ချစ်လှစွာသော     ကျနော်ငယ်စဉ် ကလေးဘဝကတည်းက တရုပ်စံကားပင်ရဲ့ ဖွဲ့တည်ပုံရော စကားပွင့်လေးတွေရဲ့အနံ့ရော အပွင်ဖြူဝါဝါလေးတွေပါနှစ်သက်ပါတယ်။ ကျနော်ဆယ်တန်းအောင်ပြီးတော့တက်ခဲ့တဲ့ သင်တန်းကျောင်းတစ်ခုလုံးကလဲ စကားပင်တွေအပြည့် ။ မွှေးမြနေတဲ့ စကားပန်းရနံ့များက သတိရစရာ။   “စကားပွင့်လေး တစ်ပွင့် နှစ်ပွင့် အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။ မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ တိတ်တိတ်ကလေးရင်တွေခုန်……………….” ဘာညာကွိကွ ကဗျာတွေရေးခဲ့ကြတာပေါ့။ အဲဒီတုန်းက မောင်ပန်းမွှေးကဗျာခေတ်ကိုးဗျ။   စစ်ကိုင်းတောင်ရဲ့ သင်္ကေတမှာလဲ တရုပ်စံကားပင်က မပါမဖြစ်။ စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်ရောက်တဲ့တစ်ရက် စံကားပန်းတွေပွင့်နေတာမြင်တော့ စိတ်က အတိတ်တွေဆီပြန်ရောက်သွား။ အဲတော့ငယ်စဉ်ကတည်းက  ချစ်လှစွာသောစကားပွင့်လေးများကို အခုကြီးလာတော့လဲ ဒီတရုပ်စကားကိုနှစ်သက်ဆဲပါဘဲ။     ကိုပေါက်လမ်းသလားနေသည် 4-4-2014              


              “ညနေ”   အရှေ့ဖက်က ထွက်လာတဲ့နေမင်းကြီး အနောက်ဖက်ကို ရောက်ရှိသွားချိန်ကိုတော့ ညနေ လို့ခေါ်ကြပါတယ်။ မြေကမ ္ဘာကနေပြန်လည်ထွက်ခွာခါနီးမှာ လှပသောရောင်စဉ်များကို အစွမ်းကုန်အပ်နှင်း သွားခဲ့ပြန်ပါတယ်။ ဒါကြောင့်လဲ အလင်းရုပ်သိမ်းခါနီးအချိန် ညနေခင်းများကတော့ လှပစွာကုန်ဆုံးတာများပါတယ်။ အခုနောက်ပိုင်းမှာတော့ အရင်က သတိမမူမိခဲ့သောညနေခင်းလေးများကို သတိတရခံစားမိနေတတ်ပါတယ်။ အလုပ်ပိတ်ရက်တစ်ညနေခင်းမှာတော့ မိတ်ဆွေတစ်ယောက်က တောင်သမန်အင်းကနေလှမ်းဖုန်းဆက်ပါတယ်။ “ကိုပေါက် ဓါတ်ပုံရိုက်ရအောင်လာခဲ့ပါလား” အဲလို့လှမ်းခေါ်လိုက်တော့ ကျနော်အရမ်းကိုစိတ်ဆိုးသွားပါတယ်။ ဒါနဲ့ဘဲ “ခင်ဗျားတို့ဘယ်မှာလဲ အခုလာခဲ့မယ်  “ဆိုပြီးထွက်လာခဲ့ပါတယ်။ သူတို့က တောင်သမန်အင်းအရှေ့ဖက်ခြမ်းမှာရောက်နေပါသတဲ့။ တောင်သမန်းအင်းကို လာတဲ့သူ အတော်တော်များများကတောင်သမန်အင်းရဲ့ အနောက်ဘက်ခြမ်းကိုဘဲရောက်ဘူးတာများပါတယ်။ ရတနာပုံတက္ကသိုလ်ရှိတဲ့အရှေ့ဘက်ခြမ်းကိုတော့ အရောက်အပေါက်နည်းပါတယ်။ သူတို့ဆီကိုလိုက်သွားရင်း ရတနာပုံတက္ကသိုလ်ဘက်အဝင်လမ်းအရောက်မှာ ညနေခင်းနေရောင်ကြောင့် ပုစွန်ဆီရောင်တောက်နေတဲ့ တောင်သမန်ရေပြင်ကိုလှပစွာတွေ့ရပါတော့တယ်။ အင်းအစပ်မှာတော့ လှေကလဲနဲ့ဘဲကျောင်းသားကိုမြင်ရပြန်ပါတယ်။ ဒါနဲ့ဘဲသူတို့ […]