ဘာလေးဖြစ်ဖြစ် ဘာသာတရားအမြင်နဲ့ သာတိုင်းတာတတ် ပြီး ပွင့်ပွင့်လင်းလင်းကြီးပြောတတ်ပြန်တဲ့ အပျိုကြီး “မမစိမ်း”ကတော့. “နင်တို့ကလဲ ဆုတ်ကပ်လေဟယ် ဆုတ်ကပ်။ သာသနာကွယ်တဲ့ခေတ်။ ဒန့်ကျွဲပင် ပုခက်လွဲတဲ့ခေတ်။ လူတွေက ဒီတပ်မက်မူ့တွေနောက်ဘဲလိုက်၊ ဒီတဏှာကိစ္စဘဲစဥ်းစားနေကြတော့ စောစောအိမ်ထောင်ကျ စောစောမွေး စောစော သေပေါ့ဟဲ. “ပါတဲ့။ ဘာမဆိုတွေးတွေးဆဆနဲ့ အကွက်လည်အောင်စဥ်းစားပြီးပြောတတ်တဲ့ “ဝေဝေနွယ်” ကတော့ “ယောက်ျားလေး အိမ်ထောင်ပြုတယ်ဆိုတာက ယဉ်ယဉ်ကျေးကျေးလေးပြောရရင် အဖော်ရှာတာ။ သူ့ဝေယျာဝစ္စကို တသက်လုံးလုပ်ပေးမယ့်သူကို ရှာတာ။ ဒီအတွက် သူပြန်ပေးမှာကတော့ လုပ်ကိုင်ကြွေးမွေးမယ် ဘဝကို လုံခြုံအောင်အကာအကွယ်ပေးမယ်။ ယောက်ျားတွေပြောတတ်တဲ့ အချစ်တွေဘာတွေဆိုတာကတော့ အပေါ်ယံအကာတွေလို့ပြောမယ်ဆိုရင်လဲ ရပါတယ်။ မိန်းမသားတွေကလဲ ကိုယ့်ဘဝလုံခြုံအောင် အတွက် စောင့်ရှောက်နိုင်သူလို့ ယူဆနိုင်တဲ့လူကိုလက်ထပ်မှာဘဲ။ အားကိုးရာရှာမှာဘဲ။ ကိုယ့်မိဘအိမ်က သာသာယာယာရှိနေမယ် ပြည့်စုံနေတဲ့ မိန်းကလေးတွေကတော့ အိမ်ထောင်ပြုဘို့က သူ့အတွက် သိပ်အရေးမပါဘူး။အဲ အမြဲတမ်းပြဿနာတွေနဲ့လုံးထွေးနေတဲ့အိမ်ကမိန်းကလေး၊ […]