၁ဝ ။ ထမင်းတစ်နပ်……………… ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၁၀) ကျနော်တို့နေ့စဉ် အလုပ်လုပ် လုပ်နိုင်ဘို့ အားရှိအောင် ထမင်းစားရတာပေါ့။ ထမင်းစားကြတဲ့အခါ လျှာ ပေါက်စနလေးကို နာမယ်ခံပြီး ကျနော်တို့ရဲ့ စိတ်အရသာပြေအောင် ဟိုဟာ ဒီဟာ ရွေးချယ်စားကြပြန်ပါတယ်။ ဝမ်းတစ်ထွာဆိုတာလေးကိုလည်းပြည့်အောင်ဖြည့်ရင်းပေါ့။ ကြာတော့လည်း ဒီဝမ်းတစ်ထွာလေးဖြည့်ဘို့ ကို က အလုပ်တစ်ခုလိုဖြစ်လာပါတယ်။ တစ်နေ့တစ်နေ့ ထမင်းတစ်နပ်စားဘို့ ရှာရဖွေရတာ ထားလိုက်အုံး ဘာနဲ့စားမလဲဆိုတာကလည်း အလုပ်ကြီးတစ်ခုပါဘဲ။ ဟိုအရင်အကြိမ်တွေကျယ်ခေါင်ကို လာတုံးက ခဏလေးဆိုတော့စားရသောက်ရတာ သိပ်ပြဿနာမရှိခဲ့။ ထမင်းတစ်နပ်အတွက် ဦးနှောက်မစားခဲ့ရပါဘူး။ ဒီတစ်ခါကြာကြာနေတော့ အိမ်မှာလဲချက်ပြုတ်မစားချင်တော့ ဆိုင်ကဘဲဝယ်စားမယ်ဆိုပြီးတွေးထားလိုက်ပါတယ်။ ပထမဆုံးရောက်တဲ့နေ့မှာအရင်ကစားနေကျ ကျောက်ဝိုင်းနားကဆိုင်ကိုသွားလိုက်တာပေါ့။ ခုံပေါ်မှာဟင်းကသုံးလေးခွက်လောက်ဘဲရှိပါတယ်။ ထမင်းစားချိန်လွန်သွားပြီဆိုတော့ဟင်းကသိပ်မကျန်တော့ပါဘူး။ ထုံးစံအတိုင်း ထမင်းစားမယ်လုပ်တော့ တစ်ပွဲဘယ်လောက်လဲအရင်မေးလိုက်ပါတယ်။ တစ်ခါပြင်စားမှာဆိုတော့ ဟင်းထည့်ြုပီးမှဈေးပြောမယ်ဆိုပါတယ်။ သူပြင်ပေးတဲ့ထမင်းထဲကို […]