“ချစ်စထုံးနှောင် အပိုင်းလေး………ဇာတ်သိမ်း”   အချစ်ဆိုတာ ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ ဆန့်ကျင်ဘက် သဘောဆောင်လို့ပေါ့။ တစ်ချို့ကတော့ပေးဆပ်ခြင်းသက်သက်တဲ့၊ တစ်ချို့ကတော့ ပိုင်ဆိုင်ရမှတဲ့၊ တစ်ချို့ကတော့ အချစ်ဆိုတာ ဘဝမှာ တစ်ခါထဲဘဲပွင့်တဲ့ပန်းတဲ့။ တစ်ချို့ကတော့ အချစ်ဆိုတာ အကြိမ်ကြိမ်ပေါက်ဖွားခွင့်ရှိပါသတဲ့။ တစ်ချုို့ကတော့ အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးတဲ့၊ သူ့အလိုလို တိုက်ဆို်င်မှ ပေါက်ဖွားလာတာပါတယ်။ အချို့ကလဲ အချစ်ဆိုတာ ပြုစုပျုးိထောင်ယူလို့ရပါသတဲ့။ အချစ်ဆိုတာပူလောင်ခြင်းတဲ့ အချစ်ဆိုတာအေးငြိမ်းခြင်းတဲ့ အချစ်ဆိုတာ နာကျင်ကြေကွဲစရာတဲ့ အချစ်ဆိုတာပျော်ရွှင်ကြည်နူးစရာတဲ့ အချစ်ဆိုတာ……………………………… အချစ်ဆိုတာ…………………………………… ပြောလို့ရေးဖွဲ့လို့ မဆုံးသလို။ အချစ်နဲ့ပါတ်သက်လို့ အနက်အမျိုးမျိုးဖွင့်ကြတာ ပြန်တွေးကြည့်တော့ မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလိုပါဘဲ.။ ကိုယ်လက်နဲ့ထိမိသလောက်လေးအပေါ်မှာ အကဲဖြတ်ကြတယ်လို့ထင်ပါရဲ့။ တွေးရင်းတွေးရင်း အဖြေမရနိုင်ဘဲလည်ထွက်နေတာလဲ ဒီအချစ်ပါဘဲ။ အချစ်ကြောင့်ပျော်ရွှင် အချစ်ကြောင့်တက်ကြွ အချစ်ကြောင့်စိတ်အားတက် အချစ်ကြောင့် စိတ်ဆင်းရဲ အချစ်ကြောင့် မိန်းမော အချစ်ကြောင့် […]


“ချစ်စထုံးနှောင်……………..အပိုင်းသုံး”      “ စိမ်းမြ…………သစ်ရွက်တို့ ကြွေနေဆဲ………. ငါ့မျက်ရည်စိုနေတုန်းပေါ့………… တစ်ချို့တွေနေနိုင်လွန်းတယ်။ တိတ်ဆိတ်တဲ့ညမှာခပ်ဆွေးဆွေးဆိုနေတဲ့ သီချင်းသံရယ် ခပ်ပြင်းပြင်းတီးနေတဲ့ ဟော်လိုဂစ်တာသံလေးရယ်နှစ်ခုပေါင်းစပ် နံရံအတားအဆီးတွေကိုဖြတ်လို့ ကျမအခန်းထဲကို ခွင့်မတောင်းဘဲရောက်လာပါတယ်။ မျက်ရည်ကျောက်ခက်တို့ ပြိုနေဆဲ………………..  ငါ့အတွှက်အဖြေရှာနေတုန်းပေါ့………….. တစ်ချို့တွေနေနိုင်လွန်းတယ်”   နဂိုရ်က မှ အိပ်မပျော်ရတဲ့အထဲကွယ်။ “အိပ်မပျော်တဲ့ညမှောင်လွန်းနေဆဲ…………… တစ်ယောက်ထဲငါ ငိုနေတုန်း…………………. ရင်ထဲမှာ မကျေနပ်ဆုံး………… ကိုယ့်အသဲမှာဒါနောက်ဆုံး………………………………. …………………………………………………………….. စိမ်းမြသစ်ရွက်တို့ကြွေနေဆဲ………………………… တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်…………………….. တစ်ချို့တွေနေနိုင်လွန်းတယ်……………………..   ကျမသိပ်မှတ်မိတာပေါ့။ ဒါမောင့်အသံ ………..အစစ်ပါ။ နေနိုင်လွန်းသူ မဟုတ်ရပါဘူးမောင်ရယ်။ နေနိုင်အောင်ကြိုးစားလို့ နေရသူပါ။   အဆောင်ပြူတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ ဗန်ဒါပင်အောက်မှာ မောင်ဂစ်တာတီးနေတာကိုမသဲမကွဲလှမ်းတွေ့ရပါတယ်။ မမြင်ရပေ့မယ့် အသံကြားတာအရိပ်တွေ့တာနဲ့ မောင်မှန်းကျမသိပါတယ်နော်။ အဲ့ဒီသီချင်းဆုံးတော့  မောင့်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကိုဆိုပါတယ်။   “မထင်မှတ်ဘဲ […]


“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းသုံး) (စိမ်းလွယ်……………….) “ကဲအခုဘယ်လိုလုပ်မလဲ……………………………”တဲ့ “မောင်ရယ် ……….နင် မေးတတ်လိုက်တာနော် “လို့ဘဲပြောချင်ပါတယ်။ သူနဲ့အတူနေနိုင်ဘို့အတွက်ကျမဘက်ကကြိုးစားခဲ့၊ မလိုချင်တဲ့ဘဝကြီးထဲမှာ နှစ်မြုှပ်ပြီး ပေးဆပ်ခဲ့တဲ့အချိန်တွေ ရင်းနှီးခဲ့ရတာတွေအတွက် ကျမရလာတဲ့ရလာဒ်က”ဒီမေးခွန်းလေးလားဘဲ မောင်” လို့ သူ့ရင်ကို ထုထုပြီးမေးလိုက်ချင်ပါတယ်။ “မောင်”နဲ့ဝေးနေချိန်တုန်းက အခက်အခဲတွေ စိတ်ညစ်စရာတွေကြုံချိန်မှာစိတ်ဓါတ်တွေလဲပြို မသွားအောင် “မောင်နဲ့အတူလက်တွဲနိုင်ဘို့အတွက်”လို့အားတင်းပြီးရှေ့ဆက်ရတာတွေ၊ “မောင်နဲ့အတူနေကြတဲ့အခါ”ဆိုပြီးတွေးတွေးပြီးပျော်ခဲ့ရတာတွေ၊ သူ့ဆီက ဒီစကားလဲကြားရောကျမစိတ်ကူးအိပ်မက်တွေတစ်စစီ ပြိုကွဲသွားသလိုပါဘဲ။ ပြောရမယ်ဆိုရင်တော့အရှည်ကြီး။ ဟိုလွန်ခဲ့တဲ့လေးနှစ်ကလောက်ဘဲဆိုကြပါစို့။ ကျမတို့အရင်နေခဲ့တဲ့ ၃၂လမ်း မလွန်ကြက်သွန်တန်း ဘက်ကနေ မောင်တို့ နေတဲ့ နန်းတော်ရာကွက်သစ်ဘက်ကို ကျမတို့ပြောင်းလာခဲ့ပါတယ်။ မောင်တို့ကတော့ ကျမတို့အရင်ရောက်နှင့်နေခဲ့သူပေါ့။ ကျမတို့အဖိုးအဖွားတွေလက်ထက်က ဘိုးဘွားအမွေဆိုပြီးချန်ထားခဲ့တဲ့ မြို့လည်ခေါင်က မြေကွက်ကို သူ့သားသမီးတွေလက်ထက်မှာဆက်မထိမ်းသိမ်းနိုင်။ အဲတော့ မြို့ခံနဲ့ နယ်ကလာတဲ့ ဧည့်သည် ပိုင်ဆိုင်တဲ့မြေနေရာကို လူချင်းချိန်းကြတဲ့ ဇာတ်လမ်းတွေထဲမှာ ကျမတို့ ဆွေမျုးိစုကြီးလဲ အပါအဝင်ပေါ့။ […]


“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းနှစ်) (ယိမ်းဖယ်……………….) “မမနွယ်….…. …. …. …. …. …. …. “ ကျနော် မမနွယ်ကို ဒီစကားလေးပြောဘို့အတွက်နေ့ပေါင်းများစွာ ညပေါင်းများစွာစဉ်းစားခဲ့ရပါတယ်။ မမနွယ်ရဲ့ သူငယ်ချင်းအရင်းကြီးတွေနဲ့စကားတွေအကြိမ်ပေါင်းများစွာပြောပြီးသူတို့ ထင်မြင်ချက်တွေကိုအများကြီးနားထောင်ခဲ့ရပါတယ်။ တကယ်တမ်းပြောကြေးဆိုရင် မမနွယ် နဲ့ဆုံတွေ့ခဲ့ခြင်းကို ကျနော့်ဘဝနဲ့ချီပြီးပြောရရင် ပျောက်ဆုံးသွားပြီး ပြန် မရနိုင်တော့ဘူးလို့မှတ်ထင်ထားတဲ့ရတနာပစ္စည်းလေးကို မထင်မှတ်ဘဲပြန်ရလိုက်သလိုပါဘဲ။ တကယ်တော့ မမနွယ်ရောကျနော်ပါ ဘဝတူတွေပါ။ လူမှန်ရင် အဖေရှိမယ် အမေရှိမယ် ညီအကိုမောင်နှမရှိမယ်။ ကံကောင်းရင် အဖေ့ဖက်က အဖုးိအဖွား အမေ့ဘက်က အဖိုးအဖွားရှိမယ်။ ဒီထက်ပိုကံကောင်းရင် ဦးလေးတွေ အဒေါ်တွေရှိမယ်။ ထပ်ကံကောင်းတဲ့သူက မောင်နှမဝမ်းကွဲတွေနဲ့သိုက်သိုက်ဝန်းဝန်းနေရမယ်။ အဖေရှိတယ်အမေမရှိဘူး။ အမေရှိတယ်အဖေမရှိဘူး။ တစ်ခုလိုနေမယ်။ အတူဆော့စရာ တိုင်ပင်စရာ ညီအကိုမောင်နှမမရှိဘူး။ ချစ်ခင်ယုယမယ့် ကိုယ်နွဲု့ဆိုးဆိုးလို့ရမယ့် အဒေါ်တွေဦးလေးတွေမရှိဘူး။ အဖိုးတွေအဖွားတွေနဲ့သိုက်သိုက်ဝန်းဝန်းမနေရဘူး။ ကျနော်တို့လို […]