“သားကောင်းမိခင်” ကျနော်တို့ မြန်မာအမျိုးသမီးများက “ သားကောင်းမိခင် “လို့အခေါ်ခံရရင် ဂုဏ်ယူလို့ကျေနပ်ကြပါတယ်။ သားကောင်းမိခင်လဲဖြစ်ချင်ကြပါတယ်။ သားကောင်းမိခင်ဆိုတဲ့အထဲမှာ မိမိမွေးထားတဲ့ရင်သွေးကို နို့ချိုဝလင်အောင် တိုက်ကျွေးနိုင်တယ်ဆိုတာလဲ အရေးပါတဲ့အချက်တစ်ခုပါဘဲ။ အဲလိုတိုက်ကျွေးနိုင်ဘို့ဘာလိုတယ်ဆိုတာကလဲ အများသိတော်မူတဲ့အတိုင်းပါဘဲ။ ဒီနေ့မနက်အလုပ်သွားရင်းလမ်းမှ နို့စားနွားမကြီးတစ်ကောင်တွေ့လိုက်တော့ စောစောက ပြောတဲ့ သားကောင်းမိခင်ဆိုတာကြိးကိုသွားသတိရလို်က်ပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ရပ်လို့ လက်ဆော့တာပေါ့။ သိပ်အကြာကြီးတော့ရိုက်လို့ အဆင်မပြေ။ လမ်းဘေးမှာမွေးထားတဲ့နွားဆိုတော့ ပိုင်ရှင်က တမျိုးမြင်မှာလဲစိုးရသေးတယ်လေ။ ကဲ ရသလောက်လေးတင်ပေးလိုက်ပါတယ။် ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (14-3-2012)