” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ” တစ်ရက်ကျနော်သူငယ်ချင်း ကိုထွေးရဲ့သား မောင်သက်ထွေး နဲ့ လက်ဖက်ရည်ဆိုင်မှာတွေ့ကြပါတယ်။ ဒီတော့ မာကြောင်းသာကြောင်းတွေ မေးပြီးစကားတွေဆက်ပြောဖြစ်ကြပါတယ်။ ထုံးစံအတိုင်း ကျောင်းပြီးပြီလား အခုဘာတွေလုပ်နေလဲ တို့ မေးလိုက်တော့ မောင်သက်ထွေးက အဝေးသင်ဖြေရင်းအလုပ်ရှာနေတယ်လို့ဖြေရင်း ကျနော့်ကို မေးခွန်းတစ်ခုမေးရင်း သူ့ရင်ထဲက ခံစားချက်တွေကို တောက်လျှောက်ကြီးပြောပါတော့တယ်။ ” လေးပေါက်တို့ငယ်ငယ်တုန်းက အလုပ်တစ်ခုရဘို့ လွယ်သလား ? သားတို့ခေတ်မှာတော့ အလုပ်တစ်ခုရဘို့ဆိုတာ သိပ်မလွယ်တာမဟုတ်ဘူး တော်တော်လေးကိုမလွယ်တာရယ်၊ အလုပ်တစ်ခုရဘို့အတွက် လျှောက်တော့မယ်ဆိုရင် လျှောက်လွှာဝယ်ရတယ်ဆိုတော့ စပိုက်ဆံကုန်ပြီ။ ပြီးတော့လိုင်စင်ဓါတ်ပုံနှစ်ပုံ၊လိုအပ်တဲ့စာရွက်စာတမ်းမိတ္တူကူးခ၊အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ (ဒါကလဲအလကားရတာမဟုတ်ဘူးစာရွက်စာတမ်းကြေးလောက်တော့ ပေးရပါတယ်)။ အလုပ်ရမရတော့ မသိသေးဘူး အရင်ဆုံးထောင်ဂဏန်းလောက်ကတော့ ခုန်ထွက်သွားရော ။ ကိုယ်လျှောက်တဲ့အလုပ်က ကိုယ့်ကို မရွေးလို့ ဒါတွေပြန်ပေးရင်တော်သေး တစ်ချို့ကပြန်မပေးတော့ တစ်ခါလျှောက်ရင် တစ်ခါကုန်ပါဘဲ။ အင်တာဗျူး ဝင်ရပြီဆိုရင် […]


ဟိုနေ့က ရန်ကုန်မှာနေတဲ့ မမဝါ ဆီကဖုန်းလာတော့ မာကြောင်းသာကြောင်းတွေပြောကြပါတယ်။ ဟိုလူနေကောင်းလား ဘယ်သူဘယ်ဝါနဲ့ရောတွေ့သေးလား အဆင်ပြေလားဘာလားအရေးမပါဘူးဆိုပေမယ့် ဝေးနေသူတွေအကြောင်းလှမ်းမေးပါတယ်။ ဒါနဲ့ အမကမွေးထားတဲ့ တူ တစ်ယောက်နဲ့ တူမနှစ်ယောက် ခုဘာလုပ်နေလဲ ကျောင်းပြီးပြီလား ဘာလားနဲ့မေးလဲမေးလိုက်ရော အမတော်ရဲ့ညည်းချင်းရှည်ကြီးကို နားဆင်ရပါတော့တယ်။ ” ငပေါက်ရေ မင်းတူ တူမတွေအကြောင်းတော့ မမေးနဲ့တော့ အခုသူတို့ညီမနှစ်ယောက်က မငယ် သမီးနှစ်ယောက်နဲ့ပေါင်းပြီး ရှိသမျှသင်တန်းလိုက်တက်နေကြတယ် ဟိုကောင်မောင်တိုးကတော့ သီချင်းအဆိုသင်တန်းတက်လိုက် အကသင်တန်းတက်လိုက် သင်္ဘောသားသင်တန်းတက်လိုက် ဟော်တယ်သင်တန်းတက်လိုက် နဲ့ကျောင်းပြီးတာတောင် သင်တန်းတွေက တက်လို့မပြီးသေးဘူး။ ဟိုညီအမ နှစ်စုံတွဲကလဲ ကျောင်းပြီးတာနဲ့ခြေငြိမ်ပြီမှတ်တယ် တက်လိုက်ရတဲ့စကားပြောနည်းသင်တန်း အင်္ဂလိပ် တရုတ် ဂျပန် ကိုရီးယား ရှိသမျှဘာသာစကား ကုန်ပြီထင်တာဘဲ။ ဒါနဲ့ပြီးမလားမှတ်တယ်ကွန်ပြူတာတဲ့ ပြီးပြန်တော့ အင်တာနက်တဲ့ ဟော သင်တန်းတစ်ခုတက်လို့ မပြီးသေးဘူး နောက်တစ်ခု ခြေလှမ်း လှမ်းနေပြန်ရော […]


“လိုုက် လိုက် နောက်ကလိုက် ပြီးတော့ အောက်ကရိုက် ” မနက်စောစောတစ်ရက် ကျနော်ကွန်ပြူတာနဲ့အလုပ်တွေရှုပ်နေတုံး “ဂွပ် “ကနဲ အသံကြားလို့ လှည့် ကြည့် လိုက်တော့ အင်္ဂျင်နီယာမမ မဝေဖြစ်နေပါတယ်။ သူကကျနော်လှည့်ကြည့်တာ မြင်တော့ မှ အားနာသွားပြီး ရယ်ကျဲကျဲလေးနဲ့ပြုံးပြပြီး “ဆောတီး”လို့ရယ်သံစွက်ပြီးပြောပါတယ်။ သူ့ထမင်းချိုင့်ရယ် ဆွဲခြင်းရယ်ကို စားပွဲခုံပေါ်ဆောင့်ချလိုက်တာ ကြောင့် အသံထွက်လာတာပါ။ သူကအမှတ်တမဲ့ချလိုက်တာအသံထွက်လာတော့ မှ ကျနော်ရှိနေတာကိုသတိရသွားပုံရပါတယ်။ သူက စိတ်တိုပြီဆိုရင် စိတ်ထဲရှိတဲ့အတိုင်း ကိုယ်အမူအယာ ကပါ ပြောင်းသွားတတ်တာကိုသိနေလို့ ကျနော်ကလှမ်းမေးလိုက်ပါတယ်။ “ဝေမမ ဘာတွေအလိုမကျဖြစ်လာပြန်ပလဲ” အဲတော့မှ “မပြောပါနဲ့တော့ လေးပေါက်ရယ်” လို့ ဆိုပြီးထုံးစံအတိုင်းအရှည်ကြီးပြောပါတော့တယ်။ သူကမနက်ဆိုအလုပ်လာရင်း လမ်းမှာ မုန့်ဝင်စားပြီးမှအလုပ်ကိုလာတာပါတဲ့။ ူအများအားဖြင့်တော့ မုန့်ဟင်းငါးဆိုင်ဝင်စားတာများပါသတဲ့။ သူတို့စားနေကြဆိုင်က တစ်ပွဲလေးရာ ဘဲဥတစ်စိတ်ပါတယ် ငါးဖယ်ကြော်ပိစိကွေး နှစ်တုံးပါတယ်။ အကြော်မကြီးတစ်ကြီး […]


(1)တောင်းဆုပွေလီ အပျိုဖော်ရွယ်မစေ့ခင် ကငယ်ဓလေ့ဂေါရီ။ ဘယ်အတွေ့လောကီကို ဇော မသီခင်က။ စံပ္ပါယ်ခက် စုံနှစ်ပြင်မငုံခင်အစ။ ပန်းဒွါဒဿ် ဆင့်စီငယ်မပွင့်မီကာလ။ ကျင့်ဝသီစာဂနှင့် ခါပထမသက်ရွယ်၊ ငယ်သွားတွေကြွေမလဲခင်က မေအမြဲချစ်ဘို့ကြံရွယ်။ ကလေးစိတ်ဇာတ်မပျယ ်ခပ်ငယ်ငယ်စာမတတ်ခင်က။ ကညာနတ် ကောင်းမူ့စေတီ တောင်းဆုပွေလီ။ စိ်တ်မှန်းနဲ့မေ ကျောက်ချီတယ်သွေဖောက်ပြီနိုင်ဘဲမို့လေး။ (တေးထပ် 1858ခုနှစ် မြန်မာသက္ကရာဇ်၁၂၂ဝခုနှစ်) (ဒီတေားထပ်လေးတော့လှိုင်ထိပ်ခေါင်တင်က ကနောင်မင်းသားကိုအပျိူတောင်မဖြစ်သေးတဲ့ အရွယ်ငယ် ငယ်ကလေးတည်းကချစ်ခဲ့ရတယ်ဆိုတာကို ရေးပြထားတဲ့ တေးထပ်လေးပါ) (2) ရဲပါပေ့ဘုရား ညဉ့်ရုံတော် အခြေပျက်အောင်လ ရွှေလက်နှင့်ဆွဲကာ၊ပွေရက်ပေ့ ပုလဲညှာရယ် ရဲပါပေ့ဘုရား။ အပါးကရံရွှေတော်ငယ်ပျော့် တပျော် နိုးခိုက်လေလား။ နေနွယ်ညွန့် သတိုးမှန်ရယ် လူဆိုးဉာဏ်ဝင်စား။မြတ်မယ်တော်ဘုရားနှင့် အများတို့ သိမည်။မြသလွန်ဗွေအုံးရွှေနှလုံးတုန်လှပါတော့သည်။ ငိုလိုက်လိမ့် ဖုန်းစည်ရယ် ကြာရှည်ရှည်စံမမြန်းပါနှင့်မှန်နန်းကရွှေနာရီဆော် လင်းလုပေါ့နော်။ နှစ်ပါးလုံး အရှက်မျှော်လျှင်ထွက်ကြွတော်မူအုံး ဖျ(ဖယာ့)လေး။ (တေးထပ်။ မြန်မာသက္ကရာဇ်1225။1863ခုနှစ်) (ဒီတေးထပ်လေးကလဲ […]


အိပ်မက်(12)။အချည်းအနှီးသော ဗူးတောင်းတို့သည်ရေတွင်နစ်မြုတ်သည်ဟုမြင်မက်ပုံ။ အဖြေ။နောင်တွင် အနှစ်မဲ့သော သူယုတ်မာတို့၏စကားကိုသာ အများကလက်ခံနှစ်သက်ကြပါမည်တဲ့။


ပြီးခဲ့တဲ့ရက် က ကျွဲဆည်ကန်ကို သွားရင်းနဲ့ အရင်က24နာရီ ဓါတ်ဆီဆိုင်နားမှာ ဆိုင်ကယ်တွေအုပ်စုလို်က်ကြီး ဓါတ်ဆီတန်းစီနေတာကိုတွေ့တော့ ကျနော်ငယ်ငယ် က အိမ်သုံးဘို့အတွက် ရေနံဆီတန်းစီခဲ့ရတာကို သွားသတိရလိုက်ပါတယ။် ကျနော်တို့ငယ်ငယ်က ရေနံဆီမီးဖို အသုံးများကြပါတယ်။ အခုခေတ်ဂက်စ်မီးဖိုကို အိမ်တိုင်းသုံးသလိုပေါ့နော်။ အခု26ဘီလမ်းမကြီးနဲ့ 78လမ်းဆုံတဲ့ဒေါင့်မှာ အရင်ကအစိုးရဓါတ်ဆီဆိုင်လေးရှိပါတယ်။အဲဒီဆိုင်က အိ်မ်သုံးဘု့ိအတွက် လူတယောက်ကို ရေနံဆီတစ်ဂါလံကို တစ်ကျပ်ပြားငါးဆယ်နဲ့ရောင်းပေးပါတယ်။ကျနော်တို့ညီအကိုတစ်တွေကျောင်းပိတ်ရက်ဆိုရင် အိမ်ကို ရေနံဆီတစ်ဂါလံစီဝယ်ပေးပြီးမှ ထွက်ကစားခွင့်ပါမယ်ရပါတယ်။ အဲဒီတော့ မနက် (7)နာရီလောက်ဆို အိပ်ယာထ တစ်ယောက်ကို ရေနံဆီဂါလံသံပုံးလေးတွေကိုင်လု့ိ သွားတန်းစီကြပါတယ်။အဲဒီတုန်းကလည်း ကြားဖြတ်တန်းစီတိုးတဲ့သူတွေနဲ့ရန်ဖြစ်ကြရပါတယ်။တစ်ခါတော့ ကျနော်တို့ရှေ့မှာ အစက တစ်ပုံးထဲရှိတာ။ ကျနော်တို့ကပုံးကိုတန်းစီထားပြီးဆော့နေတုံးဒီပြင်လူတွေကခပ်တည်တည်နဲ့ ပုံးတွေကိုကြားဖြတ်စီသွားတာလဲတွေ့ရော စိတ်တိုတိုနဲ့ပုံးတွေကို ခြေထောက်နဲ့လိုက်ကန်တဲ့ပြီး အတန်းတွေဖျက်လိုက်တော့ ပြဿနာတွေတက်ကုန်တာ။ ကလေးဖြစ်နေတာရယ် အိမ်ကိုလဲသိနေတယ်ဆိုလို့ သာဝိုင်း အရိုက်မခံရတာ အိမ်ရောက်လဲရောက်ရော ပြဿနာဖြစ်ခဲ့တယ်ဆိုတာ အိမ်ကသိပြီးသားဆိုတော့ အဆော်ခံရတာပါဘဲ။ ကျနော်တို့ငယ်ငယ်က ကျောင်းပိတ်တဲ့နေ့များဆိုရင် […]


မန်းလေးမှာ ဟိုအရင်ကတည်းကဘိုးစဉ်ဘောင်ဆက် မပြောင်းမရွွှှေဘဲနေလာမိသားစုတွေ အများကြီးရှိပါတယ်။ဒီလိုမပြောင်းမလဲဘဲ တစ်နေရာထဲမှာ နေနိုင်ကြတာကိုလည်း မိဘအမွေကိုမျိုးရိုးစဉ်ဆက်ထိန်းသိမ်းနိုင်သူဆိုပြီး ဂုဏ်ယူတတ်တဲ့ ဓလေ့လဲ ရှိကြပါတယ်။ဒါကြောင့်လဲ ကျနော်တို့ငယ်ငယ်ကျောင်းသားဘဝမှာ ကတည်းက မန်းလေးမြို့ရဲ့မြို့မျက်နှာဖုံးတွေရဲ့ဝင်းကျယ်ခြံကျယ်တွေကို ဖြတ်သွားဖြတ်လာနဲ့သိနေရတာပါ။လမ်း80 အမျိုးသားပြတိုက်နောက်ကျောကအိမ်ဆိုရင် မြန်မာ့စာတတ်ပေတတ်ပညာကျော် ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ဝင်းဖြစ်ပြီး ကျနော်တို့ကျောင်းသားဘဝက အဲဒီခြံဝင်းထဲမှာ ဖွင့်ထားတဲ့ အားသစ်အင်္ဂလိပ်စာ ကျုရှင်ကျောင်းလေးမှာ စာသွားသင်ရပါတယ်။အဲဒီအချိန်ကတော့ သူ့မြေးဖြစ်သူ ရှေ့နေကြီး ဦးခင်မောင်ဒွေးနေတာပါ။ အမျုးိသားပြတိုက်က ဟိုအရင်က (24လမ်းနဲ့လမ်း80)ကျုံးဘေးမှာ နှစ်ထပ်တိုက်အဟောင်းကြီးရဲ့နောက်မှာ ရှိတဲ့ တစ်ထပ်အဆောက်အဦးရှည်မျောမျောလေးဖြစ်ပါတယ်။အဲဒီပြတိုက်က စာကြည့်တိုက်နဲ့လည်းတွဲထားပါတယ်။အဲဒီအမျိုးသားစာကြည့်တိုက်မှ ရှေးကစာအုပ်တော်တော်များများရှိပါတယ်။အပြင်မှာ မရနိုင်တော့တဲ့ စာအုပ်တွေအများကြီးရှိသလိုကျနော်လည်း အသင်းဝင်ကဒ်ပြားလုပ်ပြီး ငှားဖတ်ခဲ့ဘူးပါတယ်။အဲဒီတုန်းက စာကြည့်သင်းဝင်ရင် ပိုက်ဆံမပေးရပါဘူး။ ဒါပေမယ့် ပြန်ထမ်းဝင်အရာရှိ တစ်ဦးဦးရဲ့ထောက်ခံချက်တော့လိုပါတယ်။ကျနော်တို့ကကျောင်းသားဆိုတော့ ကျောင်းအုပ်ဆရာမကြီးက ထောက်ခံပေးပါတယ်။ စာကြည့်သင်းဆိုလို မန်းလေးမှာ အတူယူစရာ လွမ်းစရာကောင်းတဲ့စာကြည့်သင်းလေးတစ်သင်းရှိခဲ့ဘူးပါတယ်။အဲဒီအသင်းမှာ စာအုပ်ထားတဲ့ ဘီရိုကြီးတွေကို က လူတစ်ရပ်ကျော်ပါတယ်။အပေါ်ကစာအုပ်ယူမယ်ဆိုရင် လှေခါးနဲ့တက်ရပါတယ်။ စာရေးဆရာတစ်ဦးချင်းစီရဲ့ […]


ဒီမန္တလေးက လက်ဖက်ရည်ဆိုင်တွေအကြောင်းကို သတိတရနဲ့ရေးထားတာတွေကို ပြန်ဖတ်ကြည့်တော့ မှကိုယ်အမြဲထိုင်ခဲ့ဘူးတဲ့ဆိုင်လေးတွေကျန်နေသေးတာကို သွားသတိရမိပါတယ်။ ပထမဆုံးပြောချင်တဲ့ ဆိုင်ကတော့ ရန်ကုန်မှာနာမယ်ကြီးတဲ့ ဆိုင်လေးနာမယ်နဲ့ မန်းလေးမှာ လာဖွင့် တဲ့ “မုတ်ဆိတ်လက်ဖက်ရည်ဆိုင် “ပါဘဲ။                                      အဲဒီဆိုင်လေးအကြောင်းပြောရင် ကိုယ်ခံလိုက်ရတာလေးကိုလဲ ပြန်တွေးလို့ရီချင်ပါတယ်။                                                                                                                                                                   တစ်ရက် သူငယ်ချင်းတစ်ယောက်ရယ် ကျနော်ရယ် အဲဒီဆိုင်ကို လက်ဖက်ရည်သောက်ဖို့ရောက်လာပါတယ်။                                                                                                                                     အဲဒီသူငယ်ချင်းက ဒီဆိုင်ကို မထိုင်ဘူး ဘူး ဆိုလို့ […]


တစ်ရက်က သူငယ်ချင်းအိမ်ကို မနက်ပိုင်းအလုပ်ကိစ္စနဲ့ ဝင်လိုက်တော့ သူတို့အိမ်က ကလေးတွေကျောင်းသွားခါနီးအချိန်နဲ့တိုက်ဆိုင်နေပါတယ်။ သူအမျိုးသမီးက ကလေးလေးယောက်ကို တစ်ယောက်ကို တစ်ထောင်စီထုတ်ပေးပါတယ်။ ကျနော်က မေးကြည့်တော့ အဲဒီတစ်ထောင်က မနက်စာရယ် ကျောင်းရောက်တော့ မုန့်စားကျောင်းဆင်းရင် စားဘို့ရယ်လို့ပြောပါတယ်။ သူတို့ကလေးတွေ အသီးသီးထွက်သွားကြတာတွေ့တော့ ကျနော်စိတ်ထဲမှာ အိမ်ကပေးလိုက်တဲ့ မုန့်ဘိုးနဲ့ ဘာများဝယ်စားကြမလဲလို့ တွေးမိတော့ ငယ်ငယ်က အိမ်မှာ မနက်ဆိုရင် မောင်နှမတစ်တွေ အဖွားကြွေးတဲ့မနက်စာကို တိုးတိုးခွေ့ခွေ့ သိုက်သိုက်ဝန်းဝန်းစားခဲ့ကြတာကို ပြန်လို့သတိရမိပါတယ်။ ကျနော်တို့ငယ်ငယ်က မနက်စာအတွက်မုန့်ဘိုးမပေးပါဘူး။ကျောင်းမသွားခင်အိ်မ်ကဘဲအပြီးစားသွားရတတ်ပါတယ်။ မနက်ဆိုရင် အများအားဖြင့် ထမင်းကြော်စားရတာများပါတယ်။ အဖွားက မနက်အစောကြီးထ ဆွမ်းလောင်းဘို့ ထမင်းချက်ပါတယ်။ ဆွမ်းလောင်းဘို့ဖယ်ပြီးရင် ကျန်တာကို တစ်အိမ်လုံးစားဘို့ ထမင်းကြော်ပါတယ်။ ဒယ်အိုးထဲကို ဆီနည်းနည်းထည့် ဆီကျက်ရင် ဆနွင်းပါလေကာထည့် ပြီးရင်ကြက်သွန်နီ နည်းနည်းထည့် ပါတယ်။ ကြက်သွန်နီနည်းနည်းလေးနွမ်းပြီဆိုတာနဲ့ ငံပြာရည်နည်းနည်း ဆားနည်းနည်းနဲ့ […]


ပြီးခဲ့တဲ့ လေးငါးရက်လောက်က နန်းရှေ့အောင်တော်မူမှာနေတဲ့  အမျုးိတွေအိ်မ်ကို မရောက်တာလဲကြာတော့ မြို့သစ်ကိုသွားရင်ဝင်ဖြစ်ပါတယ်။                                                               အဲဒီအိမ်ရောက်တော့ မတွေ့တာကြာတဲ့ဆွေမျိုးတွေနဲ့တွေ့တော့ ဟိုရောက်ဒီရောက် ရှေးဟောင်းနှောင်းဖြစ်တွေပြောကြပါတယ်။ ရှေးဟောင်းဟောင်းနှောင်းဖြစ်တွေဆိုတော့ ရီစရာလဲပါ မောစရာလဲပါပေါ့ ။နောက်ပြောနေရင်းကနေ အမတစ်ယောက်က “နင်တို့ဦးလေး”ကြောင်သူတော်”လဲပြီးခဲ့တဲ့မေလက အပူလှိုင်းဖြတ်တော့ ဆုံးသွားတယ် နင့်အိမ်ကိုသွားပြောတော့ အိမ်တံခါးပိတ်ထားတယ် နင်တို့ခရီးထွက်သွားတယ်လို့ ဘေးအိမ်ကပြောလိုက်တယ်” လို့ မျက်ရည်လေးစမ်းစမ်းနဲ့ ပြောရှာပါတယ်။                                                                                                  ဒါနဲ့ဘဲသူတို့နဲ့အတော်ကြာကြာစကားပြောပြီးပြန်လာခဲ့ပါတယ်။                                                                                                                                                                                                              ဦးလေး”ကြောင်သူတော ်”လို့ပြောလိုက်တော့ သူနဲ့အရွယ်တူ “ပါလေရာ” ကိုသွားသတိရပါတယ်။ ကျနော်တို့ဆွေမျိုးတွေက ဒီလိုနာမယ်ပြောင်လေးတွေကို နောက်ပြောင်ပြီးခေါ်ရင်းကနေ အတည်လိုလိုဖြစ်သွားပြန်ပါတယ်။ အမြဲတမ်းလိုလိုဆေးခန်းသွားနေရတဲ့ သူကို ယတြာချေတဲ့အနေနဲ့ပေးထားတာက” သံလုံး”၊မိန်းမနှစ်ယောက်ရှိတဲ့ဦးကြီးကတော့ တစ်ယောက်က                ( ဆရာ)လို့ သူ့ကိုခေါ်ပြီး နောက်တစ်ယောက်ကတော့ ဘိုဆန်ဆန်(မောင်)လို့ခေါ်တဲ့ အတွက် ကျနော်တို့ ပေးတဲ့နာမယ်က” ဆေးနီလုံး”(ကျနော်တို့ ငယ်ငယ်က ဆရာမောင်ဆေးနီလုံးဆိုတာ နာမယ်ကြီးမြန်မာဆေးပါ)။အမြဲတမ်းယောက်ျား သွားလေရာကို တစ်ကောက်ကောက်လိုက်တတ်တဲ့ အဒေါ်လေးကို […]


စစ်ကိုင်းတံတားလဲခေါ် ရှေးက အင်းဝတံတားလဲခေါ်တဲ့ မြန်မာပြည်မှာ ရှေးအကျဆုံးသော မြစ်ကူးတံတားပါ။                                                                                                                              အင်္ဂလိ်ပ်တွေ တည်ဆောက်ခဲ့တဲ့တံတားဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အခါမှာ အင်္ဂလိပ်တွေက မုံရွာကနေ တမူး ကိုဖြတ်ပြီး                                                                           အိန္ဒိယဘက်ကိုပြေးတော့ ဂျပန်တွေလိုက်မလာနိုင်အောင် တံတားကို ဗုံးခွဲလို့ ချိုးပစ်ခဲ့ကြပါတယ်။                                                                                                                                                         နောက်အင်္ဂလိပ်တွေ မြန်မာပြည်ကိုပြန်လည်သိမ်းပိုက်ပြီးတဲ့အခါမှာတော့ ဒီတံတားကိုပြန်လည်တည်ဆောက်လို့ပေးပါတယ်။                                                                                            ဒီတံတားကြီး ကျိုးနေချိ်န်တုံးက မြန်မာတွေက ငှက်သမ္မာန်တွေနဲ့ ဖြစ်ကို ဖြတ်ပြီး ကူးတို့ ပို့ပေးတဲ့အလုပ်ကို လုပ်ကြပါတယ်။                                                                           ဒီတံတားကြီးပြန်တည်ဆောက်ပြီးတဲ့ အခါမှာ နန်းတော်ရှေ့ဆရာတင်က ” မြန်မာလူမျိုးတွေ အလုပ်မရှိတော့ တံတားကြီးကိုကြည့် ကာငိုမိသည်”လို့                                   […]


ကျနော်ငေးချင်ရာငေးတွေးချင်ရာတွေးနေတုန်းမှာ ဗြုန်းဆိုပြီးနောက်ကနေ ပုခုံးကို တစ်ယောက်ယောက်ကလှမ်းတို့လိုက်တော့လန့်သွားပါတယ်။ လန့်တာမှ ဆံပင်တွေကို ထောင်ထွက်သွားလောက်အောင်လန့်တာသွားတာပါဗျာ။ လန့်ဆို ဟိုရှေးရှေး ကတည်း က လူပြောများတဲ့ဇာတ်လမ်းလေးတပုဒ်လဲရှိခဲ့ဘူးပါတယ်။ ဒီကျုံးလမ်းမပေါ် မှာ မြင်းလှည်းတွေသွားခဲ့ရတဲ့ အချိန်ကပေါ့။ မြောက်ပြင်မှာနေတဲ့ မြင်းလှည်းသမားတစ်ဦး ကြုံခဲ့တဲ့ဇာတ်လမ်းလေးပေါ့ဗျာ။ တစ်ည ညကိုးနာရီပွဲရုပ်ရှင်ပြီးချိန်ဆိုတော့ ညသန်းခေါင်ကျော်ကျော်လောက်ပေါ့။ ဒီအာဠဝီတံတားနားရောက်တော့ မိန်းကလေးတစ်ယောက်က လက်ပြပြီးတားပါသတဲ့။ သူမြင်းလှည်းပေါ်တက်လာတော့ အရမ်းကိုမွှေးကြိုင်သွားပါသတဲ့။ ဘယ်ထိလိုက်မှာလဲလို့ မေးတော့ မဖြေပါဘူးတဲ့။ လမ်း20ကျော်လာတော့ မြင်းလှည်းသမားကိုလက်တို့ပြီး လက်ထဲကို ပိုက်ဆံထည့်ပေးပြီး နောက်လှည့်မကြည့်နဲ့လို့ ပြောပါသတဲ့။ 19လမ်းက စက်ရှင်တံတားနားလဲရောက်ရော မြင်းက တစ်ချက် ဟီပါသတဲ့။ 19လမ်းအလွန်မှာ မြင်းလှည်းက ငြိမ့်ကနဲတစ်ချက်ဖြစ်သွားသလိုခံစားရပြီး အမွှေးရနံ့တွေလဲပျောက်သွားလို့ နောက်ကြည့်လိုက်တော့ စောစောကလိုက်လာတဲ့မိန်းကလေး မရှိတော့ပါဘူးတဲ့။ဖြစ်ချင်တော့နောက်လှည့်လဲကြည့်လိုက်ရော လမ်းပေါ်မှာ အလွန်ကိုရှည်လျားတဲ့အရပ်အမောင်းနဲ့မိန်းမတစ်ယောက်ကိုမြင်လဲမြင်ရော မြင်းလှည်းကို ဒုန်းစိုင်းလို့မောင်းပြေးခဲ့ရပါသတဲ့။ အဲဒီမြင်းလှည်းဆရာလည်းတစ်ပါတ်လောက်ဖျားယူပါသတဲ့။ သူ့လက်ထဲမှာပါလာကတော့ ရွှေဒင်္ဂါးပြားလေးတွေပါတဲ့။ […]


” မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးက မန်းလေး အပိုင်း13)” ကြောက်စရာရုပ်ရှင်အကြောင်းပြောလို့ ငယ်ငယ်က ရုပ်ရှင်ကြည့်ခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။ ပြောရမယ်ဆိုရင် ကျနော်ရဲ့အဖေ့ဘက် က တစ်မျိုးလုံးရုပ်ရှင်ကြိုက်ပါတယ်။ အခုတော့ရုပ်ရှင် ရှေးရှေးက အဖွားတို့ကတော့ ဘိုင်စကုပ်လို့ခေါ်တတ်ပြီး ဓါတ်ရှင်လို့လဲခေါ်ပါတယ်။ မြင်ကွင်းကျယ်ဆိုရင်တော့ စီနီမာစကုပ်လို့ခေါ်ပါတယ်။ ် အဖွားနဲ့ အဒေါ်တွေက မြန်မာကား ကုလားကားကြိုက်တယ် အဖေတို့ ဦးလေးတို့က အင်္ဂလိပ်ကားကြိုက်တယ်။ ကျနော်ကတော့ ရုပ်ရှင်သာကြည့်ရမယ်ဆိုရင် ဘယ်သူခေါ်ခေါ်ဘာကားဖြစ်ဖြစ်အကုန်လိုက်လို့ကြည့်ပါတယ်။ မခေါ်ရင်လဲဇွတ်လိုက်ပါတယ် မလိုက်ရရင်ငိုပါတယ်။နားပူမခံနိုင်တော့ခေါ်ကြပါတယ်။ ဦးလေးတို့အဖေတို့က နေ့ပွဲကြည့်တတ်ပြီး အဖွားတို့အဒေါ်တို့ကတော့လူရှင်းတဲ့ညပွဲကိုကြည့်တာများပါတယ်။ အရင်တုံးက ရုပ်ရှင်တွေကတစ်နေ့ကိုလေးပွဲပြပါတယ်။ ပထမဆုံးပွဲက နေ့လည်(12)နာရီ၊ဒုတိယပွဲကညနေ(3)နာရီ၊ညနေပွဲက ညနေ(6)နာရီနဲ့နောက်ဆုံးပွဲလို့ခေါ်တဲ့ညပွဲကည(9)နာရီမှာပြပါတယ်။ တစ်ခါတစ်ရံလူကြိုက်များတဲ့ကားတို့ ထူးထူးခြားခြားကားတို့ ဆိုရင်တော့ တနင်္ဂနွေနေ့မှာမနက်( 9)နာရီမှာအထူးပွဲဆိုပြီးပြလေ့ရှိပါတယ်။ အဲဒီနေ့မျုးိဆိုရင်တော့ တစ်ရက်ထဲငါးပွဲပေ့ါဗျာ။ ဟိုအရင်တုံးက ရုပ်ရှင်ပြလို့ဇာတ်ကားတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ “အင်တာဗယ်”လို့ခေါ်တဲ့ ခဏနားချိန်ပေးလို့ ရုပ်ရှင်ပြတာကိုခဏနားပါတယ်။ ဘာလို့လဲဆိုတော့ […]