“ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(တစ်) ပြီးခဲ့တဲ့ဥပုဒ်နေ့က ထုံးစံအတိုင်း မနက်လမ်းလျောက်ထွက်လာခဲ့ပါတယ်။ ခါတိုင်း အလုပ်ပိတ်ရက်ဆိုရင် မနက်ရှစ်နာရီလောက်မှအိမ်ပြန်ရောက်တတ်ပါတယ်။ ကန်တော်ကြီးတောင်ဘက်လမ်းအဆုံးက ရှမ်းလေးကျွန်းထိသွားတာကိုးဗျ။ အခုရက်ရှမ်းလေးကျွန်းကိုသွားထားတာလဲသိပ်မကြာသေးတော့ မသွားချင်။ ဒါနဲ့ဘဲ လမ်းတစ်ဝက်မှာရှိတဲ့ပျိုးပင်တွေရောင်းတဲ့ဥယျာဉ်ထဲကိုဝင်လာခဲ့ပါတယ်။ ဟိုငေးဒီလျောက်နဲ့လာလိုက်တာ တစ်နေရာအရောက်မှာအင်မတန်မှလှပတဲ့ အဝါရောင်ပန်းပွင့်တွေက ကျနော်ကို “ လာခဲ့”လို့ခေါ်နေသလိုလို။ ဒါနဲ့ဘဲ အဲဒီအဝါရောင်ပန်းတွေကို ဓါတ်ပုံရိုက်။. ခြံထဲလှမ်းကြည့်တော့ ပန်းရောင်စက္ကူပန်းတွေက အဆုပ်အဆုပ်။ နောက်တော့အကြော်ပင် စင်္ကြာပန်းပင် စံပယ်ပင်အဖြူရောင်တွေစုံလို့ပါဘဲ။ ကျနော်ပန်လေးတွေရိုက်နေတုံးခြံပိုင်ရှင်အဒေါ်ကြီးထွက်လာပါတယ်။ ကျနော်ကို သူတို့အိမ်လေးရဲ့အရှေ့ဘက်မှာ ပန်းတွေရှိတဲ့အကြောင်း ပြောပြီး ဝင်ပြီးဓါတ်ပုံရိုက်ခိုင်းပါတယ်။ အဲဒါနဲ့ဘဲ အတွင်းထဲကိုရောက်သွားတဲ့အခါ ပန်းဝင်္ကပါထဲရောက်သွားသလိုပါဘဲ။. ကဲမပြောတော့ဘူးနော် ကြည့်ဘဲကြည့်လိုက်ပါတော့ ကိုပေါက်လမ်းသလားနေသည် (11-8-2012)