“လမ်းကျဉ်းကျဉ်း ယာဉ်များများ                            စည်းမဲ့သော……………….သို့သော်………………….”   တစ်ရက်မြို့သစ်က ပြန်လာတော့ ဘုရားကြီးအရှေ့မုဒ် လမ်းကနေပြန်လာပါတယ်။ အဲဒီလမ်းက ဝမ်းဝေးပါ။ အရှေ့ကနေ အနောက်ကို သွားရတဲ့လမ်းပါ။ ဒါပေမယ့် အဲဒီဘုရားကြီးအရှေ့မုဒ်ကို ဝင်စရာ လမ်းက ဒီတစ်လမ်းဘဲရှိပါတယ်။ အနောက်ကနေ အရှေ့ကိုလာမယ်ဆိုရင် ဟိုးမြောက်ဘက် (42)လမ်းကုန်းကျော်တံတားကနေသွားမှရမှာပါ။ အဲဒါက အနီးဆုံးလမ်းပါဘဲ။ လမ်းကျဉ်းတယ်ဆိုပြီးတော့ ဒီလမ်းကို အရှေ့ကနေ အနောက်တစ်လမ်းမောင်းလုပ်လိုက်ပါတယ်။ အဲတော့ ဝမ်းဝေးချင် ဝေး မဝေးချင်နေ အနီးဆုံးလမ်းကနေဘဲ ပြောင်းပြန်စီးပါတော့တယ်။ 42လမ်းလည်းထို့အတူပါဘဲ။ အရှေ့ကနေ အနောက်ကိုဘဲဆင်းလို့ရပါတယ်။ ဒါပေမယ့် ဆိုင်ကယ်ကား စက်ဘီး တော်တော်များများက ဝမ်းဝေးကို ပြောင်းပြန်စီးပါတော့တယ်။ လူတော်တော်များများ က စည်းကမ်းဖောက်တာ မဖောက်တာထက ်လွယ်တာကိုဘဲစဥ်းစားလို့ ပြောင်းပြန်စီးကြပါတယ်။ လမ်းမှားမှား မှန်မှန် အတို်က်မခံချင်တဲ့ကောင်က ဘေးဖယ် ပြောင်းပြန်စီးသူကတော့ […]