစ်တန်းကိုတွေ့ရပါတယ်။ ဆွမ်းလောင်းမယ့်သူကလဲ အဆင်သင့်စောင့်လိုနေပါတယ်။ နောက်ရက် လွယ်မယ်တောင်ကိုတက်တဲ့အချိန်မှာ တောင်ပေါ်ကနေ ကိုရင်လေးတွေဆင်းလာတာကို တွေ့ရပါတယ်။ တောင်ခြေက ရပ်ကွက်ထဲကိုဆင်းလာပြီးဆွမ်းခံထွက်လာကြပါသတဲ့။ တစ်ချို့ကလဲ ဖောက်ထားတဲ့ကွန်ကရစ်လမ်းအတိုင်းဆင်း။ တစ်ချို့ကတော့ ထင်းရူးတောလေးထဲကို တရွှေ့ရွှေ့တိုးဝင်သွားတာကိုမြင်ရ။ ကျနော် တောင်ပေါ်က ပြန်ဆင်းလာချိန်မှာတော့ ကိုရင်တစ်ချို့က ဆွမ်းခံပြန်လာပါပြီ။   အဲဒီအချိန်မှာ အောင်ပန်းမြို့ကိုပထမဆုံးအကြိမ်ရောက်တုံးကမြင်ရတာလေးကို ပြန်သတိရမိပါတယ်။ နံနက်ခြောက်နာရီခွဲလောက်မှာ ကိုရင်လေးတစ်ပါးက ကြေးစည် လေးထုထုပြီ လမ်းပေါ်ကို လျှောက်လို့သွားပါတယ်။ သိပ်မကြာခင်မှာ ဆွမ်းတန်းကြီးကြွလာပါတော့တယ်။ ဆွမ်းတန်းအရှည်ကြီးက နှစ်တန်းပါ။ […]


      19 ကွေ့ဝိုက်သောလမ်းကလေး   “ထင်းရူးရိပ်………”     ကျနော် သင်္ကြန်အပြီးအောင်ပန်းကိုရောက်တုန်းက  မြို့အပေါ်စီးကရိုက်ချင်လို့ အနောက်ဘက်တောင်ခါးပန်းကို ခြေလျင်သွားခဲ့ပါသေးတယ်။ ဒါပေမယ့် အပေါ်လဲရောက်ရော အိမ်တွေနဲ့ပိတ်နေတော့ မြင်ကွင်းမရှင်း။ တောင်ကြောရဲ့ အနောက်တောင် ဖက်အစနားမှာရှိတဲ့ တရုတ်သချင်္ိုင်းနားကို သွားတော့ ခွေးအုပ်လိုက်ကြီးကမာန်ဖီပြ နေတော့ ဆက်မသွားရဲ။ အဲဒါနဲ့ဘဲ အတော်လေးမြင့်တဲ့ အိမ်ဝရန်တာကဘဲ  အမှတ်တရရိုက်ခဲ့ရပါတယ်။ (အဲဒီပုံတောင် မတင်ရသေးဘူးထင်တာပါဘဲ)   ဒိတစ်ခေါက်ရောက်တော့ လမ်းလျောက်ပြီးတောင်ပေါ်တက်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ပထမရက် မနက်လမ်းလျောက်ထွက်ချိန်မှာတော့ မုးိနှင်းတွေနဲ့ပိတ်ဖုံးလို့နေပါတယ်။ ကလောအထွက်ဘက်ခဏလမ်းလျောက်ပြီးပြန်လာခဲ့ပါတယ်။ နောက်နေ့ မနက်ခြောက်နာရီလောက် တည်းခိုးခန်းက ထွက်အလာ ဆိုင်ကယ် ကယ်ရီသမားလေးက “လေးလေး ဘယ်လဲ လိုက်ပို့ပေးမယ်လေ ”လို့ပြောလာပါတယ်။ အောင်ပန်းကို အပေါ်စီးက ရိုက်ချင်တယ် ဒါပေမယ့် တောင်ဘက်က […]


        “ပြာပြာလွင်လွင်တောင်ကြီးတစ်ခွင်”     တောင်ကြီးဈေးအနောက်ဖက်နားကနေပြီး အေးသာယာဘက်ကို  မြို့ပါတ်ကားနဲ့ထွက်ခဲ့ပါတယ်။. ကားထဲကနေထိုင်ရင်းခေါင်းထွက်လို့ အဆင်းလမ်းကို တကြည့်ကြည့်နဲ့ပေါ့။ ဓါတ်ပုံရိုက်ဘို့ဘယ်နေရာကောင်းလဲလို့ရွေးရင်းပေါ့။ တောင်အဆင်းလမ်းတနေရာမှာရေတံခွန်အသေးလေးတွေ့ပေမယ့် မဆင်းမိ။ ကိုယ်တကယ်သွားချင်တဲ့နေရာက ရေတံခွန်အကြီးနှစ်ခုနဲ့နီးတဲ့နေရာကိုပါ။ အဲဒီကိုသွားမယ်ဆိုရင် စိုက်ပျုးိရေးခြံနားကို ဆင်းမှ တောင်တက်လမ်းကို ပြန်တက်လို့ရမှာပါ။ လမ်းမှာရိုက်ဘို့ကောင်းတဲ့နေရာလေးကိုစိတ်နဲ့မှတ်။ စိုက်ပျုးိရေးခြံနားကိုရောက်တော့ ကားကဆင်း။ လမ်းမှာရိုက်ဘို့တေးထားခဲ့တဲ့နေရာကို ပြန်သွားပါတယ်။ အဆင်းလမ်းကိုပြန်တက်သပေါ့။ အဲဒီလမ်းမှာ ပြာလွင်နေတဲ့ကောင်းကင်ကြီးနဲ့ ညို့မိူင်းတဲ့တောင်များရဲ့နောက်ခံပန်းချီကားတွေကိုအရအမိရိုက်ပြီး ပြန်ဆင်းလာခဲ့ပါတယ်။   နောက်နေ့ နေ့လည်ခင်းတည်းခိုခန်းခေါင်မိုးကိုတက်အကြည့် တိမ်ညိုနဲ့တိမ်ပြာရောယှက်လို့ တောင်ကြီးမြို့ကြီးကို လွမ်းခြံထားတာကိုတွေ့ရပါတယ်။ နောက်စွယ်တော်စေတီရောက်ပြန်တော့လဲ ပြာလွင်တဲ့ကောင်းကင်ကိုတွေ့ရ။ ကျနော်မရောက်ခင်ရက်က တောင်ကြိးမှာမိုးမပြတ်ဘူးလို့သိရပါတယ်။ ကံကောင်းတော့ မိုးတွင်းမှာ ပြာလွင်တဲ့ကောင်းကင်အောက်က တောင်ကြီးမြို့ကို မြင်ခွင့်ရခဲ့ပါတယ်.   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (23-10-2012)    


    “စိမ်းစိမ်းစိုစို တောင်ကြီးမြိုတစ်ခွင်”     ခါတိုင်းတောင်ကြီးကို ညကားနဲ့သွားတော့ မနက်မိုးတိုးမှောင်တောင်မှာရောက်လေ့ရှိပါတယ်။ အဲတော့လမ်းက စိမ်းစိုတဲ့မြင်ကွင်းတွေကို မမြင်ဘူးတာများပါတယ်။ ဒီတစ်ခေါက်လမ်းမှာကားဘီးပေါက်တော့ တောင်ကြီးအတက်လမ်းရဲ့စိမ်းလန်းပုံတွေမြင်ရပါတယ်။ ရေတံခွန်ကိုလဲတွေ့ခဲ့ရသပေါ့။ အဲဒါနဲ့နောက်နေ့ မှာတော့ စိမ်းမြစိုလွင်နေတဲ့တောင်ကြီးမြင်ကွင်းလေးတွေကို လက်ဆော့ခဲ့သမျှပို့ပေးလိုက်ပါတယ်၊။   ကိုပေါက်လမ်းသလားနေသည် တောင်ကြီးအောက်တိုဘာ 5 13-10-2012    


      “အပြာရောင်ကောင်းကင်အောက်မှ တောင်ကြီးက စွယ်တော်စေတီ-၄”     ရှမ်းကပွဲလေးကြည့်ပြီးလမ်းလျောက်ပြန်လာကြတဲ့အခါ မနက်ဆယ်နာရီကျော်ကျော်လောက်ဘဲရှိပါသေးတယ်။ အစောက ရွာနေတဲ့မိုးကလဲ တိတ်ပြီးကောင်းကင်ကြီးက ကြည်လင်ပြာလဲ့။ အောင်ပန်းသွားဘို့ကလဲ နေ့လည်တစ်နာရီမှာဆိုတော့ အချိန်တွေပိုနေသေးပါတယ်။ အဲဒါနဲ့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်တော့ စွယ်တော်ဘုရားက စိတ်ထဲရောက်လာပါတယ်။ ဈေးတောင်ဘက်က ကားဂိတ်ကို ကားမေးကြည့်တော့ အသွားနှစ်ထောင့်ငါးရာ။ အသွားအပြန်ဆိုရင် ဘုရားဖူးတာသိပ်မကြာရင်စောင့်ပေးမယ် အသွားအပြန်ဆိုရင်ငါးထောင်လို့ပြောပါတယ်။ ငါးထောင်မနှမျောပေမယ့် စောင့်ပေးမယ်ဆိုတာက သိပ်မကြာရင် စကားခံထားတော့ စိတ်ထဲမှာမလွတ်လပ်။ တောင်ဘက် ကားဂိတ်လေးကိုဆက်လျောက်တော့ “ကားထွက်တော့မယ် တစ်ယောက်၂၀၀” ဆိုတာနဲ့ တက်လို်က်ခဲ့ပါတယ်။ စွယ်တော်စေတီနားရောက်တော့ဆင်းပြီးရင်ပြင်ပေါ်တက်ခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်ရောက်တော့ မဒမ်ပေါက်က  ဘုရားထဲဝင်သွားပါတယ်။ မိုးရွာထားတဲ့နေ့ဖြစ်တာ့ လူရှင်းပါတယ်။ မနက်တုံးက တောင်ခိုးတွေဝေနေခဲ့တဲ့ တောင်တန်းကြီးကလဲ ကြည်လင်စိမ်းစို။ အနောက်ဖက်ကိုလည်ပြန်ကြည့်လို်က်တော့ အပြာရောင်နောက်ခံမိုးသားကြီးရှေ့မှာ အဖြူရောင်တိမ်လိပ်တွေက လေထဲမှာလွင့်လို့။ ရွှေရောင်တောက်နေတဲ့စေတီတော်ကို ဖူးမြင်ရတာကြည်နူးစရာ။ […]


      တောင်ခိုး အုံ့ဆိုင်း မြင်လေတိုင်းမိူင်းဝေဝေ…………………….၂       ဒီတစ်ခေါက် တောင်ကြီးသွားတဲ့ခရီးကတော့ အဆင်မပြေမူ့များစွာနဲ့လို့ပြောရမယ်ထင်ပါတယ်။ ကားက ည ရှစ်နာရီထွက်မယ်ဆိုတော့ ခုနှစ်နာရီလောက်အိမ်ကထွက်။ လမ်းမှာကားပိတ်တော့ ခုနှစ်နာရီခွဲခါနီးမှရောက်ပါတယ်။ ကားနားရောက်တော့ ရှစ်နာရီမတ်တင်း။ ကိုယ်ကသာစိတ်တွေပူပြီးအပြေးအလွှားသွားရတယ် ကားပေါ်တက်လို့မရသေး။ မေးကြည့်တော့မှ ကားဘီးပေါက်နေပါသတဲ့။ လမ်းဘေးမှာ စောင့်ရပ်ရင်း ကြည့်လိုက်တဲ့အခါသူတို့လဲတဲ့စပယ်ယာဘီးကလဲ ခပ်နွမ်းနွမ်း။ ကျနော်သာအရောက်နောက်ကျလို့တက်မရ ကားပေါ်မှာနေရာယူတဲ့သူကယူပြီးသားပါ။ ကားကရှစ်နာရီကျော်တာတောင်ပြင်လို့မပြီးသေးပါဘူး။ စိတ်ထဲကနေ မေးနေတဲ့မေးခွန်းကတော့ “မင်းတို့နောက်ကျရင်သာခရီးသည်ကစောင့်ရတာ ခရီးသည်နောက်ကျရင် မင်းတို့စောင့်ပါမလား” ရှစ်နာရီခွဲတိတိမှာမှ ကားထွက်ပါတယ်။ နာရီဝက်တိတိတောင်နောက်ကျပါတယ်။ နောက်ည11နာရီလောက်မှာ မိတ္ထီလာနားက ဆိုင်တစ်ဆိုင်မှာထမင်းစားနား။ ပြန်ထွက်လာပြီးသိပ်မကြာခင်တစ်နေရာမှာ ကားထိုးရပ်ပါတယ်။ အစကတော့ ဖွင့်ထားတဲ့ မြန်မာကားထိုင်ကြည့်နေရင်း က ကားအောက်ကိုဆင်းကြည့်တော့မှာ ကားဘီးဖြုတ်နေတာကိုမြင်ရပါတယ်။ စပယ်ယာဘီးကထပ်ပေါက်တာပါတဲ့။ ကားဆရာက မကျေမနပ်နဲ့ပြောလိုက်တာကတော့ “ဘယ်လိုလူတွေပါလာလို့ ကားဘီးပေါက်တာလဲမသိဘူူး။ […]


      စိမ့်စမ်းရေတံခွန်ဖြာဆင်းနေတဲ့ တောင်ကြီးအတက်လမ်း……………     ဟိုအရင်ကဆိုရင် တောင်ကြီးမြို့အကြောင်းကို စာထဲမှာဖတ်ရ သူများတွေပြောတာလောက်နဲ့ကျေနပ်ခဲ့ရပါတယ်။ ဆိုင်မှာသာ မခွာဘဲအမြဲကပ်နေရတဲ့ကျနော့်အဘို့ခရီးသွားဘို့အခွင့်အရေးမပေါ်ခဲ့တာ 1995 ခုနှစ်ကစလို့ 2000ခုနှစ်အလွန်ထိ အတော်ကြာခဲ့ပါတယ်။ အကြောင်းသင့်ပြန်တော့ 2011 စက်တင်ဘာ 23မှာတောင်ပိုင်းရှမ်းပြည်ကို မထင်မှတ်ဘဲရောက်ခဲ့ရ။ အဲဒီတုန်းက ည 7နာရီကားနဲ့သွားခဲ့တာပါ။ မှတ်မှတ်ရရ 2009ခုနှစ် စက်တင်ဘာလ 23ရက်တုံးကတော့ အဲဒီအချိန်မှာ မြို့သစ်မှာရှိတဲ့ မြိုတော်ဆေးရုံပေါ်က အခန်းထဲမှာ ပိုက်တန်းလန်းနဲ့ သတိရတစ်ချက်မရတစ်ချက် ။ ပိုတက်စီယံခန်းသွားတာပါတဲ့။ ချွေးအထွက်လွန်သွားလို့ပါတဲ့။ တောင်ကြီးကိုရောက်ဘို့ကံဇာတာပါပြန်တော့လဲ 2011 စက်တင်ဘာမှာတစ်ခေါက် 2012 အေပရယ်လ သင်္ကြအပြီမှာတစ်ခေါက် 2012 ဇူလိုင်လ29-30 တစ်ညအိပ်တစ်ခေါက် အခု2012 အောက်တိုဘာလဆန်းမှာတစ်ခေါက်ထပ်ရောက်ခဲ့ရပြန်ပါတယ်။ ရောက်တိုင်းလဲ လက်ဆော့ဖြစ်ပါတယ်။ ပထမတစ်ခေါက်ကတည်းက တောင်ကြီးအတက်လမ်းမှာရှိတဲ့ မိုးတွင်းမှာသာတွေ့နိုင်တဲ့ရေတံခွန်ကို ရောက်ခဲ့ပါတယ်။ […]


1 ရွှေအိုရောင်ညနေခင်း               “အရှေ့ဘက်ကတောင်သမန်ကိုနုတ်ဆက်ခြင်း ”     ကျနော်နဲ့ဘိုသော့နှစ်ယောက်သားဓါတ်ပုံတွေရိုက်လို့ မောတော့ အဆောင်လေးတစ်ခုမှာနားကြပါတယ်။ အဲဒီမှာကျနော်က မြောက်ဘက်ခြမ်းက ပုံတွေကိုသွားရိုက်နေတုန်းလှေအုပ်ကြီးရောက်လာပါတယ်။ ကျနော်က တံတားလေးကွေးသွားတာကိုရိုက်ကောင်းနေချိန် ဘိုသော့ကလဲ လှေအုပ်ကြီးကိုအားပါးတရ နှက်နေပါတယ်။ သူလှေတွေရိုက်တာမြင်တော့ တောင်ဘက်ခြမ်းကိုကူးလာပြီးရိုက်ပါတယ်။ အင်းထဲမှာ လှေကလေးတွေက လူးလာခတ်နေပါတယ်။ နို်င်ငံခြားသားတွေလဲ လှေစီးရင်း ကျနော်တို့လိုလက်ဆော့သူတွေ တွေ့ရပါတယ်။ တစ်ချို့ကနှစ်ယောက်တွဲ တစ်ချို့က တစ်ကိုယ်တော်။ လှေတွေကိုရိုက်လို့ကျနော်ကတော့ တံတားကိုပုံစံမျိုးစုံနဲ့လက်ဆော့ဖြစ်ပါတယ်။ ဝင်လုဆဲနေရောင်အောက်မှာ လှပသောအလင်းတန်းများနဲ့ ပုံများစွာကိုရပါတယ်။ ရိုက်ရင်းရိုက်ရင်းနဲ့ အလင်းက တစထက်တစ ပျောက်လာပါတယ်။ ကျနော်နဲ့ဘိုသော့ တံတားကခွာတော့ အတော်လေးမှောင်နေပါတယ်။ အပြန်လမ်းမှာတော့ စေတီလေးတစ်ဆူ အရိပ်ကျနေတာကိုမြင်တော့ ဆင်းလက်ဆော့ခဲ့ပါသေးတယ်။ ဘာဘဲပြောပြော လှပသော တောင်သမန်ညနေခင်းလိုပ […]


                    “တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက ………………ံ”   ရတနာပုံတက္ကသိုလ်ရဲ့ရှေ့ကဖြတ်ပြီး အနောက်ဘက်လမ်းကလေးအတိုင်းလာခဲ့ကြပါတယ်။ လမ်းကလေးက သစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။ အချိုးအကွေ့လေး နှစ်ကွေ့လောက်ကွေ့ပြီးတဲ့အခါ စည်ကားလှတဲ့ဈေးဆိုင်တန်းတွေကိုမြင်ရ။ ကျနော်ဒီနေရာလေးကိုမရောက်တာလေးနှစ်လောက်ရှိပါပြီ။ အရင်က အကြော်ဆိုင်လေးတစ်ဆိုင်နှစ်ဆိုင်နဲ့ချောက်တီးချောက်ချက်။ အခုတော့ အလွန်အမင်းစည်ကား။ ဆိုင်ကပ်အပ်ဘို့ ဆိုင်ကလဲ အဆင်သင့်။ တစ်စီးမှာငါးရာထဲပါ။ ဆိုင်ကယ်အပ်ခကိုဘိုသော့ကပေးလိုက်ပါတယ်။ အနောက်ဘက်တံတားရှိရာကိုဆင်းလိုက်တဲ့အခါရေပြင်ကြီးကိုမြင်ရပါတယ်။ ဟိုအရင်က ကမ်းစပ်မှာထိုင်စားဘူးခဲ့တဲ့အကြော်ဆိုင်လေးတွေလဲရေမြုတ်လို့နေ။ တံတားပေါ်ရောက်ရောက်ခြင်း ရွှေရောင်လက်နေတဲ့ရေပြင်ကို တစ်ချက်ဆွဲလိုက်ပါတယ်။ တံတားပေါ်မှာလူအပြည့်။ ရေထဲမှာတော့ “ငှက်”လေးတွေက လူးလာခတ်။ ကျန်တဲ့အရပ်တွေမှာတော့ လှေလို့ခေါ်ပေမယ့် ဒီအရပ်မှာတော့  “ငှက်”လို့ခေါ်ပါတယ်။ သာမန်လှေတွေနဲ့မတူ လှေဝမ်းက ခပ်ကားကား။ လူတစ်ယောက်ထဲက လှေဝမ်းအလည်ခေါင်မှာရပ်လို့ တက်နှစ်ချောင်းနဲ့တစ်ပြိုင်တည်းလှော်ပါတယ်။ လှေသမှားကိုလဲ ငှက်သမားလို့ခေါ်ပါတယ်။ တံတားပေါ်လဲရောက်သွားရော ဘိုသော့နဲ့ကျနော် တစ်ကွဲတစ်ပြားစီ။ […]


    “တောင်သမန်အသွားလမ်းမှာလက်ဆော့ခြင်း”     ပြီးခဲ့တနင်္ဂနွေ က ဥပုဒ်နေ့နဲ့ တစ်ထပ်ထဲကျနေပါတယ်။ အဲတော့ အလုပ်ကကလေး တွေနဲ့ ဗောဓိတစ်ထောင်သွားမယ်ဆိုပြိီး စိစဉ်ထားပါတယ်။ ဖြစ်ချင်တော့ ညသုံးနာရီလောက်ကရွာတဲ့မိုး တိတ်ကိုမတိတ်တော့ဘူး။ အဲတော့ မသွားဖြစ်ဘူးပေါ့။ နေ့လည်ပိုင်းကျတော့ပျင်းလာရော။ အဲဒါနဲ့ဘိုသော့ဆီဖုန်းဆက်တော့ ညနေလေးနာရီကျော်ရင်အားပြီတဲ့။ သွားမယ်နေ့ရာကတော့ တောင်သမန်အင်းကိုပေါ့။ တောင်သမန်အင်းကို အကြိမ်ကြိမ်ဓါတ်ပုံရိုက်ဘူးပေမယ့် အရှေ့ဘက်တောင်သမန်ရွာထိပ် အရှေ့ဖက်ခြမ်းကတော့ မရိုက်ဘူးသေး။   နောက်ဘိုသော့ကလဲ တောင်သမန်နဲ့ဦးပိန်အကြိမ်ကြိမ်လာခဲ့ဘူးပေမယ့် ရတနာပုံဘက်ကနေမဝင်ဘူး သေးဘူး။ အဲတော့ 78လမ်းတိုင်းလာ။ နည်းနည်းစောသေးတော့မန်းမြို့တော်မှာလက်ဖက်ရည်ဝင်သောက်။ ကိုမိုက်တို့ကိုစွယ်တော်တို့ရဲ့ တမာတန်းလေးကိုဖြတ် တံခွန်တိုင်အဝင်လမ်းကနေရတနာပုံဘက်ကို ခရီးဆက်ခဲ့ပါတယ်။ ရတနာပုံကျောင်းနဲ့ တောင်မြို့လမ်းခွဲမှာ ငါးမျှားနေသူတွေကိုတွေ့ရပါတယ်။ အဲဒီနားကမြင်ကွင်းလှတော့ခဏရပ်လို့ရိုက်။ အရှေဘက်ကိုဆက်သွားတော့လမ်းမြောက်ဘက်မှာ ရွှေရောင်တွေဝင်းနေတဲ့စေတီတစ်ဆူ။ အဝေရာပင်တွေ ဆူူးပင်တွေကြားကရေပြင်မှာ ဘုရားအရိပ်က တစ်ဝက်တစ်ပျက်။ ဘိုသော့ကရေစက်ဝိုင်းချရအောင်ခဲရှာ။ ကျနော်က ဓါတ်ပုံရိုက်စရာရအောင် သစ်ကိုင်းတွေချိုး။ […]


      “တိမ်ရောင်စုံနံနက်ခင်းလေး”     မနက်မနက်လမ်းလျောက်တဲ့အခါ  ရောင်စုံတိမ်အဆင်နဲ့လှပတဲ့နံနက်ခင်းလေးတွေကို တွေ့ရတတ်ပါတယ်။ ကျနော်လမ်းလျောက်တာက အရှေ့ကနေ အနောက်ဖက်ကို လျောက်ရတာပါ။ အဲတော့ အရှေ့ဖက်မိုးကောင်းကင်ကြီးလှမလှကို နောက်ပြန်ကြည့်ရတာလဲအမောပါဘဲ။ ကောင်းကင်မှာ အနီရောင်အလင်းစက်တွေကိုများတွေ့ရပြီဆိုရင် မြင်ကွင်းကျယ်ကျယ်လဲရှိ ရိုက်လို့လဲလှမယ့်နေရာဆီကိုရောက်ပြေးရပါတယ်.။ တိမ်တွေလဲလှနေတာများတွေ့ရလို့ကတော့ရိုက်နေကျ နေရာလေးဆီကိုအပြေးအလွှားသွားပေါ့။ အခုမနက်မှာတော့ တိမ်လေးတွေက အဆင်အသွေးလှလှနဲ့ မြင်ရပါတယ်။ တိမ်ရယ် ရေပြင်ရယ် သစ်ပင်တွေရယ်ဆိုတော့ ပြည့်စုံသော ပုံလေးတစ်ပုံကို ရတာများပါတယ်။ ကဲ ခံစားကြည့်လိုက်ပါအုံးနော်………………..   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 30-9-2012