“ကြာပင်အိုင်အလွမ်းပြေ…………………….” ပြီးခဲ့တဲ့ဥပုဒ်နေ့ နေ့လည်ပိုင်းမှာတော့ မိုးကလေးကခပ်အုံ့အုံ့။ ဘယ်သူနဲ့မှချိန်းထားတာလဲမရှိတော့ အောင်ပင်လယ်ဘက်သွားချင်စိတ်ပေါ်လာပါတယ်။ အရှေ့ဘက်ကိုလှမ်းကြည့်တော့ တိမ်တွေလှနေတာကလည်း ဓါတ်ပုံရိုက်ထွက်ဘို့ ဆွဲဆောင်သလိုလို။ ဒါနဲ့ဘဲ ကင်မရာဓါတ်ခဲအပိုထည့် မင်မိုရီကဒ်အပိုဆောင် မိုးကာအကျီ်လေးကို ထည့်လို့ ထွက်လာခဲ့ပါတော့တယ်။ နေ့လည်နှစ်နာရီထိုးလောက်ပေါ့။ ဆိုင်ကယ်စီးလာနေရင်းနန်းရှေ့လဲရောက်ရောမိုးအုံ့နေရာကနေ ရာသီဥတုက ပူလာပါတယ်။ ဒါနဲ့ 62လမ်းအတိုင်း ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းရပြန်သပေါ့။ ဒီဘက်ခြမ်းမှာပူနေပေမယ့် မန်းလေးနဲ့ပုသိမ်ကြီးကို စည်းခြားထားတဲ့ သံလမ်းကိုလဲကျော်ရော လမ်းဘေးမှာတန်းစီနေတဲ့ သစ်ပင်တွေကြောင့်အေးမြသွားပါတယ်။ နန်းဦးလွင်ရွာကိုကျော်လာလိုက်တော့ အရင်ရှိနေကျ ကြာအိုင်နေရာမှာ ရေမြောင်းကျယ်ကြီး ကိုတွေ့လိုက်ရပါတယ်.။ အရင်ကတော့ ဒီနေရာမှာနန်းတော်ရှေ့ဆရာတင် သီချင်းထဲက ကြာပင်အိုင်ကြီးရှိခဲ့ဘူးသပေါ့။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကထိ ဒီကြာတောကြီးရှိပါသေးတယ်။ အပွင့်အတော်ကြီးတဲ့ ကြာပန်းတွေရှိတဲ့နေရာပါ။ ဒါပေမယ့် ဒီကြာပင်ကြီးတွေက နှစ်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးမူ့တွေလဲရှိလာတာတော့အမှန်ပါဘဲ။ ဟိုးအနောက်ဘက် အောင်ပင်လယ်ကန်ဘောင်ရိုးအစကနေ ပုသိမ်ကြီးမြို့အဝင်ထိပ်လောက်ထိအောင်ရှည်လျားတဲ့ ချောင်းက ကြာပင်တွေဗေဒါပင်တွေနဲ့ ပိတ်နေတော့ […]