သေခြင်းတရားဆိုတာကတော့ လူတိုင်းတကယ်ကို မလွန်ဆန်နိုင်တဲ့ တရားဖြစ်ပါတယ်။ လောကကြီးကို ကျောခိုင်းသွားကြသူတွေကို ဘယ်လိုလူမျိုးကိုမဆို အတန်းအစားမခွဲဘဲလက်ခံတဲ့နေရာကတော့ “သုသာန်၊ သင်္ချိုင်းမြေလုတ်တိုင်း”ပါဘဲ။ တစ်ခါက ညဆယ်နာရီလောက်မှာ ကျနော်တို့သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ကပြန်လာကြတဲ့လမ်းမှာ ငိုနေတဲ့ကလေးတစ်ယောက်ကိုတွေ့ပါတယ်။ ဝိုင်းမေးကြည့်တော့ လူကြီးတွေနဲ့ကွဲသွားတော့ အိမ်အပြန်လမ်းပျောက်သွားလို့ပါတဲ့။ထမင်းကျန်ဟင်းကျန်လေးတွေကိုလိုက်တောင်းစားတဲ့ကလေးလေးပါ။ ဘာလို့ငိုလဲလို့မေးကြည့်တော့ သူရဲကြောက်လို့ပါတဲ့ သူအခုရပ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်ကကားတိုက်လို့ လူတစ်ယောက်သေသွားပါသတဲ့။ အဲဒါနဲ့ ပြန်ပို့ပေးဘို့ သူနေတဲ့နေရာမေးကြည့်တော့ မန်းလေးမြို့တောင်ဘက်အထွက်စစ်ကိုင်းမန်းလေးလမ်းမပေါ်က တရုပ်သချိင်းနေရာမှာဖြစ်နေပါတယ်။ ဒါနဲ့တစ်ယောက် က “သင်္ချိုင်းထဲနေတဲ့ကောင်က သူရဲကြောက်ရတယ်လို့ကွာ”လို့ပြောတဲ့အခါ အဲဒီကလေးက ပြန်ပြောလိုက်တော့ ကျနော်တို့တောင်ဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားပါတယ်။ “သချိုင်းကသေပြီးသားလူတွေဘဲရှိတာဗျဘာမှကြောက်စရာမရှိဘူး သေတဲ့လူက သူသေတဲ့နေရာမှာဘဲစိတ်စွဲပြီး သူရဲဖြစ်နေမှာ သချိုင်းကိုသူကလာမနေဘူး”ပါတဲ့။ ဒါကတော့ ကလေးလေးရဲ့အတွေးပါဗျာ။ သချိုင်းတွေကို ကျနော်မြင်ရသလောက် ကျနော်တို့ မြန်မာသချိိုင်းတွေက အများအားဖြင့် သစ်ပင်ကြီးတွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ကြောက်စရာလိုလို တရားသံဝေဂရစရာလိုလိုနဲ့ စိတ်ကို ချောက်ခြားစေပါတယ်။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သချိုင်းဆိုတာကို ကျနော်တို့အနေနဲ့ ကြောက်လန့်စရာ နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ […]