ငါးတို့ပျော်ရာ ရေကန်သာ(တုံမမနောက်မှလိုက်ခြင်း)

“ငါးတို့ပျော်ရာ ရေကန်သာ(တုံမမနောက်ကလိုက်ခြင်း)”
ရန်ကုန်ရောက်တဲ့ရက်မှာဘဲ Mလုလင်နဲ့အရင်ဆုံးတွေ့ပါတယ်။
နောက်တော့ ရန်ကုန်မှာကိုပေါက်အကြွေးရှင်နဲ့တွေ့ဘို့စီစဉ်ရပါတယ်။
ကျနော့်အကြွေးရှင်က ကျနော်တို့ရဲ့ငှက္ကဌကြီး ဦးပါ ပေါ့။
သူနဲ့တွေ့ ပြီး သူဧည့်ခံတဲ့ထမင်းတွေစား ကော်ကော်တွေသောက်
တစ်ခါမှ မရောက်ဘူးတဲ့ ဆိုင်လေးမှာပေါ့။
နောက်တော့ တော်ကီတွေ အားရအောင်ပွားပြီး ပြန်ခဲ့ကြပါတယ်။


နေ့လည်ပိုင်းနေကပူတော့ ဓါတ်ပုံရိုက်ဘို့နေရာ စဉ်းစားမရဖြစ်နေပြန်ပါတယ်။
ဆောင်းပေမယ့် မန်းလေးထက်ပူတဲ့ရန်ကုန်ဖြစ်နေပါတယ်။
အဲဒါနဲ့ ဟိုတလောကမှ ကျနော်တို့ရွာသူ တုံမမ တင်ထားတဲ့ကမ္ဘာအေး ငါးကန်ကိုသတိရသွားပါတယ်။
ဒါနဲ့ဘဲ ဆူးလေကနေ ကမ္ဘာအေးကို ပြေးကြပါတယ်။
ကမ္ဘာအေးဝင်းထဲရောက်တော့ ငါးကန်နေရာကိုလိုက်ရှာကြပါတယ်။
ဟိုမေးဒီမေး ဟိုမှားဝင်ဒီမှားဝင်နဲ့ဘဲ ငါးကန်နားကိုရောက်သွားပါတယ်။
ကင်မရာတစ်လုံးနဲ့ဟိုချိန်ဒီချိန်ဆိုတော့ လန့်တဲ့အတွဲတွေလန့်ပေမယ့် ကဲတဲ့အတွဲက တော့
ခပ်ကဲကဲပါဘဲ။


ကန်စပ်နားရောက်တော့ နေရောင်က အနောက်ဖက်ကထိုးနေတော့ ဓါတ်ပုံရိုက်ဘို့ ခက်ပါတယ်။
ရသလောက်နဲ့ဘဲကျေနပ်လိုက်ရပါတယ်။
ငါးတွေကတော့ အများကြီးပါဘဲ။
သူများတွေငါးစားကျွေးတဲ့အခါ ငါးတွေတက်လာရင်ရိုက်ပါတယ်။
နောက်တော့ အရွက်ကြွေစ သစ်ပင်လေးနဲ့ဘုရားကို လှည့်ပါတ်ရိုက်ပြီး ကမ္ဘာအေးလှိုဏ်ဂူတော်ဖက်ထွက်လာကြပါတယ်။
အဲဒီအချိန်မှာဖုန်းဝင်လာပါတယ်။



“လေးပေါက် ဘယ်ကိုရောက်နေပြီလဲ- ရန်ကုန်ရောက်နေတယ်ဆို အခုအားရင်တွေ့ကြရအောင်”
ဆိုတာနဲ့လုလင်ကို ဖုန်းပေးပြီး သူတို့နဲ့တွေ့ဘို့ချိန်းကြပါတယ်။
သူတို့ကတော့
ရွာမှာ အခု ပထမနေရာမှာရောက်နေသူရယ်၊
မိန်းကလေးပေမယ့် အရက်ရာဇဝင်ကို ကောင်းကောင်းသိလို့ ပို့စ်တင်ထားတဲ့သူရယ်
သိပ်မဝေးတော့တဲ့ အချိန် မှာ……………….ပြီး တလောလေးကမှ ရှမ်းအလှူကိုရေးထားတဲ့
ကျနော်ဝတ္တုထဲမှာ ဇာတ်လိုက်ဖြစ်ဘူးတဲ့ ကောင်မလေး သုံးယောက်ပေါ့။
လက်ဆော့တာတွေရပ်ပြီး သူတို့နဲ့ချိန်းတဲ့ဆီကိုပြေးရပါတယ်။
ရန်ကုန်ဆောင်းနောကတော့ အတော်လေးကိုပူပါတယ်။.
ဆောင်းနဲ့မတူတဲ့ရန်ကုန်ဆောင်းလို့သာ ဆိုလို်က်ချင်ပါတော့တယ်။
ကိုပေါက်လမ်းသလားနေသည်
(11-1-13) မဟာရန်ကုန် 3
18 comments
etone
January 23, 2013 at 10:09 am
အားပါးပါး … လှလိုက်တာ လေးပေါက်ရေ … ။ ဓါတ်ပုံကြည့်ရင်းငါးကန်နား ရောက်သွားသလို ဖီလင်မျိုးလေ …။
လန်းဆန်းမှုတွေ ပေးစွမ်းနိုင်တဲ့ ဓါတ်ပုံလေးတွေကို ကြည့်လို့ ကျေနပ်မိပါတယ် …. ။ ဒီလိုပို့စ်လေးတွေ များများတင်ပါလို့ … ။ ဒါနဲ့ ပဟေဌိကြီးက … ကွက်ကွက်ကွင်းကွင်းကြီး … ခိခိ …. ဟီး ..
ပို့စ်အများဆုံးရေးတဲ့ဆု ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ် … ရတဲ့ ဆုကို ဒါဇင်ပလက်စ်အလှူထဲ ထည့်ပြီးပြန်လှူတဲ့အတွက် ဒါဇင်ပလက်စ်ကိုယ်စားလည်း ကျေးဇူးတင်ပါတယ်နော် ။
ကိုပေါက်(မန္တလေး)
January 23, 2013 at 3:35 pm
တေးကလုံ တစ်ခါတင်ကတည်းကသွားချင်တာနဲ့အတော်ဖြစ်သွားတာ။
အဲဒါနဲ့လုလင်နဲ့ ပြေးကြတာအေ့။
ဒီတစ်ခေါက်လဲ ရန်ကုန်ပိုစ်က လေးငါးခြောက်ခုတော့ တင်ဖြစ်မယ်ထင်တယ်
Mon Kit
January 23, 2013 at 10:44 am
လေးပေါက်ရေ…
စိုစိုစိမ်းစိမ်း အေးအေးချမ်းချမ်းလေး ခံစားသွားရတယ်.. ဒါ့ပုံကြည့်ပြီး ခံစားလို့ရတာနော်…
ရန်ကုန်ဆောင်းကတော့ ခဏ ယာယီ တရုတ်နိုင်ငံ အအေးလှိုင်းဖြတ်တုန်းခန ဘဲ ခံစားလိုက်ရတယ်….
ကိုပေါက်(မန္တလေး)
January 23, 2013 at 3:36 pm
မွန်ကစ်ရေ နောက်ပိုင်းတော့ ရူ့ခင်းပုံဘဲ အရိုက်များပါတယ်။
မြင်ရကြည့်ရတာ စိတ်ချမ်သာလို့ပါ။.
နောက်ပြဿနာလဲ ကင်းတယ်လေ။
Ma Ei
January 23, 2013 at 11:07 am
20/1/13. နေ့ မနက်ပိုင်း မန်းဂဇက်ပွဲတက်
ညနေမှာ မိသားစုနဲ့ အဲ့ဒီငါးကန် ရောက်ခဲ့သေးတယ်…
ဓာတ်ပုံတွေလဲ ရိုက်ထားတယ်…
မကြာခဏ ရောက်ဖြစ်တဲ့ နေရာလေးပါ…
ငါးတွေ အများကြီး အစာလုစားကြတာကြည့်ရတာ
အပျော်မဖြစ်ဘဲ ငရဲခံနေကြရသလို ထင်မိတယ်…
အစာလည်းကျွေး၊အမျှလည်းဝေ ခဲ့ပါတယ်…
ကိုပေါက်(မန္တလေး)
January 23, 2013 at 3:39 pm
ဟုတ်ပ မအိရေ
ကျနော်ရောက်သွားတာ နေ့လည်ခင်း။
ညနေဆိုအတော်သာယာမယ်ထင်ပါတယ်။
မအိရိုက်ထား တာလေးတွေလဲ တင်ပါအုံးနော်။
ငါးတွေအတွက်ကတော့ ကျွေးမယ့် သူရှိတာ တော်သေးတယ်လို့ဘဲ ဖြေတွေးတွေးပါတယ်။
moonpoem
January 23, 2013 at 11:15 am
အခု တစ်ခေါက်တော့ မတွေ ့ဖြစ်လောက်ပေမယ့် နောက်တစ်ခေါက်လာရင်တော့ ရန်ကုန်နေ မန်းတလေးသူကလည်း လာရောက်တွေ ့ဆုံပါမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကိုပေါက်(မန္တလေး)
January 23, 2013 at 4:07 pm
ရန်ကုန်တော့ လာဖြစ်မယ်မထင်။
တူမလဲကုန်ပြီအေ့။
အဲတော့ညည်းမန်းလေးပြန်လာမှတွေ့တော့မယ်။
ဆူး
January 23, 2013 at 11:38 am
ကန်ထဲက ငါးကို ဒါ့ပုံရိုက်တိုင်း အလင်းပြန်လို့ အဆင်မပြေဘူး.. လေးပေါက် ရိုက်ထားတာ ကောင်းသားပဲနော်..
ကိုပေါက်(မန္တလေး)
January 23, 2013 at 4:13 pm
အဲဒီကန်က ညနေပိုင်းဆို ပိုလှလောက်တယ် သွားချင်ရင ်ညနေ နေဝင်ခါနီးသွားအေ့
kyeemite
January 23, 2013 at 2:00 pm
အီးတုံးပို့စ်တင်ပီးကတည်းက ကလေးတွေလိုက်ပို့ရင်းသွားမယ်စဉ်းစားထားတာ..
မန်းလေးက ကိုပေါက်သာရောက်သွားတယ်
ရန်ကုန်က ကြီးမိုက်ခမျာ မရောက်ဖြစ်သေး…
ကိုပေါက်(မန္တလေး)
January 23, 2013 at 4:21 pm
ကိုမိုက်ရေ
ကျနော်လည်း ရောက်သွားတာ တည်းတဲ့အိမ်နဲ့နီးလို့ပါ
မောင်ပေ
January 23, 2013 at 7:47 pm
ရေကန်သာ
လေထန်ကာ
ဝေဖန်ညာ
စေတန်လာ
မေပြန်ခါ
နေရန်ပါ
ကိုပေါက်(မန္တလေး)
January 23, 2013 at 9:41 pm
မေပြန်ရင်
နေရန်အတွက်
လေထန်တဲ့
စေတန်မလာအောင်
ရေကန်သာမှာ လေ
ဝေဖန်ညာကို ကင်းစောင့်ခိုင်းထားပါမယ်
ဂန္ဓာရီ ဆြာအုပ်
January 24, 2013 at 3:12 pm
ဝေပြန်ညာ စောင့်
လေကန်ကာ လျှောက်
စေတန်လာနှောက်
မေလှန်ကာမှောက်
မဟာရာဇာ အံစာတုံး
January 23, 2013 at 9:22 pm
ငါးတွေက
နီရောင်ဒွေလားဘဲ …
ကန်ရေကတော့ စိမ်းနေဒါဘဲ ….
အိုက်ကန် .. ငါးသွားမျှားရင်တော့ …
ရမှာ သေချာလောက်ဒယ် ..
ကိုပေါက်(မန္တလေး)
January 23, 2013 at 9:43 pm
ငါးက အမဲရောင်
အချို့က အနီရောင်
အိုက်ကန်ငါးမျှားရင် ငါးမရခင် ဘုရားရဲဖမ်းပြီး ဘုန်းကြီးကရိုက်လိမ့်မယ်
Tin Tin
January 24, 2013 at 3:27 pm
လေးပေါက်ရေ….စိမ်းရောင်စိုနေတဲ့ သစ်ပင်နဲ့ ရေကန် ပုံလေးကို ကြည့်လိုက်ရတာ မျက်စိရော လူရောအေးချမ်းသွားသလို ခံစားလိုက်ရတယ်…..
တခါမှမရောက်ဘူးသေးဘူး… ဘုရားကိုဘဲရောက်ဖြစ်ပြီး ငါးကန်ကိုမသွားဖြစ်သေးဘူး…. ဒီတခေါက်တော့ ကလေးတွေနဲ့ သွားလိုက်အုန်းမယ်…