“တိမ်တွေနဲ့နီးအောင်အမြင့်သို့်တက်ကြည့်ခြင်း” ကျနော်ဓါတ်ပုံရို်က်တဲ့အခါ တိမ်တွေ ရေထဲမှာအရိပ်ကျတာတွေကိုအတော်လေးနှစ်သက်မိပါတယ်.။ အထူးသဖြင့်ငယ်ငယ်လေးကတည်းကနှစ်သက်ခဲ့တဲ့တိမ်တောင်ထုတွေကို အခုထိလည်းနှစ်သက်နေတုံးပါဘဲ။ ဒီစက်တင်ဘာလ ကတော့ ခါတို်င်းထက်တိမ်တွေပိုလှတယ်လို့ထင်မိပါတယ်။ ခက်တာက ကောင်းကင်အပေါ်ပိုင်းမှာလေတွေတို်က်နေတော့ တိမ်တွေကရွှေ့လျားလို့နေပြန်ပါတယ်။ တိမ်တောင်ထုလေးပေါ်လာလိုက်။ ညနေကျရင် သွားရိုက်မယ်စိတ်ကူးထားလိုက်။ တိမ်တွေကြ့ပိုကျသွားလိုက်နဲ့ ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေရိုက်မယ်လုပ်ပြန်ရင် မြင်ကွင်းက မရှင်း။ ခေါင်မိုးမြင့်မြင့်အပေါ်စီးကသာရိုက်မယ်ဆိုရင်တိမ်တွရှင်းနေမှာဘဲလို့တွေးမိပါတယ်။။ မန္တလေးတောင်ပေါ်က တက်ရိုက်ဘို့စဉ်းစားပေမယ့် အဆင်မပြေ။ တိမ်တွေကို အပေါ်အမြင့်ကရိုက်ကြည့်ချင်စိတ်က တိုးတိုးလို့လာပါတယ်။ တစ်ရက် ဟိုတယ်တွေမှာ ဒိုဘီအပ်တာလက်ခံတဲ့မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းရပါတယ်။ သူက ဟိုတယ်အပေါ်ဆုံးထပ်မှာသွားပြီး လျှော်ပေးရမယ့်အထည်တွေကို သွားလက်ခံရပါတယ်။ သူနဲ့အဖော်လိုက်သွားပြီး ခေါင်မိုးပေါ်တက်လိုက်တဲ့အခါ မန်းလေးမြို့ကြီးကိုအပေါ်ကစီးကြည့်လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှု့မော။ ကျယ်ပြန်တဲ့ကောင်းကင်မှာရှိနေတဲ့တိမ်တွက ကိုယ်နဲ့ ပို ပိုနီးကပ်လာသလိုပါဘဲ၊။ အရှေ့ဘက်မှာရန်ကင်းတောင် ရှမ်းရိုးမနဲပ […]