“နောက်ဆက်တွဲ ပင်းတယက အပြန်“ ကျနော်ပိုစ်တွေတင်တဲ့အခါ ကော်နက်ရှင်ကောင်းတုန်း အားနေတုန်းမှာ ပိုစ်တွေကို ရက်စွဲ ကြိုပေးပြီးတင်လေ့ရှီပါတယ်။ ဒီတစ်ခါတော့ ကြိုတင်မိတာက တလွဲဖြစ်ကုန်ပါတယ်။ အရင်က ကျယ်ဂေါင်မှာ မန်းလေးဂေဇက်ဖွင့်ရတာအရမ်းလွယ်ပါတယ်။ ဒီတစ်ခေါက်တော့ မေးလ်ကလွဲရင်ဖွင့်မရ။ အဲတော့ တင်လက်စ ပင်းတယအပြန် ပိုစ်က တစ်ပိုင်းတစ်စတက်သွားပါတယ်။ အရင်က ကျနော်ပုံတင်ရင် တစ်ပုံဘဲတင်တတ်ပါတယ်။ ရွာထဲမှာ အသုံးမဝင်ဘဲ အမြဲတမ်းပြောနေတတ်တဲ့ “အမှတ်ယူတယ်”လို့ အသံတွေထွက်လာတဲ့အခါမှာ ဓါတ်ပုံပို့စ်တင်ရင် အများကြီးတင်ပေးတဲ့အကျင့်လုပ်ထားပါတယ်။ ကြုံတုန်းလေးကိုယ့်အကြောင်းကိုယ်ပြန်ပွားချင်ပါသေးတယ်။ 2010ခုနှစ်က စလို့ လမ်းသလားတဲ့အလုပ် တွေက ကံကောင်းထောက်မစွာနဲ့ ကျနော်ဆီရောက်လာတော့ နေရာတော်တော်များများကိုရောက်ခဲ့ပါတယ်. သွားသမျှခရီးကလည်း အလုပ်ကိစ္စနဲ့သွားရတာချည်းပါဘဲ။ အဲတော့ အလုပ်ကို အမြန်ပြီးအောင်လုပ်။ ကိုယ်လက်ဆော့ချင်တာလေးကိုမှတ်ထား။ […]