နှစ်ပေါင်း ၁၅ဝ ရှိတဲ့ မန်းလေးမြို့က ကွမ်ရင်မယ်တော်ကျောင်း ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ရှိတော့ လမ်း ၃ဝ ၈၂-၈၃လမ်းကြားမှာရှိတဲ့ ဖူ့ကျင်းကွမ်းရင် ဗုဒ္ဓဘာသာ ကွမ်ရင်မယ်တော်ကျောင်းကိုရောက်ခဲ့ပါတယ်။ ရင်းနှီးနေတဲ့ဘုရားလူကြိးတွေနဲ့စကားပြောကြည့်တော့ဒီကွမ်ရင်မယ်တော်ဆင်းတုက ဒီနှစ်ပေါင်းတစ်ရာငါးဆယ် သက်တမ်းရှိပြီဆိုတာသိရတော့ အတော်လေးရှေးကျတယ်လိုု့ဆိုနို်င်ပါတယ်။ နောက်တစ်ချက်က အတော်လေးအချုိုးအစားကျနလို့ သပ္ပါယ်လှပါတယ်။ ဟိုအရင်က တရုပ်နှစ်သစ်ကူးရက်များမှာ အလွန်စည်ကားခဲ့တဲ့ကျောင်းလဲဖြစ်ပါတယ်။ အဲလိုပွဲတော်ရက်များမှာ စာပွဲတင်တင်းနစ် နဲ့ဘတ်စကက်ဘောပြိုင်ပွဲများက အတော်လေး အဆင့်မီတဲ့ အားကစားသမားတွေကို ပေါ်ထွက်စေခဲ့တာလဲ အမှန်ပါဘဲ။ နေသူရိန်ဝင်းမီးနဲ့ ဦးကျားကြီးမီးဘေးတုံးကကျောင်းပါတ်ပါတ်လည်က အိမ်များနဲ့ ကျောင်းဝင်းထဲက အဆောင်အချို့ မီးဘေးသင့်ပေမယ့် ပင်မ ဆောင်ကတော့လွတ်ခဲ့ပါတယ်။ ဒီကျောင်းဝင်းထဲမှာ တရုပ်ဘာသာစကားသင်ကြားပေးတဲ့ သင်တန်းများလဲရှိပါတယ်။ လူမျိုးမရွေးဘာသာမရွေး တက်ရောက်နိုင်တာလဲအမှန်ပါဘဲ။ […]